အိန္ဒိယတွင် ကိုဗစ် ယာယီလူနာဆောင် မီးလောင်မှုကြောင့် လူ (၁၀) ဦး သေဆုံး

Spread the love
  •  
  •  
  •  
  •  
  •  
  •  

အိန္ဒိယတွင် ကိုဗစ် ယာယီလူနာဆောင် မီးလောင်မှုကြောင့် လူ (၁၀) ဦး သေဆုံး

 

ဗီဂျာယာဝါဒါ၊ သြဂုတ် ၉

အိန္ဒိယ အရှေ့တောင်ပိုင်း ဗီဂျာယာဝါဒါမြို့ ကိုဗစ် ယာယီလူနာဆောင် မီးလောင်မှုကြောင့် လူနာ (၁၀) ဦး သေဆုံးခဲ့သည်။

ကိုဗစ်လူနာများ ယာယီထားရှိရန် အသုံးပြုလျက် ရှိသည့် ဆွာနာနန်းတော် ဟိုတယ်တွင် တနင်္ဂနွေနေ့ မနက်ပိုင်းက မီးစတင် လောင်ကျွမ်းခဲ့ခြင်း ဖြစ်သည်။

နာရီဝက်အတွင်း မီးအား ငြှိမ်းသတ်နိုင်ခဲ့ပြီး လူနာများအား အခြား ဆေးရုံတစ်ခုသို့ ပြောင်းရွှေ့ထားကြောင်း တာဝန်ရှိပုဂ္ဂိုလ်က ပြောကြားသည်။

တနင်္ဂနွေ မနက် ၅ နာရီကျော်က စတင် လောင်ကျွမ်းခဲ့သော မီးကြောင့် လူ ၂၀ ကျော် ဒဏ်ရာ ရရှိခဲ့ကြောင်း သိရှိရသည်။

ယခု ရက်ပိုင်းအတွင်း ဒုတိယမြောက် ကိုဗစ်လူနာဆောင် မီးထပ်မံ လောင်ကျွမ်းခဲ့သည့် အတွက် စိတ်မကောင်း ဖြစ်ရကြောင်း သေဆုံး ဒဏ်ရာရခဲ့သူများ အတွက် ထပ်တူ ဝမ်းနည်းမိကြောင်း ဝန်ကြီးချုပ် နရန်ဒရာ မိုဒီက ၄င်း၏ တွစ်တာ လူမှုကွန်ရက်တွင် ရေးသားထားခဲ့သည်။

သေဆုံးသူ လူနာများ၏ မိသားစုများအား လျော်ကြေး ပေါင်စတာလင် ၅၁၀၀၀ ပေးမည် ဖြစ်ကြောင်း အန်ဒရာ ပရာဒက်ရှ်ပြည်နယ် ဝန်ကြီးချုပ် ဝိုင်အက်စ် ဂျာဂန် မိုဟန် ရက်ဒီက ထုတ်ဖော် ပြောကြားသည်။

သြဂုတ် ၆ ရက် တွင်လည်း အာမက်ဒါဘာ့ဒ် မြို့ရှိ ကိုဗစ် ကုသဆေးရုံ အထူးကြပ်မတ် ကုသဆောင်တစ်ခု၏ အပြင်ဘက်တွင် မီးလောင်မှု ဖြစ်ပွားခဲ့ပြီး လူနာ (၈) ဦး သေဆုံးခဲ့သည်။

လျှပ်စစ် ဝိုင်ယာကြိုးမှ ဆေးရုံဝန်ထမ်း တစ်ဦး၏ PPE အကာအကွယ် ဝတ်စုံကို မီးစွဲခဲ့ရာမှ မီးလောင်မှု စတင် ဖြစ်ပွားခဲ့ကြောင်း မီးသတ် တာဝန်ရှိပုဂ္ဂိုလ် တစ်ဦးက ပြောကြားသည်။

အိန္ဒိယနိုင်ငံတွင် ကိုရိုနာဗိုင်းရပ်စ်ရောဂါ ကူးစက်ခံရသူ ၂ ဒဿမ ၁ သန်းကျော် ရှိပြီး ကမ္ဘာပေါ်တွင် ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှု တတိယအများဆုံး နိုင်ငံဖြစ်ကာ သေဆုံးသူပေါင်း ၄၃၀၀၀ ရှိသွားပြီ ဖြစ်သည်။

Photo – Reuters

#Peacock


Spread the love
  •  
  •  
  •  
  •  
  •  
  •