“အိန္ဒိယနိုင်ငံက သြဂုတ်လမှာ လူပေါင်းသန်း၃၀၀ကိုရိုနာဗိုင်းရပ်(စ်)ရောဂါကာကွယ်ဆေးထိုးပြီးနိုင်ဖို့မျှော်လင့်ထား”

Spread the love
  •  
  •  
  •  
  •  
  •  
  •  

“အိန္ဒိယနိုင်ငံက သြဂုတ်လမှာ လူပေါင်းသန်း၃၀၀ကိုရိုနာဗိုင်းရပ်(စ်)ရောဂါကာကွယ်ဆေးထိုးပြီးနိုင်ဖို့မျှော်လင့်ထား”

January 27,2021

အိန္ဒိယနိုင်ငံဟာ သြဂုတ်လမှာကိုဗစ်-၁၉

ဗိုင်းရပ်(စ်)ရောဂါကာကွယ်ဆေး လူပေါင်းသန်း၃၀၀ကိုထိုးပေးဖို့မျှော်လင့်ထားပေမဲ့ စိန်ခေါ်မှုတွေက ထောက်ပံပို့ဆောင်ရေးလုပ်ပေးနိုင်တဲ့အတိုင်းအတာထက်ကျော်လွန်နေပါတယ်။

ပွင့်လင်းမြင်သာမှုရှိဖို့ကိုလည်း လူအများအပြားက စိုးရိမ်သောကရောက်နေကြပါတယ်။

ကာကွယ်ဆေးအမျိုးအစားတခုဟာ ပြည့်စုံ တဲ့အချက်အလက်တွေမရှိသေးပေမဲ့ အလျှင်စလိုထုတ်ဝေဖြန့်ချီဖို့ အရေးပေါ်အခြေအနေအရခွင့်ပြုချက်ပေးထားတယ်လို့ ဝေဖန်သူတွေက ပြောဆိုဝေဖန်နေကြပါတယ်။

ဒါကြောင့်မို့ အိန္ဒိယပြည်သူတွေဟာ မျှော်လင့်ချက်တွေရော စိုးရိမ်သောကတွေပါကာကွယ်ဆေးနဲ့ပတ်သက်ပြီး ရောထွေးခံစားနေကြရတယ်လို့ France-24ကသတင်းထောက် ဒိုင်ယာ ဂုပ္ပတား နဲ့သောမတ်စ်ဒင်းနစ်(စ်) တို့က နယူးဒေလီကသတင်းပေးပို့ထားပါတယ်။

အိန္ဒိယမှာဒီအဖြစ်အပျက်တွေဖြစ်ပေါ်နေစဉ်မကြာသေးခင်က ထုတ်ဝေဖြန့်ချီလိုက်တဲ့စာအုပ်တအုပ်မှာ တရုတ်ပြည်မှာ ဝီဂါ မူဆလင်တွေဖိနှိပ်ညှင်းပန်းခံနေရတာတွေကိုဖော်ပြထားပါတယ်။

“Survivor of the Chinese Gulag”(တရုပ်အကျဉ်းစခန်းမှရှင်သန်ကျန်ရစ်သူ)ဆိုတဲ့ စာအုပ်ဟာ ဝီဂါအမျိုးသမီးတဦးဖြစ်သူ ဂူလ်ဘာဟာ ဟေတီဝါဂျီ ရဲ့သက်သေခံ ထွက်ဆိုချက်တွေဖြစ်ပါတယ်။{Gulag ဆိုသည်မှာ ရုရှပြည်တွင် နိုင်ငံရေးအကျဉ်းသားများကို ဖမ်းဆီးချုပ်နှောင်ထားသောစခန်းကို ခေါ်ဆိုခြင်းဖြစ်ပါသည်။(ဘာသာပြန်သူ)}

သူမကိုပြင်သစ်ပြည်ကနေ တရုတ်ပြည်ကိုပြန်လာဖို့ဖြားယောင်းသွေးဆောင်ခေါ်ယူခြင်းခံခဲ့ရပြီး၊ဖမ်းဆီးချုပ်နှောင်ထားကာမေးခွန်းတွေ မေးမြန်းခြင်း၊ညှင်းပန်းနှိပ်စက်ခြင်းတွေခံစားခဲ့ရပါတယ်။

နောက်ဆုံးတော့ညှင်းပန်းနှိပ်စက်မှုတွေ ကိုခံစားခဲ့ရအပြီး၃နှစ်အကြာမှာသူမပြန်လည်လွတ်မြောက်လာတဲ့အခါ သူမရဲ့ဇာတ်လမ်းကိုပြန်ပြောပြဖို့ဆုံးဖြတ်ခဲ့ပါတယ်။

ကိုဗစ်-၁၉ ကပ်ရောဂါဟာ တောင်ကိုရီးယားနိုင်ငံရဲ့ ပလတ်စတစ်ဆာဂျရီ(မျက်နှာအလှပြုပြင်ခွဲစိတ်ကုသမှု) အခြေအနေကိုလည်း ပြောင်းလဲသွားစေခဲ့ပါတယ်။ ကိုဗစ်-၁၉ဗိုင်းရပ်(စ်)ကပ်ရောဂါဖြစ်ပွါးကတည်းကမျက်နှာပေါ်မှာဝတ်ဆင်ထားရတဲ့ နှာခေါင်းစည်းမျက်နှာဖုံးတွေဟာ မျက်နှာပြုပြင်ခွဲစိတ်ပြီးနောက် ထင်ကျန်နေသေးတဲ့အမာရွတ်တွေကို ဖုံးကွယ်ပေးထားနိုင်တဲ့အတွက် ပလတ်စတစ်ဆာဂျရီလုပ်ပြီး မျက်နှာအလှပြုပြင်တာတွေ တဟုန်ထိုးတိုးမြှင့်လုပ်ဆောင်လာကြတာကိုတွေ့ရှိရပါတယ်။

Ref:(FRANCE-24)


Spread the love
  •  
  •  
  •  
  •  
  •  
  •