အိန္ဒိယနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးမိုးကျော်အောင် ဟိုက်ဒြာဘတ်မြို့ရှိ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထုတ်လုပ်မှု သွားရောက်လေ့လာ

Spread the love
  •  
  •  
  •  
  •  
  •  
  •  

အိန္ဒိယနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဟိုက်ဒြာဘတ်မြို့သို့ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထုတ်လုပ်မှု လေ့လာရေးခရီးစဉ် သွားရောက်ခဲ့ခြင်း

(၉-၁၂-၂၀၂၀ ရက်၊ နယူးဒေလီ)

၁။ အိန္ဒိယနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးမိုးကျော်အောင်သည် ၉-၁၂-၂၀၂၀ ရက်နေ့တွင် အိန္ဒိယနိုင်ငံပြည်ပရေးရာဝန်ကြီးဌာနမှ နယူးဒေလီမြို့ရှိ သံရုံးအကြီးအကဲများအတွက် စီစဉ်သော ဟိုက်ဒြာဘတ်မြို့၊ Genome Valley ရှိ Bharat Biotech နှင့် Biological E ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထုတ်လုပ်ရေး ကုမ္ပဏီ (၂) ခုသို့ နေ့ချင်းပြန် လေ့လာရေးခရီးစဉ်တွင် လိုက်ပါခဲ့ပါသည်။ ခရီးစဉ်တွင် အိန္ဒိယပြည်ပရေးရာဝန်ကြီးဌာနမှ သံတမန်ဌာနအကြီးအကဲ Mr Nagesh Singh၊ Bio-Technology ဌာနနှင့် Biotechnology Industry Research Assistance Council (BIRAC) မှ တာဝန်ရှိသူများနှင့်အတူ နယူးဒေလီမြို့အခြေစိုက် နိုင်ငံခြားသံရုံး (၆၀) ကျော်မှ သံရုံးအကြီးအကဲများလည်း လိုက်ပါခဲ့ကြပါသည်။

၂။ သံရုံးအကြီးအကဲများအား အဆိုပါ ကုမ္ပဏီ (၂) ခု၏ အမှုဆောင် အရာရှိချုပ်များက ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး သုတေသနပြုမှု၊ ထုတ်လုပ်မှု လုပ်ငန်းစဉ်များနှင့်စပ်လျဉ်း၍ ရှင်းလင်း ပြောကြားခဲ့ကြရာ သံအမတ်ကြီးများမှ သိရှိလိုသည်များကို မေးမြန်းဆွေးနွေးခဲ့ကြပြီး စက်ရုံအတွင်း လုပ်ငန်းဆောင်ရွက်နေမှုများကို လှည့်လည်ကြည့်ရှုခဲ့ကြောင်း သိရှိရပါသည်။


Spread the love
  •  
  •  
  •  
  •  
  •  
  •