အိန္ဒိယနိုင်ငံ Kerala မှာ အသက် 33 နှစ်အရွယ်လူတစ်ယောက်ဟာ Covid ရောဂါပျောက်ကင်းကာ နှစ်ကြိမ်စစ်လို့ Negative ဖြစ်ပြီးနောက် ဆေးရုံဆင်းကာ သူ့ဇာတိနယ်ကိုပြန်တယ်လို့ ဆိုပါတယ်။
သူ့မြို့ရောက်တော့ လူတွေကရဲကို အကြောင်းကြားတာနဲ့ ရဲကသူ့ကို ဆေးရုံထပ်ပို့ပြီး ဆေးရုံမှာသပ်သပ်ခွဲထားတယ်လို့ ဆိုပါတယ်။ အဲ့ဒီဆေးရုံက သီးသန့်အခန်းထဲမှာ သူဟာ ကြိုးဆွဲချသေနေတာကို တွေ့ခဲ့ရပါတယ်။
Covid လူနာတွေကို သရဲသဘက်လိုမဆက်ဆံကြဖို့နဲ့ သူတို့အနေနဲ့လည်းစိတ်ဖိအားအတော်ခံစားနေရတာကိုနားလည်စေချင်ပါတယ်။
အိန္ဒိယနိုင်ငံ တမေလ်နာဒူးမှာ Covid ကိစ္စနဲ့ Q ဝင်ရင်း အရက်သမားတစ်ယောက်ဟာလည်း ကိုယ့်ဟာကိုယ် သတ်သေသွားခဲ့ပါသေးတယ်။
Richard Myo Thant
12-June-2020