“အိန္ဒိယမှာလူပေါင်းသန်း၆၀ကျော်ကိုရိုနာဗိုင်းရပ်(စ်)ကူးစက်ခံနေရ”

Spread the love
  •  
  •  
  •  
  •  
  •  
  •  

“အိန္ဒိယမှာလူပေါင်းသန်း၆၀ကျော်ကိုရိုနာဗိုင်းရပ်(စ်)ကူးစက်ခံနေရ”

September 30,2020

အိန္ဒိယမှာ လူပေါင်း၆၃သန်းကျော် ကိုရိုနာ
ဗိုင်းရပ်(စ်)ကူးစက်တာခံနေရနိုင်တယ်လို့
ကျန်းမာရေးအာဏာပိုင်များက အင်္ဂါနေ့က
ပြောဆိုခဲ့ပါတယ်။တရားဝင်ထုတ်ပြန်ထားတဲ့အရေအတွက်ထက်ဆယ်ဆခန့်ပိုများနေပါတယ်။

ကျေးရွာ၇၀၀နဲ့ရပ်ကွက်များအနှံ့ကို
လူပေါင်း၂၉၀၀၀နဲ့အမျိုးသားစစ်တမ်း
ကောက်ယူတဲ့အခါမှာ အသက်၁၀နှစ်အထက်
လူ၁၅ယောက်မှာ ၁ယောက်ဟာ ကိုရိုနာဗိုင်းရပ်(စ်)ကို ခုခံတွန်းလှန်ထားတဲ့ကိုယ်ခံ စွမ်းအားတွေ ရှိနေတာကို
တွေ့ခဲ့ရပါတယ်လို့အိန္ဒိယဆေးသုတေသနကောင်စီရဲ့အဆိုအရ သိရပါတယ်

လေ့လာမှုစစ်တမ်းကို သြဂုတ်လလယ်ကနေ
စက်တင်ဘာလလယ်အထိဆောင်ရွက်ခဲ့ကြပါတယ်။
“ဆာရိုလော်ဂျီ”စမ်းသပ်မှုလို့ခေါ်တဲ့ကိုယ်ခံစွမ်းအားစမ်းသပ်မှုဟာ ရောဂါတိုက်ဖျက်ရာမှာ
ကိုယ်ခံအားလို့ခေါ်တဲ့ ပရိုတင်းတွေကို စမ်းသပ် စစ်ဆေးကြည့်တာဖြစ်ပါတယ်။အဲ့ဒီလိုစစ်ဆေးကြည့်ခြင်းဖြင့် တစုံတယောက်ဟာဗိုင်းရပ်(စ်)တွေနဲ့ ထိတွေ့မှု
ရှိခဲ့သလားဆိုတာကိုသိရှိနိုင်ပါတယ်။

၂၀၁၁ခုနှစ်မှာနောက်ဆုံးကောက်ယူခဲ့တဲ့အစိုးရ
သန်းခေါင်စာရင်းအရ အိန္ဒိယပြည်သူ
၁.၃ဘီလျှံအနက် သန်းပေါင်း ၉၆၆သန်းကျော်ဟာ အသက်၁၀နှစ်(သို့မဟုတ်)၁၀နှစ်ရဲ့အထက်အသက်အရွယ်ရှိသူတွေဖြစ်ကြပါတယ်။
ဒီအသက်အရွယ်အုပ်စုထဲက၁၅ယောက်
မှာ၁ယောက်ကရောဂါကူးစက်နေတယ်ဆိုရင်
စုစုပေါင်းလူဦးရေ ၆၃.၇၈သန်းဟာ ကိုရိုနာ
ဗိုင်းရပ်(စ်) ကူးစက်ခံနေရပြီဖြစ်ပါတယ်။

 


Spread the love
  •  
  •  
  •  
  •  
  •  
  •