အိန္ဒိယ၊အင်ဒိုနီးရှားနဲ့ ဖိလစ်ပိုင် ကနေထိုင်ခွင့်ရှိသူများ ကို မ​​ေလးရှားကပြည်ဝင်ခွင့်မ​ပြုတော့

Spread the love
  •  
  •  
  •  
  •  
  •  
  •  

🇲🇾 မလေးရှားကတော့ရှင်းတယ်။

အိန္ဒိယ၊ အင်ဒိုနီးရှားနဲ့ ဖိလစ်ပင်း သုံးနိုင်ငံက ကြာရှည်နေထိုင်ခွင့်ရှိသူများ #ပြည်ဝင်ခွင့်မပြုပါတဲ့။

အဲ့ဒီနိုင်ငံတွေမှာ Covid-19 ဖြစ်နှုန်းသိပ်များနေလို့ပါတဲ့။ ဒီနေ့ပဲ သတင်းစာရှင်းလင်းပွဲမှာ ကြေညာတာ။

အဲ့ဒီထဲမှာ PR တွေ၊ MM2H စတဲ့ Long-term pass မှန်သမျှအကုန်ပါသွားတယ်။ အဲ့ဒီထဲမှာ မလေးနိုင်ငံသားနဲ့ညားထားလည်း အိန္ဒိယ၊ အင်ဒိုနီးရှားနဲ့ ဖိလစ်ပင်း နိုင်ငံသားဖြစ်နေရင် ဝင်ခွင့်မပြုဘူးပဲ။

MM2H ဆိုတာ Malaysia My Second Home pass ကိုပြောတာ။

ကျန်းမာရေးဝန်ကြီးရဲ့ အကြံပေးချက်လို့ Senior Minister Ismail Sabri Yaakob က ပြောသွားတယ်။

သူများနိုင်ငံတွေက ပြတ်သားတဲ့မူဝါဒကို ဘယ်လိုချရဲသလဲဆိုတာ ပြလိုက်တာပါ။

နယ်စပ်ခိုးဝင်ကို တင်းတင်းကျပ်ကျပ်ကိုင်တွယ်ကြပြီ။

ကိုယ့်နိုင်ငံအကျိုးစီးပွားနှင့်ယှဉ်လာသောအခါ……

မြန်မာပြည်မှာ Covid လူနာ ၁၀၀၀ ပြည့်လုလုဖြစ်နေပြီ။

သိပ်များလာရင် Myanmar နိုင်ငံသား မဝင်ရဖြစ်လာတော့မယ်။ #မဖြစ်အောင်တားကြပေတော့။

ဒီနေ့ပဲ business and official travel အတွက် Green lane ကိစ္စမှာ အာစီယံနိုင်ငံအချို့သဘောတူကုန်ကြပြီ။

Richard Myo Thant
1-September-2020


Spread the love
  •  
  •  
  •  
  •  
  •  
  •