အိန္ဒိယ – မြန်မာနယ်စပ်ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် တစ်နှစ်ကိုအမေရိကန်ဒေါ်လာ (၅) သန်းထောက်ပံ့မယ်

Spread the love
  •  
  •  
  •  
  •  
  •  
  •  

 

အိန္ဒိယ – မြန်မာနယ်စပ်ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် တစ်နှစ်ကိုအမေရိကန်ဒေါ်လာ (၅) သန်းထောက်ပံ့မယ်

အိန္ဒိယ-မြန်မာနယ်စပ်ဒေသဖွံ့ဖြိုးတိုးတက်ရေး တတိယနှစ်စီမံကိန်းတွေအတွက် အိန္ဒိယက မြန်မာနိုင်ငံကို ဒေါ်လာငါးသန်းထောက်ပံ့လိုက်တယ်လို့ မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသံရုံးက ကြေညာချက်ထုတ်ပြန်လိုက်ပါတယ်။

မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယနိုင်ငံသံအမတ်ကြီး မစ္စတာဆော်ရက်(ဘ်)ကူမားဟာ နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးရဲအောင်နဲ့ ဩဂုတ်(၂၈)ရက်က တွေ့စဉ်ရာမှာ ဒေါ်လာ(၅)သန်းတန် ချက်လက်မှတ်ကို ပေးအပ်ခဲ့တာဖြစ်တယ်လို့ ဖော်ပြထားပါတယ်။


အိန္ဒိယ – မြန်မာနယ်စပ်ဒေသဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ နားလည်မှုစာချွန်လွှာ(MoU)အရ အိန္ဒိယနိုင်ငံဟာ ချင်းပြည်နယ်နဲ့ နာဂကိုယ်ပိုင်အုပ် ချုပ်ခွင့်ရဒေသတွေမှာ အခြေခံအဆောက်အဦးတွေနဲ့ သက်မွေးဝမ်းကြောင်းမှုဖွံ့ဖြိုးတိုးတက်ရေးအတွက် တစ်နှစ်ကိုအမေရိကန်ဒေါ်လာ (၅) သန်းထောက်ပံ့မှာဖြစ်ပါတယ်။

တတိယနှစ်စီမံကိန်းတွေကတော့ လမ်း/တံတားတွေ၊ ၊ကျန်းမာရေးဌာနတွေ၊ ကျောင်းတွေစတဲ့ တည်ဆောက်ရေးစီမံကိန်းပေါင်း (၁၄၁)ခုကိုအကောင်အထည်ဖော်ဆောင်ရွက်နေတာဖြစ်ပါတယ်။

အိန္ဒိယအစိုးရအနေနဲ့လည်း နယ်စပ်ဒေသတွေမှာ အကူအညီတွေထပ်မံပေးအပ်သွားဖို့ မြန်မာနိုင်ငံအစိုးရနဲ့ ဆက်လက်လုပ်ကိုင်ဆောင်ရွက်သွားမှာဖြစ်တယ်လို့ ထုတ်ပြန်ထားပါတယ်။

ဓာတ်ပုံ-India Embassy


Spread the love
  •  
  •  
  •  
  •  
  •  
  •