အိမ်ထဲမှာပဲနေပါ

Spread the love
  •  
  •  
  •  
  •  
  •  
  •  

မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးမှ
လတ်တလောရုပ်ရှင်နှင့်ဗီဒီယိုဇာတ်ကားများ၊စတင်ရိုက်ကူးခွင့်များအားခွင့်ပြုထားခြင်းမရှိပါကြောင်းမတ်လ၃၀ရက်က မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးလူမှုကွန်ယက်စာမျက်နှာ၏ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။
ယခင်ရိုက်ကူးခွင့်ပြုထားသောဇာတ်ကားများအနေဖြင့် ရိုက် ကူးရန်ကျန်ရှိနေပါကလည်း လူစုလူဝေးမဖြစ်ပေါ်စေရန်အတွက် လူအများနှင့်သက်ဆိုင်သောနေရာများတွင်ရိုက်ကူးခြင်းများအားရှောင်ကျဉ်ကြပါရန်မေတ္တာရပ်ခံပန်ကြားကြောင်း အဆိုပါ မြန်မာနိုင်ငံရုပ်ရှင် အစည်းအရုံးလူမှုကွန်ယက်စာမျက် နှာ၏ထုတ်ပြန်ချက်တွင် ဖော်ပြပါရှိသည်။
လက်ရှိတွင်မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးအနေဖြင့်’သင့်မိသားစုကိုကာကွယ်ဖို့…အိမ်ထဲမှာပဲနေပါ’ ‘Stay Home’အစီအစဉ်ကို Mingalar Cinemas၏အကူအညီ ဖြင့်အားကစားနှင့်ကျန်းမာရေးဝန်ကြီးဌာနနှင့်မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးတို့ပူးပေါင်းကာ ပညာပေးအစီအစဉ်များကိုရိုက်ကူးတင်ဆက်နေသည်။အဆိုပါအစီအစဉ်များ အတွက်Media partnerအဖြစ်
Storyboard studio & Yangon post တို့မှပူးပေါင်းကူညီသည်။
” ဆေးပညာနဲ့ပတ်သက်လို့ကျွန်တော်တို့ကိုယ်တိုင်လည်းမကျွမ်းကျင်ပေမဲ့ကျန်းမာရေးဌာနကနေညွှန်ကြားထားတဲ့ဆောင်ရန် ၊ရှောင်ရန်တွေကိုအနုပညာလောကသားတွေထဲကရုပ်ရှင်မင်းသား၊မင်းသမီးတွေကိုခေါ်ပြီးမြန်မာ့အသံမှာလွှင့်ဖို့ အတွက်ရိုက်ကူးကြတယ်။ပြည် သူ တွေကိုအသိပညာပေးဖို့ရိုက်ကူးတင်ဆက်ပြသကြတာပေါ့။ပြည်သူတွေဗဟုသုတရဖို့ပါ။နာက်တစ်ခုကပြည်သူတွေကိုစိတ်ဓာတ်ကျမှာစိုးရိမ်တယ်။သင်္ကြန်မှာမဏ္ဍပ်လည်းမရှိ၊ဘာမှလည်းမလုပ်ရ၊အိမ်အပြင်လည်းမထွက်ကြရတော့အိမ်မှာနေပြီးရုပ်ရှင်ကြည့်လို့ရအောင်သင်္ကြန် ကားတွေပြမယ်။အဲဒီကားတွေထဲမှာပါတဲ့သရုပ်ဆောင်တွေကဒီဇာတ်ကားနဲ့ပတ်သက်တာတွေကိုပြောပြမယ်။Covid 19 နဲ့ပတ်သက်ပြီးပိုင်ဖြိုးသု၊ ဖြူဖြူကျော်သိန်း၊ဂျူးတို့ လိုဆရာဝန်တွေကနေပြီးသူတို့သိသမျှတွေကို ပြည်သူတွေကိုစကားဝိုင်းပုံစံမျိုးပြောပြကြမယ်။တကယ် တန်းဒီရောဂါအကြောင်းကျွန်တော် တို့ကိုယ်တိုင်မသိဘူး။အဲဒါကြောင့်တတ်၊သိ၊နားလည်တဲ့သူတွေကပြောကြမှာ။အခုကတော့ကိုနေတိုးရဲ့ စတူဒီယိုမှာပြည်သူချစ်အနုပညာရှင်တွေကပညာပေးဆိုင်းဘုတ်တွေကိုင်ပြီး အသိပညာပေး၊ဇာတ်လမ်းတိုနဲ့ဓာတ်ပုံပိုစတာတွေရိုက်နေကြပါတယ်” လို့ မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးဒုဥက္ကဌဦးအေးကြူလေးကပြော ပါတယ်။

 


Spread the love
  •  
  •  
  •  
  •  
  •  
  •  

Tags: