အိမ်မှာလူကြီးမရှိရင်ကလေးကိုတစ်ယောက်တည်းမထားခဲ့ကြပါနဲ့

Spread the love
  •  
  •  
  •  
  •  
  •  
  •  

အိမ်မှာလူကြီးမရှိရင်ကလေးကိုတစ်ယောက်တည်းမထားခဲ့ကြပါနဲ့။

▪️စင်ကာပူနိုင်ငံ Ang Mo Kio Avenue 1 မှာ ပြီးခဲ့တဲ့ ဖေဖဝါရီလ ၁၈ ရက်နေ့ မနက်အစောကြီးမှာ အဖွားလုပ်သူက အလုပ်သွားတယ်။

▪️အသက် ၃ နှစ်အရွယ်မြေးယောက်ျားလေးကို နှိုးကြည့်တော့ မနိုးတာနဲ့ အိမ်မှာထားခဲ့တယ်။

▪️ခါတိုင်းက ကလေးရဲ့အဖိုးဖြစ်သူက အိမ်စောင့်ကျန်ခဲ့တယ်။ အခု အဖိုးလုပ်သူက ပြည်ပမှာ အလုပ်သွားလုပ်နေတယ်။

 

▪️အဖိုးမရှိရင် အဖွားက မြေးကိုနှိုးပြီး အလုပ်ကိုခေါ်သွားနေကျ။ အခုတစ်ခါပဲ ပထမဆုံးအနေနဲ့ထားခဲ့တာ။

▪️အဖွားက HDB အိမ်အောက်ထပ်က ကော်ဖီဆိုင်မှာ အလုပ်လုပ်တယ်။

▪️ဆိုင်ကို မနက် ၅:၃၀ အမီကူပြီးပြင်ဆင်ပေးမယ်။ ပြီးရင်အိမ်ကို ၇ နာရီအရောက်ပြန်လာမယ်။ မြေးဖြစ်သူကို Childcare centre ကလေးထိန်းကျောင်းကို ၈ နာရီအရောက်ပို့မယ်လို့ စီစဉ်ထားတာ။

▪️အဖွားက မြေးကိုနှိုးမရတော့ အိမ်တံခါးကို ပိတ်ခဲ့တယ်။ HDB အိမ်ရဲ့ အိမ်တံခါးကိုရော အပြင်က သံတံခါးကိုရော သော့မခတ်ခဲ့ဘူး။ စေ့ရုံစေ့ပြီး 🔐 သော့ခလောက်ချိတ်ထားခဲ့တာ။

▪️အဖွားလုပ်သူအလုပ်ထွက်သွားပြီး ၁ နာရီလောက်ကြာတော့ သူတို့အိမ်နီးချင်းက “အုံး” ကနဲ အသံအကျယ်ကြီးကြားလိုက်တယ်။

 

▪️အခန်းပြတင်းပေါက်ကခေါင်းပြူကြည့်လိုက်တော့ အောက်ထပ်က သံမံတလင်းပေါ်မှာ ကလေးတစ်ယောက်ကို မလှုပ်မရှား တွေ့လိုက်ရတယ်။

▪️👮‍♀️ ရဲကိုချက်ချင်းအကြောင်းကြားလိုက်တယ်။ ရဲရောက်လာတော့ ကလေးကို သွေးအိုင်ထဲမှာ လူးလျက်သားလေးတွေ့ရတယ်။ အနားမှာ သူ့ရဲ့ခြေညပ်ဖိနပ်လေးတွေက ပြန့်ကျဲလို့။

▪️ဆေးဝန်ထမ်းတွေရောက်လာချိန်မှာပဲ ကလေးဟာ အသက်မရှိတော့ကြောင်းတွေ့ရတယ်။

▪️အဖေက ထောင်ထဲဝင်လိုက်ထွက်လိုက်နဲ့မို့ အိမ်မှာမရှိဘူး။

▪️အမေက ကလေး ၁ နှစ်သားလောက်မှာ အဖွားကိုအပ်ပြီး တခြားမှာသွားနေတယ်။

▪️အဲ့ဒီ #ကလေးကအမှောင်ကိုကြောက်တတ်တယ်။

နဂိုကတည်းကအမှောင်ကိုကြောက်တတ်တဲ့အထဲ အမေကအနားမှာမရှိတော့ အစစအရာရာအဖွားကိုအားကိုးပုံရတယ်။

အဖွားကိုရှာမတွေ့တော့ အိပ်ခန်းပြတင်းပေါက်တံခါးကိုဖွင့်ပြီး အဲကွန်းပေါ်ကိုတွယ်တက်ပုံရတယ်။

ဘာကြောင့်အဲ့လိုပြတင်းပေါက်ကနေထွက်သလဲမသိဘူး⁉️

ဖြစ်နိုင်တာက အဖွားကိုရှာမတွေ့တော့ အိမ်ရှေ့တံခါးမကြီးကိုဖွင့်ကြည့်တဲ့အခါမှာ မရတော့ ပြတင်းပေါက်ကနေ ထွက်ခဲ့ပုံရတယ်။

ဒါမှမဟုတ်လည်း ပြတင်းပေါက်ကနေအဖွားကိုထွက်ပြီးအော်ခေါ်ဖို့ ကြိုးစားပုံရတယ်။

ကလေးကယောက်ျားလေးဖြစ်ပြီး အငြိမ်မနေပဲဆော့နေကျ။ ဆိုဖာတွေပေါ်တက်ပြီး ခုန်ချနေကျ။

အခုတော့ကလေးခမျာမှာ အသက်ဆုံးရှာပြီ။

အဖွားမှာလည်းဖြေမဆည်နိုင်ဖြစ်နေတယ်။ ဒီမြေးလေးကသူ့လက်ပေါ်ပဲကြီးခဲ့တာကိုး။

“အဲ့ဒီတော့ #ကလေးကိုခနလေးဖြစ်ဖြစ်အိမ်မှာတစ်ယောက်တည်းမထားခဲ့ကြပါနဲ့။”

https://www.facebook.com/Richard-Myo-Thant-109119807474881/

https://www.facebook.com/richard.myothant

Richard Myo Thant
19-Aug-2020


Spread the love
  •  
  •  
  •  
  •  
  •  
  •