အိမ်အကူမိန်းလေးကို အမည်မသိသူတွေက လိုက်လံစုံစမ်းနေတာကြောင့်  ကြောက်ရွံပြီးတရားရုံးမလာနိုင်ဟု တရားလိုရှေ.နေပြော

Spread the love
  •  
  •  
  •  
  •  
  •  
  •  

အိမ်အကူမိန်းကလေး နေထိုင်ရာ အိမ်မဲမြို့နယ်မှာ အမည်မသိသူတွေက လိုက်လံစုံစမ်းနေတာကြောင့်
ကြောက်ရွံပြီး တရားရုံးမလာနိုင်ဟု တရားလိုရှေ.နေပြော

ဒီကနေ့ ဩဂုတ်လ ၂၁ ရက်နေ့ အရှေ့ပိုင်းခရိုင်တရားရုံးမှာ သရုပ်ဆောင်မင်းရာဇာအမှုကို ရုံးထုတ်ခဲ့ပေမယ့် တရားလိုမလာရောက်နိုင်တဲ့အတွက် ရုံးချိန်းမစစ်ဆေးဖြစ်ဘဲ ပြန်လည်ချိန်းဆိုခဲ့ပါတယ်။

ပုဒ်မ၃၇၆နဲ့ စွဲဆိုထားတဲ့ သရုပ်ဆောင်မင်းရာဇာအမှုမှာ တရားလိုဖြစ်သူ အဓမ္မပြုကျင့်ခံခဲ့ရတဲ့မိန်းကလေးရဲ့မိခင်ဖြစ်သူကို ရုံးချိန်းမှာ ပြန်လှန်မေးခွန်း စစ်မေးရမှာဖြစ်ပါတယ်။ တရားလိုမလာရောက်နိုင်တာနဲ့ပတ်သက်ပြီး အဓမ္မပြုကျင့်ခံရတဲ့ အိမ်အကူမိန်းကလေးကို အမည်မသိအမျိုးသမီးနှစ်ဦးနဲ့အမျိုးသားတစ်ဦးက လိုက်လံစုံစမ်းတာတွေပြုလုပ်နေပြီး မိန်းခလေးကိုနယ်မှာ တစ်ယောက်ထဲထားခဲ့ဖို့ စိတ်မချနိုင်တဲ့အတွက် တရားလို မလာရောက်နိုင်တာဖြစ်တယ်လို့ သူ့ရဲ့ရှေ့နေဦးရောဘတ်စန်းအောင်ကပြောပါတယ်။

 




သရုပ်ဆောင်မင်းရာဇာအပါအဝင် ၄ ဦးဟာ မြောက်ဥက္ကလာပမြို့နယ် တရားရုံးမှာလည်း ရာဇသတ်ကြီးပုဒ်မ ၄ ခုနဲ့ အမှုရင်ဆိုင်နေရပါတယ်။ သရုပ်ဆောင်မင်းရာဇာ မိသားစုက အိမ်အကူမိန်းကလေးကို အက်ဆစ်နဲ့ ပက်တာ၊ တူနဲ့ထုတာ၊ လိင်ပိုင်းဆိုင်ရာ ကျူးလွန်ခဲ့တယ်ဆိုကာ ရွှေပေါက္ကံမြို့နယ်ရဲစခန်းမှာ အမျိုးသမီးလေးရဲ့ မိခင်ဖြစ်သူက အမှုဖွင့်ခဲ့တာပါ။

 

 


Spread the love
  •  
  •  
  •  
  •  
  •  
  •