“အဆိုတော်အီမယ်ရာ ကွင်း အယ်လ်ဘမ်အသစ်ထုတ်လုပ်”
September 30,2020
အဆိုတော်အီမယ်ရာ ကွင်းဟာ
သူမရဲ့စတုတ္ထမြောက် တကိုယ်တော် စတူဒီယို
အယ်လ်ဘမ်ကို ထုတ်ခဲ့ပါတယ်။”Ériu”လို့အမည်ပေးထားတဲ့အယ်လ်ဘမ်ဟာ အိုင်းရစ်သံစုံတေးဂီတ ဓာတ်ပြား ဖြစ်ပါတယ်။
အီမယ်ရာကွင်းက သူ့ရဲ့ “စောင့်ကြည့်သူ”ဆိုတဲ့သီချင်းရဲ့နောက်ကွယ်ကသူမပေးချင်တဲ့သတင်းစကားအဓိပ္ပါယ်ကိုFrance-24 English သတင်းဌာနက ဖလောရင့် ဗီလီမီနော့(တ်)ကို ရှင်းပြခဲ့ပါတယ်။
သူမက ကိုရိုနာဗိုင်းရပ်(စ်) ပြဿနာကြောင့် သူမရဲ့တေးဂီတထုတ်လုပ်ဖို့အစီအစဉ်တွေအခက်အခဲတွေ့ခဲ့ရတယ်ဆိုတဲ့ အကြောင်းကိုလည်း ပြောပြခဲ့ပါတယ်။
အီမယ်ရာကွင်းဟာ ၁၉၉၆ခုနှစ်မှာ “ယူရိုဗီရှင်းဆု”ကိုရရှိခဲ့တဲ့ အဆိုတော်တဦး ဖြစ်ပါတယ်။
(Ref; France-24)