” အိုဟိုင်းယိုးပြည်နယ်၊ကိုလံဘတ်စ်မြို့မှာလက်နက်ကိုင်ဆောင်မထားတဲ့ လူမည်းတဦးကိုပစ်သတ်လို့ အမေရိကန်ရဲအရာရှိတဦးအလုပ်ဖြုတ်ခံရ”

Spread the love
  •  
  •  
  •  
  •  
  •  
  •  

” အိုဟိုင်းယိုးပြည်နယ်၊ကိုလံဘတ်စ်မြို့မှာလက်နက်ကိုင်ဆောင်မထားတဲ့ လူမည်းတဦးကိုပစ်သတ်လို့ အမေရိကန်ရဲအရာရှိတဦးအလုပ်ဖြုတ်ခံရ”

December 29, 2020

လွန်ခဲ့တဲ့အပတ်က အိုဟိုင်းယိုးပြည်နယ်၊
ကိုလံဘတ်စ် မြို့မှာ လူမည်းတဦးကို သတ်ဖြတ်ခဲ့တဲ့ရဲအရာရှိတဦးကို တနင်္လာနေ့မှာ
အလုပ်ဖြုတ်ပစ်ခဲ့တယ်လို့ မြို့တော်က အရာရှိ
တွေကပြောဆိုခဲ့ပါတယ်။
အန်ဒရီမောရစ်ဟေး(လ်)ရဲ့သေဆုံးမှုဟာ
အပင်တပင်ရဲ့အမြစ်အတက် အလက်တွေကစိမ့်ဝင်ပြီး တပင်လုံးရဲ့ဆဲလ်တွေကိုဖျက်ဆီးနေတဲ့
ပိုးသတ်ဆေးလို လူမျိုးရေးခွဲခြားဖိနှိပ်မှု နဲ့
ရဲတပ်ဖွဲ့ဝင်တွေရဲ့ ရက်စက်ကြမ်းကြုတ်မှုတွေကြောင့် ဆန့်ကျင့်ဆန္ဒပြပွဲတွေနဲ့ နွေဦးရာသီကတည်းက ဖိစီးနှိပ်စက်ခံနေရတဲ့တိုင်းပြည်မှာ နာကျည်းမှု
တွေကိုမီးမွှေးပေးလိုက်ပြန်ပါတယ်။
အသက်၄၇နှစ်အရွယ် အာဖရိကန်-အမေရိကန်လူမျိုးဟေး(လ်)ဟာ အိမ်တအိမ်ရဲ့
ကားရုံထဲမှာရှိနေစဉ် အသေးအဖွဲကိစ္စလေး
အတွက် ဖုန်းဆက်အကြောင်းကြားခြင်းခံရတဲ့
ရဲအရာရှိတယောက်ဟာအခင်းဖြစ်ပွါးရာနေရာကိုရောက်ရှိလာပြီး သူ့ကို သေနတ်နဲ့အချက်ပေါင်းများစွာပစ်ခတ် သတ်ဖြတ်ခဲ့ပါတယ်။
ပစ်ခတ်မှုဖြစ်ပွါးပြီးနောက်ရဲအရာရှိ
အာဒမ် ကွိုင်း ကို အစကနဦးမှာရာထူးကခေတ္တ
ချထားခဲ့ပါတယ်။
“သတ်ဖြတ်မှုအတွက်ခိုင်လုံတဲ့ အကြောင်းရင်းကို သက်သေအထောက်အထားပေးခဲ့ပါတယ်။” လို့ ကိုလံဘတ်(စ်)ရဲတပ်ဖွဲ့ရဲ့ အကြီးအကဲ
ထောမတ်စ် ကွင်လန် ကပြောပါတယ်။
“မစ္စတာ ကိုင်းဟာ အခုဆိုရင် အန်ဒရီဟေးသေဆုံးမှုအတွက် ပြည်နယ်စုံစမ်း
စစ်ဆေးရေးမှူးတွေရဲ့မေးမြန်းတာတွေကို
ဖြေဆိုရတော့မှာဖြစ်ပါတယ်။”
ဟေး(လ်)ဟာသေနတ်နဲ့ပစ်ခတ်ခံရချိန်
မှာမည်သည့်လက်နက်မှကိုင်ဆောင်ထားခြင်း
မရှိသလို ၊၃ ပတ်မပြည့်သေးခင် ကိုလံဘတ်(စ်)မြို့
မှာပစ်ခတ်သတ်ဖြတ်ခြင်းခံရတဲ့ ဒုတိယမြောက် အာဖရိကန်-အမေရိကန်လူမည်းတဦးဖြစ်ပါတယ်။
“အနဒရီဟေး(လ်)ရဲ့သေဆုံးမှုဟာ လူမည်း
တွေကို ရာဇဝတ်သားတွေ၊အန္တရယ်ရှိသူတွေလို့ရှုမြင်နေတဲ့ ရဲတပ်ဖွဲ့ရဲ့သဘောထားကိုထင်ဟပ်ပြသနေတဲ့ ကြေကွဲဝမ်းနည်းစရာနောက်ထပ်ဥပမာတခုပဲဖြစ်ပြီး၊အမျိုးသားရဲတပ်ဖွဲ့ကိုကျယ်ကျယ်ပြန့်ပြန့်
ပြန်လည်လည်ဖွဲ့စည်းဖို့လိုအပ်နေပြီဆိုတာကို
ညွှန်ပြနေပါတယ်။”လို့ ဂျော့ဖလွိုဒ်သေဆုံးမှုအပါအဝင်ရဲတပ်ဖွဲ့ဝင်တွေရဲ့သတ်ဖြတ်ခြင်းခံရတဲ့လူမည်းတွေရဲ့
မိသားစုတွေအတွက်ကိုယ်စားပြုလိုက်ပါ
ဆောင်ရွက်ပေးနေတဲ့ရှေ့နေ ဘင်န် ခရမ့်(ပ်) က
ပြောဆိုပါတယ်။မေလအတွင်းကဂျော့ဖလွိုဒ်
ရဲ့သေဆုံးမှုဟာဆယ်စုနှစ်အတွင်း မှာ
လူမျိုးရေးခွဲခြားဖိနှိပ်မှုကို ဆန့်ကျင်ဆန္ဒပြပွဲ
တွေရဲ့အကြီးမားဆုံးလှိုင်းလုံးဖြစ်ပေါ်စေခဲ့
ပါတယ်။

Ref:(AP)


Spread the love
  •  
  •  
  •  
  •  
  •  
  •