“အိုဟိုင်းယိုး ပြည်နယ်မှာ အမဲလိုက်နေစဉ် ဖခင်ဖြစ်သူက သားကို သမင်နဲ့မှားယွင်းပစ်ခတ်မိ”

Spread the love
  •  
  •  
  •  
  •  
  •  
  •  

“အိုဟိုင်းယိုး ပြည်နယ်မှာ အမဲလိုက်နေစဉ်
ဖခင်ဖြစ်သူက သားကို သမင်နဲ့မှားယွင်းပစ်ခတ်မိ”

December 11, 2020

အသက်၂၈နှစ်အရွယ် အိုဟိုင်းယိုးနယ်သားတစ်ဦးဟာ မိတ်ဆွေများနဲ့အမဲလိုက်ခရီးစဥ်သွားရင်း ညနေဆည်းဆာချိန်မှာ သူ့ဖခင်က သူ့ကို သမင်
တကောင်လို့ ထင်မိတာကြောင့် သေနတ်နဲ့
အသေပစ်ခတ်လိုက်တာခံခဲ့ရပါတယ်။
ဒီအဖြစ်အပျက်ဟာဒီဇင်ဘာလ ၂ရက်
နေ့ ညနေ ၅နာရီ ၄၅မိနစ်အကျော်လေးမှာ
အိုဟိုင်းယိုပြည်နယ် ဒယ်လါဝဲရ် စီရင်စု ပူးလော့ခ် လမ်းက ၂၀၀ ဘလောက်အကွာ တောအုပ်ထဲမှာ ဖြစ်ပွါးခဲ့တာဖြစ်ပါတယ်လို့
ဒေသဆိုင်ရာ သတင်းဖော်ပြ​ချက်တွေမှာ
ပြောထားပါတယ်။
အသက်၂၈နှစ်အရွယ် အင်ဒရူးစမစ်ဟာ
သူရဲ့ဖခင်ဖြစ်သူ အသက်၆၃နှစ်အရွယ်
ဘရက်ဒလေ စမစ်ရဲ့မတော်တဆမှားယွင်း ပစ်ခတ်တာကို ခံခဲ့ရပြီးနောက် ရရှိတဲ့သေနတ်
ဒါဏ်ရာကြောင့် သေဆုံးသွားခဲ့ပါတယ်။လို့
ဒီလာဝဲရ် ရဲဌာန ကပြောရေးဆိုခွင့်ရှိသူရဲ့ ထုတ်ပြန်တဲ့ကြေညာချက် မှာ ဖော်ပြထားပါတယ်။
ဒီဝမ်းနည်းကြေကွဲစရာဖြစ်ရပ်ဖြစ်ပွါး
ချိန်မှာ သေနတ်နဲ့အပစ်ခံရတဲ့ သား နဲ့ ဖခင်ဖြစ်သူတို့ နှစ်ယောက်လုံးဟာ အမဲလိုက်ထွက်ရာမှာ ဝတ်ဆင်ဖို့လိုအပ်တဲ့
အကာအကွယ်အဝတ်အစားတွေ ဘယ်သူမှ
ဝတ်ဆင်ထားခြင်းမရှိကြပါဘူး။
“သူကသမင်တကောင်ကိုပစ်ခတ်နေတာလို့ထင်ခဲ့တယ်။အာ့ဒါက သူ့သားဖြစ်နေခဲ့တယ်။ နာကျင်ကြေကွဲစရာတွေထဲမှာအဆိုးဆုံးပါပဲ။”
အဲ့ဒီအိုဟိုင်းယိုး တောရိုင်းတိရာစ္ဆာန်များ
ရဲ့သဘာဝအရင်းအမြစ်နယ်နမိတ် ဌာနက
အမဲလိုက်ခြင်း၊သားကောင်ကို ထောင်ချောက်
ဆင်ဖမ်းဆီးခြင်းတို့လုပ်ဆောင်ရာမှာ လိုက်နာ
ရမဲ့စည်းမျဉ်းစည်းကမ်းတွေထုတ်ပြန်ထားပါတယ်။အမဲမလိုက်ခင်မှာ သားကောင်နဲ့ခွဲခြား
သိရှိနိုင်ဖို့ရာ လိမ္မော်ရောင်အဝတ်အစားတွေကို
ဝတ်ဆင်ထားရမှာဖြစ်ပါတယ်။

Ref:BREAKING NEWS


Spread the love
  •  
  •  
  •  
  •  
  •  
  •