အီရန်နိုင်ငံက ယူရေနီယမ်သန့်စင်မှုကို ၂၀ရာခိုင်နှုန်းအထိ အရည်အသွေးတိုးမြှင့်ထုတ်လုပ်သွားဖို့ ရည်ရွယ်ထားတယ်လို့ IAEA ကိုအကြောင်းကြား

Spread the love
  •  
  •  
  •  
  •  
  •  
  •  

“အီရန်နိုင်ငံဟာ ယူရေနီယမ်ကို ၂၀ရာခိုင်နှုန်းအထိတိုးတက်ကောင်းမွန်အောင်လုပ်မယ်လို့ပြောကြောင်းကုလသမဂ္ဂကပြော”

January 2, 2021

အီရန်နိုင်ငံက ယူရေနီယမ်သန့်စင်မှုကို ၂၀ရာခိုင်နှုန်းအထိ အရည်အသွေးတိုးမြှင့်ထုတ်လုပ်သွားဖို့
ရည်ရွယ်ထားတယ်လို့နိုင်ငံတကာအနုမြူစွမ်းအင်အေဂျင်စီကိုအကြောင်းကြားထားပြီး၊ဒီလုပ်ဆောင်ချက်
ဟာ ၂၀၁၅ခုနှစ် ဗီယင်နာသဘောတူညီမှု
ထက်ပိုမိုကျော်လွန်ပြီးလုပ်ဆောင်လာမှာ
ဖြစ်တယ်လို့ ကုလသမဂ္ဂ နယူကလီးယား
လေ့လာစောင့်ကြည့်ရေးအဖွဲ့က သောကြာနေ့
က ပြောကြားခဲ့ပါတယ်။
မကြာသေးခင်က အီရန်ပါလီမန်မှာ
ပြဌန်းလိုက်တဲ့ ဥပဒေတခုအတိုင်း လိုက်နာဆောင်ရွက်ဖို့ အီရန်နိုင်ငံဟာသူရဲ့ဖော်ဒိုးမြေအောက်စက်ရုံမှာ နယူကလီးယားသန့်စင်မှု၂၀ရာခိုင်နှုန်း အထိအရည်အသွေးတိုးမြင့်ထုတ်လုပ်ဖို့ ကြံရွယ်ထားတယ်လို့ နိုင်ငံတကာ အနုမြူစွမ်းအင်အေဂျင်စီကို အကြောင်းကြားခဲ့ကြောင်း IAEA က ပြောရေးဆိုခွင့်ရှိတဦးက AFP သတင်းဌာနကို
ပြောကြားခဲ့ပါတယ်။
ဒီဇင်ဘာလ ၃၁ရက်နေ့ ရက်စွဲတပ်ထားတဲ့စာမှာ နယူကလီးယားသန့်စင်မှုအရည်အသွေး
တိုးတက် ကောင်းမွန်အောင် ဘယ်နေ့ကစတင်ပြီးလုပ်ဆောင်မယ်ဆိုတာ
တော့ တိတိကျကျ ပြောဆိုမထားခဲ့ပါဘူးလို့
ပြောရေးဆိုခွင့်ရှိသူက ထပ်ပြောပါတယ်။
IAEAနဲ့သက်ဆိုင်တဲ့ ရုရှသံအမတ်
မီးခေးလ် ယူလီယာနော့(ဗ်)က ဒီသတင်းကို တွစ်တာမှာ အစောပိုင်းက ဖော်ပြခဲ့ပါတယ်။
အုပ်ချုပ်သူ ဘုဒ်အဖွဲ့ကို IAEAအကြီးအကဲ
ရာဖယ်လ် ဂရော့ဆီ တင်ပြတဲ့အစီရင်ခံစာကို
အထောက်အထားအဖြစ်ကိုးကားပြောဆိုခဲ့ပါတယ်။ အီရန်ဟာ နယူကလီးယားဆောင်ရွက်ချက်နဲ့ပတ်သက်ပြီး
စာချုပ်ထဲမှာချမှတ်ထားတဲ့သဘော
တူညီချက်တွေကို တဖြည်းဖြည်းစွန့်ပယ်
ချိုးဖောက်ခြင်းဖြင့် တီဟီရန်ဟာ အမေရိကန်ရဲ့စီးပွါးရေးပိတ်ဆို့မှုတွေကိုဆက််လက်ပြီးလက်တုန့်ပြန်ဆောင်ရွက််နေတာ
ကြောင့်”ဒါဟာနောက်ထပ်ထိုးနှက်ချက်တခု ဖြစ်တယ်။”လို့ ဗီယမ်နာအခြေစိုက် သံတမန်တဦးကAFPကိုပြောပြပါတယ်။
နိုဝင်ဘာလမှာထုတ်ပြန်ခဲ့တဲ့ ကုလသမဂ္ဂ
အေဂျင်စီရဲ့နောက်ဆုံးအစီရင်ခံစာအရ
တီဟီရန်ဟာ နယူကလီးယားသန့်စင်မှုဆောင်
ရွက်ရာမှာ ဗီယင်နာသဘောတူညီမှုက ခွင့်ပြုထားတဲ့၃.၆၇ ရာခိုင်နှုန်းအထိလုပ်ဆောင်ရမှာဖြစ်ပြီး ၄.၅
ရာခိုင်နှုန်းအထိမကျော်လွန်စေရလို့ သတ်မှတ်ထားတာတွေထက် အတိုင်းအတာကျော်လွန်ပြီးလုပ်ဆောင်ခဲ့ပေမဲ့
အေဂျင်စီရဲ့အလွန်တင်းကျပ်တဲ့စစ်ဆေးမှုတွေ
ကိုတော့လိုက်လျောခဲ့တုန်းပါပဲ။
ဒါပေမဲ့ အီရန် နယူးကလီးယား ရူပဗေဒပညာရှင် မိုဟန်ဖာခရီဇာဒက် လွန်ခဲ့တဲ့နိုဝင်ဘာလမှာ လုပ်ကြံသတ်ဖြတ်မှုခံခဲ့ရပြီးကတည်းက အခြေအနေတွေဟာ
ဝရုန်းသုန်းကား ကသောင်းကနင်းတွေ ဖြစ်လာပါတယ်။
အစ္စရေးအပေါ်အပြစ်တင်ပြောဆိုခဲ့တဲ့ တိုက်ခိုက်မှုအပြီးမှာ တီဟီရန်က သဘောထားတင်းမာသူတွေဟာ လက်တုန့်ပြန်
ဖို့ပြောဆိုခဲ့ကြပြီး ၊၂၀ရာခိုင်နှုန်းအထိသန့်စင်ပြီးအရည်အသွေးတိုးမြှင့်ထားတဲ့ယူရေနီယမ်ကို တနှစ်မှာ
၁၂၀ကီလိုဂရမ် အနည်းဆုံးထုတ်လုပ် သိုလှောင်ထားဖို့နဲ့ အနုမြူလက်နက်မထုတ်လုပ်နိုင်စေရန် IAEAရဲ့
စုံစမ်းစစ်ဆေးမှုတွေကို အဆုံးသတ်ပစ်ဖို့ အငြင်းပွါးဖွယ်ဥပဒေကို ပါလီမန်မှာ အတည်ပြု ပြဌန်းခဲ့ပါတယ်။
အီရန်အစိုးရဟာ “အနာဂတ်ကိုအပေးအယူမလုပ်ရန်”တီဟီရန်ကိုတောင်းဆိုခဲ့တဲ့ နယူကလီးယားထိန်းချပ်မှုသဘောတူညီချက်ကိုစာချုပ်လက်မှတ်ရေးထိုးခဲ့တဲ့အခြားအဖွဲ့ဝင်
နိုင်ငံတွေရဲ့ပြစ်တင်ပြောဆိုမှုကို ဆန့်ကျင်ကန့်ကွက် ခဲ့ပါတယ်။
တရုတ်၊ပြင်သစ်၊ဂျာမနီ၊ရုရှ၊ဗြိတိန်စတဲ့စာချုပ်မှာလက်မှတ်ရေးထိုးထားခဲ့တဲ့နိုင်ငံတွေက ဂျိုးဘိုင်ဒင် အမေရိကန်သမ္မတ
အဖြစ်ကျမ်းသစ္စာမကျိန်ဆိုသေးခင်မှာ အချိန်
ဆွဲထားကြပါတယ်။
ဒီမိုကရက်တစ် သမ္မတဟာ စာချုပ်ကို
ထိန်းသိမ်းဖို့သူကိုယ်တိုင် ဆုံးဖြတ်ရတော့မှာဖြစ်ပါတယ်။(သမ္မတ ထရမ့်လက်ထက်က အီရန် နှင့် နယူကလီးယားထိန်းသိမ်းရေးသဘောတူ
စာချုပ်မှ နှုတ်ထွက်ခဲ့သည်။)
ဇန္နဝါရီလ၂၀ရက်နေ့မှာ အစိုးရအဖြစ်တာယဝန်ယူအုပ်ချုပ်ရတော့မဲ့
ဘိုင်ဒင်ဟါ “ပြည့်စုံကျယ်ပြန့်တဲ့ ပူးပေါင်းလုပ်
ဆောင်ရေးအစီအစဉ်”လို့ခေါ်တဲ့ အီရန်ရဲ့နယူကလီးယားအစီအစဉ်တွေကို
ကန့်သတ်ဖို့ ရည်ရွယ်ဖွဲ့စည်းထားတဲ့(JCPOA)
နဲ့ ဝါရှင်တန်ဟာပြန်လည်ပူးပေါင်းဆောင်ရွက်
မယ်လို့ လက်မှတ်ရေးထိုးပြီးပါပြီ။
၂၀၁၈ ခုနှစ်မေလမှာ သမ္မတ ထရမ့်ဟာ
အီရန် နဲ့နယူကလီးယားဆိုင်ရာ သဘောတူညီမှုစာချုပ်ကနေ ဇာတ်ဟန်ပါပါ
နှုတ်ထွက်သွားခဲ့ပြီး၊တီဟီရန်ကို ထိခိုက်ပျက်စီးစေမဲ့ စီးပွါးရေးပိတ်ဆို့မှုတွေ ချမှတ် ဆောင်ရွက်ခဲ့ပါတယ်။
ဂျာမန်နိုင်ငံခြားရေးဝန်ကြီး ဟေ့ကို မား(စ်)
က အမေရိကန်မှာအစိုးရသစ်အပြောင်းအလဲ ဖြစ်ပေါ်လာခြင်းဟာ တိုးတက်မှုအတွက် “ဖြုန်းတီးမပစ်သင့်တဲ့” “နောက်ဆုံးပြူတင်းတံခါး” ပေါ်ပေါက်လာတာ
လို့ ပြောဆိုခဲ့ပါတယ်။

Ref:(AFP)

 

 


Spread the love
  •  
  •  
  •  
  •  
  •  
  •