အူရီဒူးမြန်မာနှင့် UNDP တို့မှ မြန်မာနိုင်ငံ ‌အပူပိုင်း‌ဒေသအတွက်ဒစ်ဂျစ်တယ်နည်းပညာသုံး ရာသီဥတုဒဏ်ခံနိုင်ရည်ရှိသော စိုက်ပျိုးရေးနည်းစနစ်ထောက်ပံ

Spread the love
  •  
  •  
  •  
  •  
  •  
  •  

 

အူရီဒူးမြန်မာနှင့် UNDP တို့မှ ဒစ်ဂျစ်တယ်နည်းပညာကို အသုံးပြုပြီး မြန်မာနိုင်ငံ ‌အပူပိုင်း‌ဒေသရှိ တောင်သူ လယ်သမားများအတွက် ရာသီဥတုဒဏ်ခံနိုင်ရည်ရှိသော စိုက်ပျိုးရေးနည်းစနစ်တည်ဆောက်ရန်နှင့် COVID-19 ကမ္ဘာ့ကပ်ရောဂါကို အံတုနိုင်ရန် ကူညီထောက်ပံပေး

 

ရန်ကုန်၊ မြန်မာ။

အူရီဒူးမြန်မာ နှင့် ကုလသမဂ္ဂဖွံ့ဖြိုးမှုအစီအစဉ် (UNDP) တို့သည် စိုက်ပျိုးရေး၊ မွေးမြူရေး နှင့် ဆည်မြောင်းဝန်ကြီးဌာနနှင့်ပူးပေါင်းပြီး မြန်မာနိုင်ငံအပူပိုင်းဒေသရှိ တောင်သူလယ်သမားများကို ပံ့ပိုးပေးနိုင်ရန်အတွက် ရာသီဥတုဒဏ်ခံနိုင်သော လယ်ယာ စိုက်ပျိုးရေး အလေ့အကျင့်ကောင်းများ၊ စားသောက်ကုန်ထုတ်လုပ်နည်းများနှင့် ဝင်ငွေတိုးတက်စေရန် ဈေးကွက်ချိတ်ဆက်မူများ အစရှိသည်တို့ပါဝင်ပြီး COVID-19 ကာလ၏ သက်ရောက်မှုကိုပါ တုံ့ပြန်နိုင်မည့် စီမံကိန်းတစ်ခုကို ဆောင်ရွက်လျက်ရှိပါသည်။

 

ယင်း ၁၅ လတာကြာမြင့်မည့် ရေရှည်တည်တံ့သောစီးပွားရေးလုပ်ငန်းများနှင့် စိုက်ပျိုးရေးဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်း (SEAD) သည် ကမ္ဘာ့ ကပ်ရောဂါ ဆCOVID-19 ဖြစ်ပွား နေစဉ်ကာလ အတွင်း မြန်မာနိုင်ငံအလယ်ပိုင်းဒေသ အပူပိုင်းဇုန်ရှိ ထိခိုက်နစ်နာနိုင်သည့် လယ်ယာစိုက်ပျိုးရေး လုပ်ငန်းဆောင်ရွက်လျက်ရှိသည့် လူမှုအဖွဲ့အစည်းများအတွက် အရည်အသွေးမြင့် မျိုးစေ့များနှင့် ထုတ်ကုန်ဆိုင်ရာ သရုပ်ပြသမှုများ၊ သင်တန်းများဖြင့် ပံ့ပိုးဆောင်ရွက်ပေးသွားမည် ဖြစ်ပါသည်။

ကနဦးထောက်ပံ့မှု တစ်စိတ်တစ်ပိုင်းအနေဖြင့် မန္တလေးတိုင်းဒေသကြီးရှိ မြင်းခြံ နှင့် ညောင်ဦး မြို့နယ်များ မှ လက်တွေ့ လယ်ယာသရုပ်ပြ ‌သင်တန်းကျောင်းများ ဖြစ်လာမည့် လယ်ကွင်း ၄၀ အတွက် ရာသီဥတုဒဏ်ကို ခံနိုင်ရည်ရှိသည့် အရည်အသွေးမြင့် မျိုးစေ့များကို ဖြန့်ဖြူးပေးခဲ့ပြီး တောင်သူလယ်သမားများအတွက် ပိုမိုအားကောင်းသော ဝင်ငွေရင်းမြစ်မျိုးစုံလင်၍ ဝင်ငွေတိုးတက်လာစေရန်နှင့် ရပ်တည်မှုပိုမိုခိုင်မာလာသည့် လူမှုဘဝများကို အုတ်မြစ်ချနိုင်ရန် ပံ့ပိုးပေးခြင်း ဖြစ်ပါသည်။ တောင်သူလယ်သမားများအနေဖြင့် လယ်စိုက်ရာသီတစ်လျှောက် ရာသီဥတုဒဏ်ခံနိုင်ရည်ရှိသော လယ်ယာစိုက်ပျိုးရေးနည်းပညာ အတွေ့အကြုံများ ရရှိနိုင်မည်ဖြစ်ပြီး သက်ဆိုင်ရာ အစိုးရ ဌာနဆိုင်ရာအသီးသီးနှင့် ပူးပေါင်းဆောင်ရွက်ထားသည့် ကောင်းမွန်သည့် စိုက်ပျိုးရေးနည်းစနစ်များ၊ မွေးမြူ‌ရေးနည်းစနစ်များ ၊ အချိန်နှင့်တပြေးညီ ရာသီဥတုခန့်မှန်းချက်များနှင့် လေ့ကျင့်ရေးဆိုင်ရာ အထောက်အကူပြု နည်းလမ်းများကို ဒစ်ဂျစ်တယ်နည်းပညာကို အသုံးပြုပြီး Webinars၊ Podcasts၊ Youtube နှင့် လူမူကွန်ယက်များမှတစ်ဆင့် ကြည့်ရှုနိုင်အောင် ဖြန့်ဝေပေးမည် ဖြစ်ပါသည်။

 

အူရီဒူးမြန်မာ၏ Head of Corporate Communications ဖြစ်သူ ဦးတင့်နိုင်ထွဋ်က ” ကမ္ဘာ့ ကပ်ရောဂါ COVID-19ကြောင့် လယ်ယာစိုက်ပျိုးရေးကဏ္ဍအပါအ၀င် ကဏ္ဍများစွာအပေါ်မှာ သက်ရောက်မှုတွေ ထင်ရှားသိသာစွာ ရှိနေပါတယ်။ ထိပ်တန်း‌ရှေ့ဆောင် ဆက်သွယ်ရေးဝန်ဆောင်မှု တွေကို ပေးအပ်လျက်ရှိတဲ့ အူရီဒူးအနေနဲ့ မြန်မာနိုင်ငံရဲ့ အဓိက အသက်သွေးကြောလုပ်ငန်းဖြစ်တဲ့ လယ်ယာစိုက်ပျိုးရေးကဏ္ဍမှ တောင်သူလယ်သမားတွေရဲ့ အသက်မွေး၀မ်း‌ကျောင်းဘ၀ ရပ်တည်‌ရေးကို မြှင့်တင်ပေးနိုင်ဖို့က အ‌လွန်အရေးပါတဲ့ အကြောင်းကိစ္စတစ်ခု ဖြစ်ပါတယ်။ အခုလို ခက်ခဲတဲ့ အချိန်ကာလမှာ ကျွန်တော်တို့ရဲ့ မိုဘိုင်းနည်းပညာဟာ လယ်သမားတွေအတွက် ရေရှည်တည်တံ့ခိုင်မြဲတဲ့ လယ်ယာစိုက်ပျိုးရေးအတွက် ပိုမိုကောင်းမွန်တဲ့ နည်းပညာဗဟုသုတတွေ တိုးပွားရရှိနိုင်စေဖို့အတွက် ပံ့ပိုးဖြည့်ဆည်းပေးနိုင်မယ့် နည်းလမ်းကောင်းတစ်ခု ဖြစ်တယ်လို့ ယုံကြည်ပါတယ် ” ဟု ပြောကြားလိုက်ပါသည်။

COVID-19 ၏ တောင်သူလယ်သမားများအပေါ် သက်ရောက်မှုကို နားလည်နိုင်ရန် စမ်းစစ်ချက်များအပေါ် အခြေပြုဆောင်ရွက်ပေးလျက်ရှိသည့် SEAD စီမံကိန်းအောက်တွင် လိုအပ်ချက်နှင့် အံဝင်ခွင်ကျဖြစ်အောင် ဆောင်ရွက်ထားသည့် အွန်လိုင်းမှ ရာသီဥတုဆိုင်ရာ အကြံပေး၀န်ဆောင်မှုများ၊ ရေရှည်တည်တံ့ခိုင်မြဲသည့် စိုက်ပျိုးရေးနှင့်မွေးမြူရေးဆိုင်ရာ အလေ့အကျင့်ကောင်းများကို စိုက်ပျိုးရေးဦးစီးဌာန၊ စိုက်ပျိုးရေး သုတေသန ဦးစီးဌာန ၊ မွေးမြူရေး နှင့်ကုသရေးဦးစီးဌာနတို့နှင့် ပူးပေါင်းဆောင်ရွက်၍ လေ့ကျင့်မှုများ ပေးအပ်သွားမည်ဖြစ်ပါသည်။

အဆိုပါ စီမံကိန်းသည် ‌ရေရှည်တည်တံ့ခိုင် မြဲသော လယ်ယာစိုက်ပျိုးရေးအတွက် ‌ရောင်းလိုအား နှင့် ၀ယ်လိုအား ကို မျှတစေရန် ကူညီပေးနိုင်မည် ဖြစ်ပါသည်။ လယ်ယာစိုက်ပျိုးရေး နှင့် မွေးမြူရေး နယ်ပယ်များတွင် တန်ဖိုးမြင့်တက်နိုင်စေမည့်အပြင် လယ်စိုက်တောင်သူများကို မိုဘိုင်းငွေကြေး သုံးစွဲမှုနှင့်တကွ စျေးကွက်ကိုပါ ချိတ်ဆက်နိုင်အောင် ကူညီပေးနိုင်မည် ဖြစ်ပါသည်။

အဆိုပါစီမံကိန်းကြောင့် မြင်းခြံ နှင့် ညောင်ဦးမြို့နယ်များရှိ ရွာပေါင်း ၁၃၀ မှ လယ် သမားများ ၏ ဘ၀ တိုးတက်မြင့်မားလာစေမည့် အကျိုးကျေးဇူးများ ရရှိခံစားနိုင်မည်ဖြစ်ပါသည်။ ထို့အပြင် တန်းတူညီမျှစွာ ပါဝင်နိုင်မှုအခွင့်အရေးကိုလည်း မြှင့်တင်ပေးနိုင်မည် ဖြစ်ပါသည်။

အနည်းဆုံး ၃၀ ရာခိုင်နှုန်းသော အမျိုးသမီးတောင်သူလယ်သမားများသည် စိုက်ပျိုးရေး နှင့် မွေးမြူရေးဆိုင်ရာ လူမှုအဖွဲ့အစည်းများတွင် ပါ၀င်ဆောင်ရွက်ကြမည် ဖြစ်ပါသည်။ သတင်းအချက်အလက်နှင့်ဆက်သွယ်ရေး နည်းပညာ ပေါင်းစပ်မှုဖြင့် သင်ကြားမည့် လက်တွေ့လယ်ယာ သင်တန်းကျောင်းများတွင် အဆိုပါ အမျိုးသမီးအဖွဲ့သည်လည်း ပါ၀င်ဆောင်ရွက်မည် ဖြစ်ပါသည်။

အဆိုပါ စီမံကိန်းနှင့် ပတ်သတ်ပြီး UNDP မြန်မာ ၏ Officer-in-Charge and Deputy Resident Representative ဖြစ်သည့် Dawn Del Rio မှလည်း “ကျွန်တော်တို့အနေနဲ့ အခုလိုမျိုး မိုဘိုင်းဆက်သွယ်ရေး နည်းပညာကို အသုံးပြုပြီး လက်တွေ့လယ်ယာသင်တန်းတွေနဲ့ လက်တွေ့သရုပ် ပြတာတွေကို တောင်သူလယ်သမားများစွာ သိရှိနိုင်စေရန် ဖြန့်ဝေပေးပြီး သက်ဆိုင်ရာ အစိုးရဌာနအသီးသီးနဲ့ တောင်သူလယ်သမားတွေရဲ့ စွမ်းဆောင်ရည်တွေကို မြှင့်တင်ပေးခြင်းဖြင့် လယ်ယာစိုက်ပျိုးရေးနဲ့ ဆက်စပ်လုပ်ငန်းတွေကို ခွန်အားဖြည့်တင်း ကူညီခွင့်ရရှိတဲ့အတွက် ကျေနပ်ဝမ်းသာပါတယ်။ ဒီဦးဆောင်စီမံကိန်းအနေနဲ့ COVID-19 ကပ်ကာလကို တုံ့ပြန်ရန် ကျေးလက်‌ဒေသရှိ တောင်သူလယ်သမားတွေကို အချိန်နဲ့တစ်ပြေးညီ ယုံကြည်စိတ်ချရတဲ့ သတင်းအချက်အလက်များ ပေးပို့ခြင်းဖြင့် လယ်ယာထွက်ကုန် ပစ္စည်းများ အထွက်နှုန်း တိုးတက်စေရန် ၊ ရာသီဥတုဒဏ်ခံနိုင်ရည်ရှိစေရန် ၊ စားသောက်ကုန် လုံခြုံစိတ်ချစေရေးနဲ့ ကျေးလက်‌ဒေသတိုးတက်စေရန် ပံ့ပိုးပေးသွားနိုင်မှာ ဖြစ်ပါတယ်” ဟု ပြောကြားလိုက်ပါသည်။

နောက်တစ်ဆင့်အနေနဲ့ အဓိကကျသည့် လယ်သမားများကို ရွေးချယ်၍ “Training for Trainers (TOT)”အစီအစဉ်ဖြင့် လေ့ကျင့်သင်ပြပေးသွားမည်ဖြစ်ပြီး ယင်းလယ်သမားများမှ မိမိရပ်ရွာအတွင်းရှိ အခြားလယ်သမားများကို ဗဟုသုတများ ပြန်လည်မျှ‌ဝေပေးမည် ဖြစ်ပါသည်။ ယခုအစီအစဉ်သည် ပြောင်းလဲနေသည့် ပတ်၀န်းကျင် အခြေအနေများတွင် ရေရှည်တည်တံ့ခိုင်မြဲစေမည့် လယ်ယာစိုက်ပျိုးမွေးမြူရေးစနစ်ကို ပုံဖော်ကျင့်သုံးနိုင်ရန်အတွက် လယ်ယာစိုက်ပျိုးရေးနှင့် ပတ်သတ်သည့် ဆုံးဖြတ်ချက်ချသည့် စွမ်းဆောင်ရည်ကို မြင့်တင်ပေးမည် ဖြစ်ပါသည်။

SEAD စီမံကိန်း တွင် တောင်သူလယ်သမားများ ကောင်းကျိုးခံစားနိုင်စေရန်အတွက် အစိုးရနှင့် ပူးပေါင်း၍ လူမှုကွန်ရက်များမှတဆင့်သော်လည်းကောင်း အက်ပလီကေးရှင်းပုံစံဖြင့် ဒစ်ဂျစ်တယ်ပလက်ဖောင်များမှ တစ်ဆင့်သော်လည်းကောင်း သင်ခန်းစာများကို စီစဉ်ဖြန့်ဝေပေးခြင်းနှင့် လက်တွေ့လယ်ယာသရုပ်ပြသင်တန်းကျောင်းများတွင် လေ့ကျင့်ပေးခြင်း အစီအစဉ်များကို ဆောင်ရွက်သွားမည် ဖြစ်ပါသည်။


Spread the love
  •  
  •  
  •  
  •  
  •  
  •