အောက်တိုဘာ ၁ ရက်နေ့မှာ တစ်နိုင်ငံလုံးရှိဝန်ထမ်း ၁၀သိန်း ကျော်အတွက် ၅၅၅လီလီယံထုတ်ချေးမည်

Spread the love
  •  
  •  
  •  
  •  
  •  
  •  

နိုင်ငံ့ ဝန်ထမ်းများ လစာ (၂) လစာ ထုတ်ချေးခြင်းကို အောက်တိုဘာ (၁) ရက် စတင်မည်

နေပြည်တော်၊ စက်တင်ဘာ ၂၂

COVID-19 ကြောင့် ဖြစ်ပေါ်လာနိုင်သည့် သက်ရောက်မှုများ အပေါ် ကုစားနိုင်ရေး အတွက် နိုင်ငံ့ဝန်ထမ်း(အမြဲတမ်း) များအား လစာ (၂) လစာ ကြိုတင် ထုတ်ပေး၍ ဆိုင်းငံ့ကာလ (၆) လ၊ ပြန်ဆပ်ကာလ (၁) နှစ် သတ်မှတ်ကာ အတိုးမဲ့ ထုတ်ချေးခြင်းကို အောက်တိုဘာ (၁) ရက်နေ့တွင် စတင် ဆောင်ရွက်မည် ဖြစ်သည်။

တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် အမြဲထမ်းဝန်ထမ်း စုစုပေါင်း ၁,၀၇၇,၄၉၃ ဦး အတွက် ငွေကျပ် ၅၅၄.၉၇၃ ဘီလီယံ ကို ထုတ်ချေးသွားမည် ဖြစ်ကြောင်း နိုင်ငံတော်သမ္မတရုံးမှ သိရှိရသည်။

ပြန်လည် ပေးဆပ်ရမည့် ချေးငွေ ဖြစ်သောကြောင့် ပုံမှန်ဝင်ငွေ ရရှိသောအမြဲတမ်း ဝန်ထမ်းများကိုသာ ထုတ်ချေးခြင်း ဖြစ်ကြောင်း သိရှိရသည်။

#Peacock


Spread the love
  •  
  •  
  •  
  •  
  •  
  •