အောင်ဆန်းကွင်းအနီးတွင် လူတစ်ဦးကို လာရောက် စွန့်ပစ် ထား

Spread the love
  •  
  •  
  •  
  •  
  •  
  •  

ရန်ကုန် သြဂုတ် ၂၇

ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အရှေ့ပိုင်းခရိုင်၊ မင်္ဂလာတောင်ညွန့်မြို့နယ် သိမ်ဖြူ ရထားရပ်ကွက်ရှိ အောင်ဆန်း ကွင်းအနီးတွင် ယနေ့နံနက် ၁၀ နာရီခန့်က လူတစ်ဦး လာရောက်စွန့်ပစ်ထားမှုရှိကြောင်း သတင်းအရ မြို့နယ်ရဲတပ်ဖွဲ့၊ မြို့နယ် ကျန်းမာရေး ဦးစီးဌာနတို့မှ တာဝန်ရှိသူများနှင့် ရပ်ကွက် အုပ်ချုပ်ရေးမှူးတို့က သွားရောက်စစ်ဆေးခဲ့ကြကြောင်း သိရသည်။

 

ထိုသို့စစ်ဆေးမှုနှင့် ပတ်သက်၍ သိမ်ဖြူရထားရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးအောင်မျိုးခိုင်က အနီးတဝိုက်က မျက်မြင်တစ်ချို့ပြောတာတော့ ရန်ကုန်ဘူတာကြီးဘက်က လာရောက်စွန့်ပစ်တယ်လို့ ပြောပါတယ်။ လာစွန့်ပစ် တဲ့သူကိုတော့ မသိရပါဘူး။ သတင်းကြားတာနဲ့ တာဝန်ရှိသူတွေ အကုန်လာရောက်ပြီး စစ်ဆေးခဲ့ကြတာပါ။ အမျိုးသမီးကျန်းမာရေးဆရာမ ဒေါ်အေးအေးသိန်းက ကိုယ်အပူချိန်တိုင်းပေးပါတယ်။ ပြီးတော့ ဘိုကလေးစျေး ပရဟိတကားနဲ့ စွန့်ပစ်ခံရတဲ့သူကို ရန်ကုန်ပြည်သူ့ဆေးရုံကြီး အရေးပေါ်ဌာနကို ဆေးကုသဖို့ ဆက်လက် ပို့ဆောင်ပေးခဲ့တာပါ” ဟု ပြောကြားခဲ့သည်။

အဆိုပါစွန့်ပစ်ခံထားရသူထံမှ တွေ့ရှိသည့် မှတ်ပုံတင်တွင် ရှမ်းပြည်နယ်၊ မိုင်းတုံမြို့ လိပ်စာဖြစ်သော်လည်း ဓာတ်ပုံမှာပျက်စီးနေသည့်အတွက် အမှန်ယူဆ၍မရကြောင်း သိရှိရပြီး ကျန်းမာရေးဌာနမှ ကိုယ်အပူချိန် တိုင်းတာ ရာတွင် ကိုယ်အပူချိန် ၉၉.၂ ဒီဂရီဖာရင်ဟိုက်ရှိကာ ဆေးကုသမှု ဆက်လက်ခံယူနိုင်ရေးအတွက် ရန်ကုန်ပြည်သူ့ ဆေးရုံကြီး အရေးပေါ်ဌာနသို့ ပို့ဆောင်ပေးထားကြောင်းသိရသည်။

ချစ်စုဝေ (ပြန်/ဆက်)


Spread the love
  •  
  •  
  •  
  •  
  •  
  •