” အောင်ဆန်း ” ရုပ်ရှင် ပြန်လည် ရိုက်ကူး

Spread the love
  •  
  •  
  •  
  •  
  •  
  •  

 

” အောင်ဆန်း ” ရုပ်ရှင် ပြန်လည် ရိုက်ကူး

ကိုဗစ်ကာလအတွင်း ခေတ္တရပ်နားထားသော ရုပ်ရှင်/ ဗီဒီယို ရိုက်ကူးရေးလုပ်ငန်းများကို (၂၇.၇.၂၀၂၀) ရက်နေ့တွင် သက်ဆိုင်ရာ ဝန်ကြီးဌာနများမှ ပြန်လည်ရိုက်ကူးခွင့် ပြုထားပြီးဖြစ်ပါသောကြောင့် ရပ်နားထားသော ” အောင်ဆန်း ” ရုပ်ရှင်ရိုက်ကူးရေးလုပ်ငန်းများကို ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ချမှတ်ထားသော စည်းကမ်းချက်များနှင့်အညီ စနစ်တကျ ပြန်လည်ရိုက်ကူးနေပြီ ဖြစ်ပါသည်။

ယနေ့ ၂၀၂၀ ခုနှစ် သြဂုတ်လ (၅)ရက်နေ့ ရွှေတိဂုံစေတီတော်ရင်ပြင်တွင် ဇာတ်ဝင်ခန်းအချို့ကို စတင်ရိုက်ကူးခဲ့ရာ ပရိသတ်များနှင့် လူစုလူဝေး မဖြစ်ပေါ်စေရန်အတွက် ရွှေတိဂုံစေတီတော်ပိတ်ရက်အတွင်း ရိုက်ကူးခွင့်ရနိုင်ပါရန် သက်ဆိုင်ရာအဖွဲ့အစည်းအဆင့်ဆင့် ညှိနှိုင်းခွင့်ပြုချက်ရယူပြီး ကြာမြင့်ချိန် (၂) နာရီခန့် ရိုက်ကူးပြီးစီးခဲ့ပါသည်။

 

 

#AungSanMovie
#အောင်ဆန်းရုပ်ရှင်


Spread the love
  •  
  •  
  •  
  •  
  •  
  •