အောင်မြေသာစံမြို့နယ်တွင် ကိုဗစ်-၁၉ အတည်ပြု လူနာများပြားလာ‌သည့် နေရာများအား Semi-Lockdown ထပ်မံချထား

Spread the love
  •  
  •  
  •  
  •  
  •  
  •  

 

အောင်မြေသာစံမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါပိုး‌ တွေ့ရှိအတည်ပြု လူနာများ များပြားလာ‌သည့် နေရာများအား Semi-Lockdown ထပ်မံချထား

မန္တလေး၊ အောင်မြေသာစံမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါပိုး တွေ့ရှိအတည်ပြု လူနာများ များပြားလာ‌သည့် နေရာများအား အောက်တိုဘာ ၉ ရက် ည‌နေ ၄နာရီမှစ၍ Semi-Lockdown ထပ်မံချထားပြီး အသွားအလာများ ကန့်သတ်ထားကြောင်း သိရသည်။

Semi-Lockdown ချထားခြင်းကို အောင်မြေသာစံမြို့နယ်၊ အောင်မြေသာစံ‌ရပ်ကွက် အတွင်းရှိ အကွက်(၁၁၃)နှင့် အကွက်(၁၁၆)တို့တွင် ကိုဗစ်-၁၉ ရောဂါပိုး တွေ့ရှိအတည်ပြု လူနာများ များပြားလာသည့် အကွက်(၁၁၃)ရုံးသာရပ်ရှိ နဂါးနီလမ်းကြား၊ အကွက်(၁၁၆)ရှိ ဒူးကြားလမ်းနှင့် ၂၂လမ်း၊ ၈၆လမ်းနှင့်၈၇လမ်းကြားရှိ တိုက်ခန်း(၁၄)ခန်း နေရာတို့အား ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ် နိုင်ရန်အတွက် Semi-Lockdown ချထားပြီး အသွားအလာများ ကန့်သတ်ထားခြင်း ဖြစ်ကြောင်းသိရသည်။

အောင်မြေသာစံမြို့နယ်တွင် ယခုနှစ် အောက်တိုဘာ ၁ရက်နေ့က ဥပုသ်တော်ရပ်ကွက်ရှိ အကွက်(၂၀)နှင့်အကွက်(၂၉)၊ အမရဌာနီအရှေ့ရပ်ကွက်ရှိ အကွက် (၃၆)တို့ကို Semi-Lockdown ချထားပြီး အသွား အလာများ ကန့်သတ်ထားခြင်းကို ပထမအကြိမ်အဖြစ် ပြုလုပ်ခဲ့ကြောင်း သိရသည်။
Photo- ZLO & YHO
ဇော်လင်းဦး (အောင်စံ)

 


Spread the love
  •  
  •  
  •  
  •  
  •  
  •