အောင်မြေသာစံရပ်ကွက်တွင် ကိုဗစ်-၁၉ ရောဂါပိုး‌ တွေ့ရှိအတည်ပြု လူနာများ များပြားလာ‌သည့်နေရာများအား Semi-Lockdown ထပ်မံချထား

Spread the love
  •  
  •  
  •  
  •  
  •  
  •  

အောင်မြေသာစံမြို့နယ်၊ အောင်မြေသာစံရပ်ကွက်တွင် ကိုဗစ်-၁၉ ရောဂါပိုး‌ တွေ့ရှိအတည်ပြု လူနာများ များပြားလာ‌သည့်နေရာများအား Semi-Lockdown ထပ်မံချထား

မန္တလေး၊ အောင်မြေသာစံမြို့နယ်၊ အောင်မြေသာစံရပ်ကွက်တွင် ကိုဗစ်-၁၉ ရောဂါပိုး တွေ့ရှိအတည်ပြု လူနာများ များပြားလာ‌သည့် နေရာများအား အောက်တိုဘာ၁၈ရက် ည‌နေ၅နာရီမှစ၍ Semi-Lockdown ထပ်မံချထားပြီး အသွားအလာများ ကန့်သတ်ထားကြောင်း သိရသည်။

Semi-Lockdown ချထားခြင်းကို အောင်မြေသာစံမြို့နယ်၊ အောင်မြေသာစံ‌ရပ်ကွက် အတွင်းရှိ အကွက်(၁၂၈)နှင့် အကွက်(၁၂၉)တို့တွင် ကိုဗစ်-၁၉ ရောဂါပိုး တွေ့ရှိအတည်ပြု လူနာများ နေထိုင်ကြသည့် ၁၈လမ်းနှင့်၁၉လမ်းကြား၊ ၈၆လမ်းနှင့်၈၈ လမ်းကြားရှိ ဒူးကြားလမ်းများကို ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရန်အတွက်Semi-Lockdown ချထားပြီး အသွားအလာများ ကန့်သတ်ထားခြင်း ဖြစ်ကြောင်းသိရသည်။

အောင်မြေသာစံမြို့နယ်တွင် ယခုနှစ် အောက်တိုဘာ ၁ရက်နေ့က ဥပုသ်တော်ရပ်ကွက်ရှိ အကွက်(၂၀)နှင့်အကွက်(၂၉)၊ အမရဌာနီအရှေ့ရပ်ကွက်ရှိ အကွက် (၃၆)တို့ကို Semi-Lockdown ချထားပြီး အသွား အလာများ ကန့်သတ်ထားခြင်းကို ပထမအကြိမ်အဖြစ် ပြုလုပ်ခဲ့ပြီး အောင်မြေသာစံရပ်ကွက်တွင် အကွက်(၁၁၃)နှင့်အကွက်(၁၁၆)တို့ကို အောက်တိုဘာ ၉ရက်နေ့က ဒုတိယအကြိမ်အဖြစ်ပြုလုပ်ခဲ့ပြီး ယခုပြုလုပ်ခြင်းမှာ တတိယအကြိမ်မြောက် ပြုလုပ်ခြင်းဖြစ်ကြောင်း သိရသည်။
ဇော်လင်းဦး(အောင်စံ)


Spread the love
  •  
  •  
  •  
  •  
  •  
  •