အောင်လအင်ဆန် COVID-19 ကူးစက်ခံထားရ

Spread the love
  •  
  •  
  •  
  •  
  •  
  •  

အောင်လအင်ဆန် COVID-19 ကူးစက်ခံထား

နာမည်ကျော်MMAကစားသမားအောင်လအင်ဆန်ဟာ COVID-19ရောဂါပိုး ကူးစက်ခံထားရတယ်လို့ သူ့ရဲ့ဖေ့စ်ဘွတ်ခ်စာမျက်နှာကတစ်ဆင့် ကြေညာလိုက်ပါတယ်။

ပြီးခဲ့တဲ့တနင်္လာနေ့က ဆေးစစ်ခဲ့ပြီး ဒီကနေ့မှာတော့ Positiveအဖြေထွက်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။
သူ့အနေနဲ့ပထမနှစ်ရက်မှာ အဖျားတက်တာ၊ ဝမ်းလျှောတာ၊ ခန္ဓာကိုယ်ကိုက်ခဲတာ၊ အဆီပြန်တာတွေ ခံစားခဲ့ရတယ်လို့လည်း ဆိုပါတယ်။

လက်ရှိမှာတော့ တစ်မိသားစုလုံး Quarantine ၁၄ရက်ဝင်နေပြီး အားလုံးနေကောင်းကြတယ် လို့လည်း ရေးသားထားပါတယ်။

အောင်လအင်ဆန် ဟာ လက်ရှိ အမေရိကန်ပြည်ထောင်စုမှာ နေထိုင်နေသူဖြစ်ပါတယ်။

Photo – Aung La Nsang(Fb)


Spread the love
  •  
  •  
  •  
  •  
  •  
  •