အမေ့အိမ် အခမဲ့ပညာဒါနကျောင်း(အမရပူရ)မှ တက္ကသိုလ်ဝင်တန်းအောင် ကျောင်းသား၊ ကျောင်းသူ များနှင့် ဆရာ၊ ဆရာမများအား ဂုဏ်ပြုပွဲ ကျင်းပ
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ ပညာရေးကွန်ရက် အမေ့အိမ် အခမဲ့ပညာဒါနကျောင်း(အမရပူရ)မှ တက္ကသိုလ်ဝင်တန်းအောင် ကျောင်းသား၊ ကျောင်းသူများနှင့် ဆရာ၊ ဆရာမများအား ဂုဏ်ပြုပွဲအခမ်းအနားကို ဩဂုတ် ၁၅ ရက် နံနက် ၈ နာရီခွဲက အမရပူရမြို့နယ်၊ အတီးစုရပ်၊ လေးစုရပ်ကွက်ရှိ အမေ့အိမ် အခမဲ့ပညာဒါနကျောင်းတွင် ကျင်းပသည်။
အဆိုပါဂုဏ်ပြုပွဲအခမ်းအနားသို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင်အဖွဲ့ ဒုတိယဥက္ကဋ္ဌ-၂၊ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဒေါက်တာဦးဇော်မြင့်မောင်နှင့် ဝန်ကြီးများ တက်ရောက်၍ တက္ကသိုလ်ဝင်တန်းအောင် ကျောင်းသား၊ ကျောင်းသူများနှင့် ဆရာ၊ ဆရာမများအား ဂုဏ်ပြုလက်ဆောင်များ ချီးမြှင့်ခဲ့သည်။
#TheMandalayNewsJournal