ဥယျာဉ်ခြံအတွင်း မွေးထားသော မျောက်တစ်ကောင်လွတ်သွားပြီး သောင်းကျန်းနေသဖြင့်မီးသတ်မှဖမ်းဆီး
၉.၁၂.၂၀၂၀ ရက်နေ့၊ ၁၃ ၄၅ အချိန်ခန့်၊ ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်၊ ရွာသာကြီးအမှတ်(၁၄၀)ရပ်ကွက်၊ ပျိုးဥယျာဉ်ခြံအတွင်း မွေးထားသော မျောက်(၁)ကောင်လွတ်သွားပြီး ပတ်ဝန်းကျင်ရှိပြည်သူများ အထိတ်တလန့်ဖြစ်နေ၍ လာရောက်ဖမ်းဆီးပေးရန် အကူအညီတောင်းခံသဖြင့် ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်မီးသတ်စခန်းမှ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များဖြင့် သွားရောက်ဖမ်းဆီးပေးခဲ့ပြီး လှော်ကားဥယျာဉ်သို့ လွှတ်ပေးခဲ့ပါသည်။
Source MFSD