“ဥရောပသမဂ္ဂ ကတရုတ်နဲ့ ရင်းနှီးမြှုပ်နှံမှုစာချုပ်ချုပ်ဆိုဖို့သဘောတူညီလိုက်ပြီ”

Spread the love
  •  
  •  
  •  
  •  
  •  
  •  

“ဥရောပသမဂ္ဂ ကတရုတ်နဲ့ ရင်းနှီးမြှုပ်နှံမှုစာချုပ်ချုပ်ဆိုဖို့သဘောတူညီခဲ့၊စီးပွါးရေးဆက်ဆံမှုတွေကိုပြန်လည် ထိန်းညှိပေးနိုင်ဖို့ အထောက်အကူပေးနိုင်မယ်
လို့ပြောဆို”

January 1,2021

ဥရောပသမဂ္ဂ နဲ့ တရုတ်ပြည်တို့ဟာ
ရင်းနှီးမြှုပ်နှံမှုစာချုပ် ချုပ်ဆိုဖို့သဘောတူညီခဲ့ကြပြီး ဒီစာချုပ်ဟာ
တရုတ်ပြည်ဈေးကွက်မှာ ဥရောပသမဂ္ဂ အတွက်ပိုမိုကြီးတဲ့အခွင့်အလမ်းတွေရရှိလာမှာ ဖြစ်သလို ဥရောပသမဂ္ဂကရှုမြင်ထားတဲ့ စီးပွါးရေးဆက်ဆံမှုတွေ မမျှမတဖြစ်နေတာ
တွေကိုပြန်လည်ပြုပြင်ပြောင်းလွဲဖို့
အထောက်အကူဖြစ်လာမှာဖြစ်ပါတယ်။
ဒီသဘောတူညီချက်ရရှိဖို့ဆောင်ရွက်
ခဲ့ရာမှာ၇နှစ်နီးပါးခန့် ကြာမြင့်ခဲ့ပြီဖြစ်ပြီး၊
အကျိုးသက်ရောက်မှုရရှိအောင်အနည်းဆုံး
၁နှစ်ခန့် အချိန်ယူရအုန်းမှာဖြစ်ပါတယ်။
ဒီသဘောတူညီမှုဟာ ဥရောပ နဲ့ တရုတ်ရဲ့
ဆက်ဆံရေးအသစ် အစိတ်အပိုင်းတရပ်ဖြစ်လာပြီး၊ဥရောပသမဂ္ဂဟာတရုတ်ကို လုပ်ဖော်ကိုင်ဖက်တယောက်အဖြစ်ကော အန္တရယ်ပေးတဲ့ပိုးသတ်ဆေး လို ယှဉ်ပြိုင်ဘက်တယောက်အဖြစ်ပါ ရှုမြင်ထားခဲ့တာဖြစ်ပါတယ်။

ဥရောပကုမ္ပဏီတွေဟာ တရုတ်ပြည်ရဲ့နယ်ပယ်ကဏ္ဍစုံမှာ စီးပွါးရေးလုပ်ကိုင်ဆောင်ရွက်ခွင့်တွေရရှိထားပါတယ်။အဲ့ဒါတွေကတော့ လျှပ်စစ်ကားများ၊ပုဂ္ဂလိကဆေးရုံများ၊အိမ်ခြံမြေလုပ်ငန်း၊
ကြော်ငြာလုပ်ငန်း၊ရေကြောင်းလုပ်ငန်း၊
တယ်လီကွန် ကလောက်ဒ် ဝန်ဆောင်မှုလုပ်ငန်း
(Telecom cloud services)၊လေကြောင်းဆိုင်ရာပြုပြင်ထိန်းသိမ်းရေးစံနစ်များ နဲ့ မြေပြင် ကိုင်တွယ်ထိန်းသိမ်းရေး လုပ်ငန်းများအပါအဝင်ဖြစ်ပါတယ်။

ကုမ္ပဏီတွေကတရုတ်လုပ်ဖော်ကိုင်ဖက်တွေ
နဲ့ပူးတွဲလုပ်ဆောင်နေတဲ့စီးပွါးရေးလုပ်ဆောင်မှုတွေအတွက်လိုအပ်ချက်တွေကိုလည်း
မြှင့်တင်ဆောင်ရွက်ပေးကြရမှာဖြစ်ပါတယ်။
နိုင်ငံခြားကုမ္ပဏီတွေဆီကနေ နည်းပညာ
အတင်းအဓမ္မလွှဲပြောင်းရယူမှုတွေကိုလည်း
တရုတ်ပြည်ကတားဆီးပေးရမှာဖြစ်ပြီး၊အစိုးရ
ပိုင်ကုမ္ပဏီတွေ နဲ့ နိုင်ငံခြားရင်းနှီးမြှုပ်နှံသူ
တွေကိုခွဲခြားဆက်ဆံခြင်းတွေကိုလည်း
တားမြစ်ပေးရမှာဖြစ်ပါတယ်။
ဒီစာချုပ်ဟာ အမေရိကန်ပြည်ထောင်စုနဲ့
တရုတ်ပြည်တို့ချုပ်ဆိုထားတဲ့ အဆင့်၁
ကူးသန်းရေးစာချုပ်နဲ့ တူညီတဲ့တဲ့အခွင့်အရေး
ကို ဥရောပသမဂ္ဂနိုင်ငံတွေက ရရှိလာကြမှာဖြစ်ပါတယ်။
အမျိုးသားလုံခြုံရေးအကြံပေးအဖြစ် အမေရိကန်ပြည်ထောင်စု ရွေးကောက်ခံသမ္မတ
ဂျိုးဘိုင်ဒင်ကရွေးချယ်ထားတဲ့ ဂျိတ်ခ်ဆူလီဗန်
က လွန်ခဲ့တဲ့အပတ်က တွစ်တာမှာ တရုတ်ပြည်နဲ့စီးပွါးရေးလုပ်ဆောင်မှုတွေအပေါ်မှာ ဥရောပနဲ့အတူ စောစီးစွာအကြံပေးဆွေးနွေးမှုတွေလုပ်ဆောင်ဖို့ကြိုဆိုမယ်လို့ ရေးသားခဲ့ပါတယ်။
ဒီသဘောတူညီမှုစာချုပ်မှာ ရာသီဥတုဆိုင်ရာနဲ့အလုပ်သမားအခွင့်အရေးတွေကိုထိန်းသိမ်းဆောင်ရွက်ရမဲ့ကတိပြုမှုတွေပါဝင်ပါတယ်။သဘောတူကတိပြုမှုတွေအပြန်အလှန်ပေးထားပေမဲ့ ဥရောပဈေးကွက်ဟာ ကြာမြင့်စွာကတည်းကပိုမိုဖွင့်ထားပေးနှင့်ပြီးဖြစ်ပါတယ်။
ဘရပ်ဆဲလ်က စွမ်းအင်ကဏ္ဍမှာ ရပ်တည်ချက်သဘောထားအချို့ပေးထားပြီး
တရုတ်ပြည်ကိုလည်း လက်ရှိတည်ရှိနေဆဲပွင့်လင်းမှုတွေကို ဆက်လက်ပြီးအာမခံချက်ပေးထားဖို့
ကမ်းလှမ်းပြောဆိုထားပါတယ်။
ကူးသန်းရောင်းဝယ်ရေးအဖွဲ့ တွေးခေါ်ပညာရှင်များအဖွဲ့(ECIPE)ရဲ့
ဒါရိုက်တာ ဟိုဆပ် လီ-မာကီယာမာ က စာချုပ်မှာပါဝင်တဲ့အကြောင်းအရာတွေ
ဘီဂျင်းအတွက်သိသာထင်ရှားတဲ့အကျိုးရှိမဲ့အချက်အလက်တွေပါဝင်တာနည်းပေမဲ့
အကျိုးကျေးဇူးရမဲ့ကတိပြုချက်အချို့မပါဝင်
ပဲနဲ့တော့ တရုတ်ပြည်က စာရင်းသွင်းပြီး
ပါဝင်ဆောင်ရွက်တာမျိုးလုပ်ခဲ့လိမ့်မှာမဟုတ်ဘူးလို့ ပြောဆိုခဲ့ပါတယ်။
“ဘယ်အင်ကြီးနိုင်ငံကမှ ယုတ်စွအဆုံးတရုတ်ပြည်ဟာ ဘာမှ အလကားပေးမှာမဟုတ်ပါဘူး။ဒါ့ကြောင့်
ကူးသန်းရောင်းဝယ်ရေးကထွက်သွားမှာပဲဖြစ်တယ်။ဒါဟာသဘောတူချက်ထဲမှာမပါဝင်တာ
သာဖြစ်ပါတယ်။”လို့သူကပြောပါတယ်။
သွင်းကုန်ထုတ်ကုန်အပေါ် လက်တုန့်ပြန်တဲ့အခွန်စည်းကြပ်မှုတွေပါဝင်နိုင်တဲ့ ကူးသန်းရောင်းဝယ်ရေးစာချုပ်တခု နဲ့နှိုင်းယှဉ်ရင် ရင်းနှီးမြှုပ်နှံမှုကဲ့သို့သောစာချုပ်
မျိုးဟာ အတည်ပြုပြဌန်းနိုင်ဖို့ ပိုပြီးခက်ခဲပါတယ်။ဥရောပသမဂ္ဂဟာတရုတ်ရဲ့အခွင့်အလမ်းတွေကို ဖမ်းယူဆုပ်ကိုင်ထားတာမျိုးမဖြစ်တန်ရာဘူးလို့ သတိပြုမိပါတယ်။”လို့ မာကီယာမာ ကပြောပါတယ်။
ဥရောပသမဂ္ဂဟာဘက်ပေါင်းစုံ စည်းမျဉ်း တွေကိုခိုင်မာအောင်လုပ်ဆောင်ဖို့ ခြေလှမ်းတရပ်အဖြစ် ဒီသဘောတူညီချက်ကို
သရုပ်ဖော်ဖို့စိတ်အားအလွန်ထက်သန်နေ
ပါတယ်။ကူသန်းရောင်းဝယ်ရေးစီးဆင်းမှု
(ဒါမှမဟုတ်) တယ်လီကွန်းကရိယာတန်ဆာပလာများဖန်တီးသူ ဟွာဝေး ရဲ့အကြိုက်များကိုအများပြည်သူများက ဝယ်
ယူခွင့်အပါအဝင်ငြင်းချက်များကို မလွှမ်းခြုံ
နိုင်သေးဆဲပဲ ရှိနေပါသေးတယ်။
အများပြည်သူဝယ်ယူရေး နဲ့ နိုင်ငံခြား
အထောက်အပံ့ငွေများကိုပို၍မြဲမြံစွာထိန်းချုပ်
မှုတွေမှာပိုမိုကြီးမားကျယ်ပြန့်တဲ့အပေးအယူ
တွေကိုလုံခြုံစိတ်ချရစေဖို့အတွက် ဥပဒေတွေ
ကိုပြီးမြောက်အောင်မြင်စေရန် ဒီအဖွဲ့(ဥရောပ
သမဂ္ဂ)က ရည်ရွယ်ထားပါတယ်။

Ref:(REUTERS)


Spread the love
  •  
  •  
  •  
  •  
  •  
  •