“ဥရောပသမဂ္ဂ ဆေးဝါးစည်းကမ်းထိန်းသိမ်းရေးက Pfizerကာကွယ်ဆေးကိုခွင့်ပြုချက်ပေးဖို့ဆုံးဖြတ်”

Spread the love
  •  
  •  
  •  
  •  
  •  
  •  

“ဥရောပသမဂ္ဂ ဆေးဝါးစည်းကမ်းထိန်းသိမ်းရေးက Pfizerကာကွယ်ဆေးကိုခွင့်ပြုချက်ပေးဖို့ဆုံးဖြတ်ရန်ရှိ”

December 21, 2020

ဥရောပဆေးဝါးစည်းကမ်းထိန်းသိမ်းရေး
အဖွဲ့က အမေရိကန်ဆေးဝါးကုမ္ပဏီ Pfizer နဲ့ သူနဲ့လုပ်ဖော်ကိုင်ဖက်ဂျာမန်ကုမ္ပဏီ BioNTec
တို့ပူးပေါင်းထုတ်လုပ်တဲ့ ကိုဗစ်-၁၉ ဗိုင်းရပ်(စ်)
ရောဂါကာကွယ်ဆေးကို တနင်္လာနေ့မှာ အကဲ
ဖြတ်ပေးမှာဖြစ်ပြီး ဥရောပမှာ တပတ်အတွင်း
ကာကွယ်ဆေးထိုးနှံမှုကို ခွင့်ပြုချက်ပေးဖို့
မီးစိမ်းပြရတော့မှာဖြစ်ပါတယ်။
ဥရောပဆေးဝါးအေဂျင်စီ (EMA):
European Medicines Agencyက ခွင့်ပြုချက်
ပေးပြီးလျှင် နောက်ဆုံးအတားအဆီးက
ဥရောပ ကော်မရှင်ရဲ့သဘောတူညီမှု ရရှိရန်လိုအပ်ပြီး ဗုဒ္ဓဟူးနေ့မှာ ရရှိနိုင်လိမ့်မယ်
လို့မျှော်လင့်ထားပါတယ်။
ဂျာမနီ၊သြစတြီးယား နဲ့ အီတလီတို့ အပါအဝင် ဥရောပသမဂ္ဂတိုင်းပြည်တွေဟာ
သူတို့ဟာကာကွယ်ဆေးကို ဒီဇင်ဘာ၂၇ရက်နေ့
မှာစတင်ပြီးထိုးဖို့စီစဉ်ထားတယ်လို့ပြောကြပါတယ်။ဒီလ အစောပိုင်းမှာကတည်းက နေရာအနှံ့မှာကာကွယ်ဆေးထိုးပေးနေကြတဲ့အမေရိကန် နဲ့ ဗြိတိန်နိုင်ငံကို ဥရောပက အမှီလိုက်နိုင်ဖို့ကြိုးစားနေတာဖြစ်ပါတယ်။
ဥရောပကော်မရှင်ရဲ့အကြီးအကဲ
အာဆူလာ ဗွန် ဒါလေယန် က ခရစ္စမတ်ပြီး
ပြီးချင်းလောက်နီးပါး ဒီဇင်ဘာ ၂၇-၂၉ ရက်လောက်အတွင်းမှာ ကာကွယ်ဆေးစတင် ထိုးပေးနိုင်ဖို့ ပစ်မှတ်ထားဆောင်ရွက်ထားနှင့် ပြီးဖြစ်တယ်လို့ ပြောပါတယ်။
ဆေးကျောင်းသားဆရာဝန်တွေ၊အငြိမ်းစားဆရာဝန်တွေ၊စစ်သားတွေ နဲ့ ဆေးဝါးပညာရှင်တွေကို မကြုံစဖူးထူးကဲတဲ့
ကာကွယ်ဆေးထိုးနှံမှုလုပ်ငန်းလှုပ်ရှားမှုကြီးမှာ
ပါဝင်ဆောင်ရွက်ကြဖို့ အထူးတာဝန်ပေး စေလွှတ်သွားမှာဖြစ်ပါတယ်။
ရှေ့တန်းမှာကျန်းမာရေးစောင့်ရှောက်မှု
ပေးနေတဲ့ ဝန်ထမ်းတွေ နဲ့ဘိုးဘွားရိပ်သာတွေ က သက်ကြီးရွယ်အိုတွေကိုအမျိုးသားရေး
စီမံချက် နဲ့ အရင်ကာကွယ်ဆေးထိုးပေးမှာ ဖြစ်ပြီး၊ အများပြည်သူတွေ အတွက်တော့
၂၀၂၁ခုနှစ်ပဌမ ၃လကုန်လောက်မှာမှ စတင်
ပြီးကာကွယ်ဆေးထိုးပေးနိုင်မှာဖြစ်ပါတယ်။
မည်သို့ပင်ဖြစ်စေအဖွဲ့ဝင်၂၇ နိုင်ငံရှိတဲ့ ဥရောပသမဂ္ဂရဲ့ရည်မှန်းချက်ပန်းတိုင်ဟာ
လူဦးရေသန်း၄၅၀အနက် ၇၀ရာခိုင်နှုန်းကို လွှမ်းခြုံပြီးကာကွယ်ဆေးထိုးပေးရန်ဖြစ်ပါ
တယ်။
ဆွစ်ဇာလန်နိုင်ငံဆေးဝါးစည်းကမ်း ထိန်းသိမ်းရေးအဖွဲ့က အသက်၁၆နှစ်အထက်
ပြည်သူများကိုကာကွယ်ဆေးထိုးဖို့ စနေနေ့က
ခွင့်ပြုချက်ပေးလိုက်ပါတယ်။

Ref:(REUTERS)


Spread the love
  •  
  •  
  •  
  •  
  •  
  •