ဦးစိုးညွန့်(တော်ဝင်နှင်းဆီ)၏ စျာပန ယနေ့ကျင်းပပြုလုပ်

Spread the love
  •  
  •  
  •  
  •  
  •  
  •  

ဦးစိုးညွန့်(တော်ဝင်နှင်းဆီ)၏ စျာပန ယနေ့ကျင်းပပြုလုပ်
=====================
၂၀၂၀၊ စက်တင်ဘာ၊ (၁၄)ရက်
ဦးစိုးညွန့်(တော်ဝင်နှင်းဆီ)၏ စျာပနအား ယနေ့ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။
ရန်ကုန်မြို့၊ ဗဟန်းမြို့နယ် ရွှေဂုံတိုင်ရှိ
တော်ဝင်နှင်းဆီ (Royal Rose Restaurant )ပိုင်ရှင်
ဦးစိုးညွန့် အသက်(၇၄)နှစ်သည် (စက်တင်ဘာ၁၂)ည (၇း၀၀)နာရီအချိန်က ရန်ကုန်ဆေးရုံကြီး ကွယ်လွန်ခဲ့သည်။

 


ကွယ်လွန်သူ ဦးစိုးညွန့် အသက်(၇၄)နှစ်၏ ကျန်ရစ်သော
ရုပ်ခန္ဓာအား ရန်ကုန်ဆေးရုံကြီးမှ ရေဝေးသုသာန်သို့
နာရေးကူညီမှုအသင်း(ရန်ကုန်) အသင်းသား ရုပ်ရှင်သရုပ်ဆောင်များဖြစ်သော
ထွန်းကိုကို၊ ဇွဲလရောင်၊ စွမ်းထက် တို့မှ နိဗ္ဗာန်ယာဉ်မောင်းနှင်ပေးခဲ့ပြီး
စေတနာ့လုပ်အားပေး အသင်းသား၊ အသင်းသူများက (အခမဲ့)လိုက်ပါပို့ဆောင်၍ ဖေးမကူညီခဲ့ကြကြောင်းသိရသည်။

 


ကွယ်လွန်သူ ဦးစိုးညွန့်(တော်ဝင်နှင်းဆီ) အသက်(၇၄)နှစ်၏စျာပန ခမ်းအနားအား ယနေ့ မွန်းလွဲ (၂း၀၀)နာရီတွင်ရေဝေးသုသာန်၌ကျင်းပခဲ့သည်။
ဦးစိုးညွန့်သည် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟန်းမြို့ နယ်ဥက္ကဌဖြစ်ပြီး ဟံသာဝတီဦးဝင်းတင်ဖောင်ဒေးရှင်း၏အလုပ်အမှုဆောင်တဦးလည်း ဖြစ်သည်။

မင်းမင်း

D Wave


Spread the love
  •  
  •  
  •  
  •  
  •  
  •