ဦးနေဝင်းမိသားစုက ရခိုင်ပြည်နယ် ရှိစစ်သည်များကို သိန်း ၁၀၀ လှူ

Spread the love
  •  
  •  
  •  
  •  
  •  
  •  

တပ်မတော်ဦးစီးချုပ်(ငြိမ်း) ဗိုလ်ချုပ်ကြီးနေဝင်း၏မိသားစုမှ ရခိုင်ပြည်နယ်အတွင်း စစ်ဆင်ရေးတာဝန်ထမ်းဆောင်နေသော တပ်မတော်(ကြည်း၊ ရေ၊ လေ) အရာရှိ၊ စစ်သည်များအတွက် အလှူငွေကျပ်သိန်း ၁၀၀ ပေးအပ်လှူဒါန်း
=====================
နေပြည်တော်၊ ဩဂုတ်-၃၀

တပ်မတော်ဦးစီးချုပ်(ငြိမ်း) ဗိုလ်ချုပ်ကြီးနေဝင်း၏မိသားစုမှ ရခိုင်ပြည်နယ်အတွင်း စစ်ဆင်ရေးတာဝန်ထမ်းဆောင်နေသော တပ်မတော်(ကြည်း၊ ရေ၊ လေ) အရာရှိ၊ စစ်သည်များအတွက် လှူဒါန်းပွဲအခမ်းအနားကို ဩဂုတ် ၂၈ ရက် နံနက် ၈ နာရီခွဲခန့်တွင် ရန်ကုန်တိုင်းစစ်ဌာနချုပ်၊ အရာရှိနှစ်ထပ်ရိပ်သာခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

 

အခမ်းအနားတွင် တပ်မတော်ဦးစီးချုပ်(ငြိမ်း) ဗိုလ်ချုပ်ကြီးနေဝင်း၏မိသားစုဝင်များက အလှူငွေ ကျပ်သိန်း ၁၀၀ အားပေးအပ်လှူဒါန်းရာ အလှူငွေများအား ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူးကလက်ခံရယူခဲ့ပြီး ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။

http://dsinfo.org/node/364

Source – တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့

 


Spread the love
  •  
  •  
  •  
  •  
  •  
  •