ဦးခင်မောင်ဆွေ၊ ဦးသိန်းညွန့်၊ ဖဒိုမန်းငြိမ်းမောင်၊ ဒေါ်အေးနုစိန်၊ စောဒန်နီယယ်၊ တို့ထံသို့ အိပ်ဖွင့်ပေးစာ

Spread the love
  •  
  •  
  •  
  •  
  •  
  •  

ဦးခင်မောင်ဆွေ၊
ဦးသိန်းညွန့်၊
ဖဒိုမန်းငြိမ်းမောင်၊
ဒေါ်အေးနုစိန်၊
စောဒန်နီယယ်၊
တို့ထံသို့ အိပ်ဖွင့်ပေးစာ –

 

အန်ကယ်ဦးခင်မောင်ဆွေခင်ဗျာ
အန်ကန်ပြောပြောနေကျ စကားလုံးကို အန်ကယ်ပြန်အမှတ်ရစေဘို့ အသိပေးပါရစေ၊
ကျွန်တော်ဟာ ပြည်သူကိုဘယ်တော့မှာမှ သစ္စာမဖေါက်ဘူး၊
ပြည်သူကိုသာမျက်နှာမူပါတယ်တဲ့၊

ထို့အတူပါပဲ၊
အန်ကယ်ဦးသိန်းညွန့်၊
ဖဒိုမန်းငြိမ်းမောင်၊
ဒေါ်အေးနုစိန်၊
စောဒန်နီယယ်၊
တို့သည်လည်း ပြည်သူကိုသာမျက်နှာမူမယ်၊
ပြည်သူသာလျှင်အဓိကပါဘဲ၊
ပြည်သူကိုမည်ကဲ့သို့သောအခြေအနေမှာမှ သစ္စာမဖေါက်ပါဘူး၊
ဟူ၍ ရပ်တည် နေထိုင်လာကြတဲ့ပုဂ္ဂိုလ်များဖြစ်ကြပါတယ်၊ဆိုတာကို အများကအသိအမှတ်ပြုထားခြင်းခံထားတှဲုသူတွေဖြစ်ပါတယ်၊
အားလုံးက သူတို့ရဲ့သက်ဆိုင်ရာဒေသ၊နယ်ပယ်အသီးသီးကလူတွေမှ သဘောကျ၊ လေးစား၊အားကျခံခဲ့ခြင်းကိုရရှိထားတဲ့ပုဂ္ဂိုလ်များဖြစ်ကြပါတယ်၊

ယခု ဒေါ်အေးနုစိန်အပါ အန်ကယ်တို့ရပ်တည် နေရာယူထားတဲ့နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဆိုတာ မိမိတို့ပြည်သူများက
ဒီမိုကရေစီနည်းကျရွေးကောက်တင်မြှောက်ထားသော ပြည်သူ့အရွေးချယ်ခံအစိုးရဆီမှ နိုင်ငံတော်အာဏာကို လက်နက်အင်အားအသုံးပြုပြီး၊ မတရားသောနည်းလမ်းများဖြင့်အကြမ်းဖက်လုယူထားတဲ့ ပြည်သူကခါးခါးသီးသီးငြင်းဆိုနေတဲ့ မတရားအဖွဲ့အစည်းဖြစ်ပါတယ်၊
လက်နက်ကိုင် အကြမ်းဖက်အဖွဲ့အစည်းသာ ဖြစ်ပါတယ်ဆိုတာကို ကမ္ဘာကသိနေကြပါပြီ၊
ဒါကိုလည်း မြန်မာပြည်နဲ့ကမ္ဘာ့နိုင်ငံများနှင့်ကမ္ဘာ့ပြည်သူအားလုံးက သိနေကြပါတယ်၊

အခုသူတို့က လူတွေကိုသတ်နေပြီ၊
အောက်တန်းကျ သူရဲဘောဆန်စွာ sniper (ပုန်းကွယ်ပြီးပစ်ခတ်သူ) ဦးဆောင် တက်ကြွတဲ့ gen . z မျိုးဆက်လူငယ်ကလေးများကိုပစ်မှတ်ထား ပစ်သတ်နေကြတာကို
အန်ကယ်တို့၊ဒေါ်အေးနုစိန်တို့ သိနေ မြင်နေ ကြားနေကြမှာဖြစ်ပါတယ်၊

စစ်ဗိုလ်ချုပ်တွေဦးဆောင်နေတဲ့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဟာ အောက်ခြေအဆင့်ဆင့်သော စစ်ဗိုလ်၊စစ်သား၊ရဲအရာရှိ၊ရဲတပ်သားများကို မဟုတ်တန်းတရားလိမ်လည် ပြောဆို အမိန့်ပေးခိုင်းစေနေကြတာကိုလည်း
အန်ကယ်တို့လို နိုင်ငံရေးအတွေ့အကြုံရှိနေတဲ့ လူထုကြားကနေ ရပ်တည်လာခဲ့ကြတဲ့သူတွေက အပွေးမြင် အပင်သိ ဆိုသလို သိနေကြမှာဖြစ်ပါတယ်၊
နိုင်ငံ့အနာဂတ်မျိုးဆက်လေးတွေ သေကုန်ပြီအန်ကယ်တို့ရဲ့၊
အန်ကယ်တို့ ဒေါ်အေးနုစိန်တို့နေရာရရှိယူထားတဲ့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ တနည်းအားဖြင့် စစ်ကောင်စီဆိုတာ ကျွန်တော်တို့တိုင်းပြည်နဲ့ကျွန်တော်တို့ပြည်သူနိုင်ငံသားအားလုံးကို ဘာတစ်ခုမှကောင်းကျိုးချမ်းသာပေးမှာမဟုတ်ပါဘူး၊
ချောက်ထဲဆွချပြီး၊ ကျွန်တော်တို့ပြည်သူတွေကို တရားမဲ့သတ်ဖြတ်နေတာဖြစ်တယ်ဆိုတာကို အန်ကယ်တို့ ဒေါ်အေးနုစိန်တို့ကအတွင်းကျကျ ပိုမိုသိရှိပါတယ်၊
မနေ့က(၃.၃.၂၀၂၁) ရက်နေ့မှာ အန်ကယ်တို့ရဲ့အဖွဲ့က အကြမ်းဖက် သတ်လိုက်မူကိုခံလိုက်ရတဲ့ မန္တလေးက(၁၉) နှစ်သမီးလေး၊
သူ့မိဘရဲ့တန်ဘိုးမဖြတ်နိုင်တဲ့သမီးရတနာတစ်ယောက်နဲ့အတူ တိုင်းပြည်ရဲ့အနာဂတ်လူငယ်များ၊မိဘတိုင်းရဲ့တန်ဘိုးမဖြတ်နိုင်တဲ့သားသမီးလူငယ်များစွာ အသက်ဆုံးရူံးသွားရပါပြီ၊
ဒီ့အရင်ရက်တွေကလည်းကလေးတွေရဲ့အသက်တွေအများကြီးဆုံးရှုံးခဲ့ရပြီးဖြစ်ပါတယ်၊
နောက်ရက်တွေမှာဘယ်နှစ်ယောက်လောက်များဖြစ်သွားမှာလဲ ?
မတွေးဝံ့စရာပါဘဲ၊
စစ်ကောင်စီအုပ်စုဟာ စဉ်းလဲကောက်ကျစ်ပြီးသားသမီးချင်းကိုယ်ချင်းစာမှုက သုည၊
တိုင်းပြည်နဲ့ပြည်သူအကျိုးကိုမကြည့် မငဲ့ညှာပါဘဲ၊ သူတို့တစ်ဦးချင်း ကိုယ်ကျိုးစီးပွားအတွက်ဆိုရင် အစိတ်သားပါမချန်ဆိုသလို တွေ့ရာပြည်သူကို သေနတ်နဲ့ပစ်သတ်ဖို့ဝန်မလေးကြပါဘူး၊
ကျွန်တော်တို့ပြည်သူတွေရဲ့အသက်တွေကိုဘယ်လိုနည်းနဲ့မှ အလေးထားမှာမဟုတ်တာကိုတော့ ၎င်းတိုသမိုင်းလုပ်ရပ်များကိုကြည့်ရင်သိသာမြင်သာနိုင်ပါတယ်၊
အန်ကန်ဦးခင်မောင်ဆွေ၊အန်ကယ်ဦးသိန်းညွန့်၊ အန်ကယ်ဖဒိုမန်းငြိမ်းမောင်၊ စောဒန်နီယယ်နှင့် ဒေါ်အေးနုစိန် ခင်ဗျာ ၊
အန်ကယ်တို့လိုလူတွေက ပိုသိကြပါလိမ့်မယ်၊
ကြယ်စင်လေးပြောသွားတာကို ဝန်းနည်းစွာဖြင့်ရေးသားအသိပေးပါရစေ၊
” ငါတစ်ယောက်သေလို့ တစ်နိုင်ငံလုံးမပြိုလဲဘူး ” တဲ့၊

မိမိတို့တိုင်းပြည်အရေး၊
ပြည်သူ ပြည်သားများအတွက်
အန်ကယ်တို့ ဒေါ်အေးနုစိန်တို့အားလုံး
နိုင်ငံတော်စီမံအုပ်ချုပ်မူကောင်စီဟု သူတို့ကိုယ်သူတို့အမည်တပ်ထားတဲ့ နိုင်ငံတော်နဲ့ ပြည်သူ ပြည်သားများကို တရားလက်လွှတ်သတ်ဖြတ်နေတဲ့ စစ်ကောင်စီအကြမ်းဖက်အုပ်စုဆီက ထွက်လာခဲ့ပါတော့၊
အချိန်မှီပါသေးတယ်၊
ကျွန်တော်တို့ ဂုဏ်ယူမူများစွာနဲ့အတူ ကြိုဆိုနေကြမှာပါ၊

ဒါမှမဟုတ် အန်ကယ်တို့ ဒေါ်အေးနုစိန်တို့အားလုံးကို Social punishment လုပ်ကြဘို့ကိုလည်း ဝန်လေးနေကြမှာမဟုတ်ပါဘူး၊

ကြင်စင်ကသူမရဲ့အဖေကို ပြောခဲ့တာလေးနဲ့ ဆောင်းပါးကို ဝမ်းနည်းကျမျက်ရည်များနဲ့အဆုံးသတ်လိုက်ပါရစေ၊
ကြယ်စင့်ဖေဖေက သူ၏တစ်ဦးတည်းသော သမီးလေးဆန္ဒဖော်ထုတ်ဖို့သွားရန် သမီးလေးကြယ်စင်လက်မှာ ကြိုးအနီလေးချည်ပေးလိုက်တဲ့အခါမှာ
” ကျေးဇူးတင်ပါတယ်ဖေဖေတဲ့ ”

မိမိတို့ပြည်ထောင်စုကြီးအတွက် ကြယ်စင်ပေါင်းများစွာပေါ်လာပြီး၊
အသက်မဆုံးရှုံးရတဲ့ ကြယ်စင်များဖြစ်ကြပါစေသား၊

ငါတို့ကလူငယ်တွေပါ၊
ငါတို့တွေမှာအနာဂတ်ရှိတယ်၊
ပြည်သူ့အာဏာ ပြည်သူ့ ပြန်ပေး၊
ငါတို့အမေစု ငါတို့ ပြန်ပေး၊
သပိတ် သပိတ် မှောက်မှောက်၊
အရေးတော်ပုံ အောင်ရမည်၊

 

Generation Z များအားလုံးကို
အလေးပြုရင်းဖြင့်.ကိုသိန်းဌေး ပဲခူး X မျိုးဆက်၊
……….(၄.၃.၂၀၂၁)……….


Spread the love
  •  
  •  
  •  
  •  
  •  
  •