ဦးဌေးအောင်ကို ဖမ်းလိုက်ပြီ

Spread the love
  •  
  •  
  •  
  •  
  •  
  •  

ဦးဌေးအောင်ကို ဖမ်းပြီ

ကော့မှူးမြို့နယ်မှ ဝင်ရောက်ယှဉ်ပြိုင်ဖို့အမည်စာရင်းတင်ထားတဲ့ ဦးဌေးအောင်ကို နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မ ၁၂၄(က)ဖြင့် ဖမ်းဆီးလိုက်ပါတယ်။

ဒီက​နေ့ ၂၁.၈.၂၀၂၀ ရက်နေ့ ညနေ ၄နာရီခွဲက ဖမ်းဆီးခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်

 

” House of Orchid ပိုင်ရှင် ဦးဌေးအောင်အား သက်ဆိုင်ရာကဖမ်းဆီးခေါ်ဆောင်သွားသည့်သတင်းနှင့်ပတ်သက်၍ NLD ဥပဒေရေးရာကော်မတီအဖွဲ့ဝင်တစ်ဦးဖြစ်သူ မင်္ဂလာတောင်ညွန့်မြို့နယ်ပြည်သူ့လွတ်တော်ကိုယ်စားလှယ်ဦးရန်အောင်ကိုဆက်သွယ်မေးမြန်းရာတွင်-

လူမှုကွန်ယက်စာမျက်နှာများပေါ်တွင်သတင်
းများ ထွက်ပေါ်နေခြင်းနှင့်ပတ်သက်၍ယခုသတင်းမှန်/မမှန်မသိသေးကြောင်၊မေးစမ်းကြည့်အုံးမည်ဖြစ်ကြောင်း ပြန်လည်ဖြေကြားသည်။

 

ဦးဌေးအောင်သည် ပြီးခဲ့သည့် သြဂုတ်လ
ပထမပတ်က ၄င်းပိုင် House of Orchid
တွင် နိုင်ငံရေးပါတီ ၄၀ ကျော်နှင့်တွေ့ဆုံခဲ့ပြီး
မီဒီယာများနှင့်သတင်းစာရှင်းလင်းပွဲပြုလုပ်
၍NLD ပါတီက နိုင်ငံခြားတိုင်းပြည်မှ ထောက်ပံ့ငွေကြေးများရယူထားကြောင်း အတိအ
လင်းစွပ်စွဲပြောကြားထားသည်။

ဦးဌေးအောင်ဖမ်းဆီးခံရသည့်အခြေအနေနှင့်ပတ်သက်၍ ၄င်း၏ ဟိုတယ်ဖုန်းကို ဆက်သွယ်မေးမြန်းရာ “ကျွန်တော်တို့ ပြောပိုင်ခွင့်မရှိပါဘူး ကျွန်တော်တို့က ဝန်ထမ်းပါ”ဟု ဖုန်းကိုင်သူတစ်ဦးက ပြောသည်။

 

 


Spread the love
  •  
  •  
  •  
  •  
  •  
  •