ဦးပိန်တံတား ယာယီပိတ်ထားချိန်မှာ ကျော်တက်ဝင်ရောက်ကြလို. သံဆူးကြိုးများထပ်ကာထားရ

Spread the love
  •  
  •  
  •  
  •  
  •  
  •  

မန္တလေးတိုင်းဒေသကြီး၊အမရပူရမြို့နယ်ရှိ ဦးပိန်တံတားယာယီပိတ်ထားချိန်တွင် တံတားပေါ် ဖြတ်သန်းခြင်း မပြုရန် ဗွီနိုင်းဆိုင်းဘုတ်များတပ်ဆင်၍ အသိပေးကာ သစ်သားဖြင့် ကာရံပိတ်ဆို့ထားသော်လည်း ဖြတ်ကျော် ဝင်ရောက်ဖြတ်သန်းမှုများရှိကြောင်း သိရသည်။အဆိုပါ ပိတ်ဆို့ထားသော သစ်သားများထပ်မြင့်ကာ သံဆူးကြိုးများ ဖြင့် ထပ်မံကာရံခြင်းကို ဇွန် ၆ ရက် က ဆောင်ရွက်ခဲ့ကြောင်း ဦးပိန်တံတားစည်ကမ်း ထိန်းသိမ်းရေးအဖွဲ့ဝင်၊ တောင်မင်းကြီးဂေါပကဉက္ကဌ ဦးသန်းမြင့် ထံမှ သိရပါတယ်။

အဆိုပါ ပိတ်ဆို့ထားသော သစ်သားများထပ်မြင့်ခြင်းနှင့်သံဆူးကြိုးထပ်မံကာရံခြင်းကို မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ရှေးဟောင်းသုတေသန၊ စည်ပင်သာယာရေးကော်မတီ၊ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် ဦးပိန်တံတားစည်းကမ်းထိန်းသိမ်းရေး အဖွဲ့များမှ တာဝန်ရှိသူများ ပူးပေါင်းကာ ဆောင်ရွက်ခဲ့ကြောင်း သိရပါတယ်။

ဦးပိန်တံတားပေါ် ကို ခရီးသွားအချို့ ဖြတ်ကျော်ဝင်ရောက်မှုရှိနေသဖြင့် ဇွန်လ ၆ ရက်နေ့က သက်ဆိုင်ရာအဖွဲ့တွေ ပူးပေါင်းပြီး ယာယီပိတ်ထားချိန်မှာ တံတားပေါ်တက်လို့မရအောင် သစ်သားကာရံထားတာကို ထပ်မံပြီး သံဆူးကြိုးကာရံခဲ့ပါတယ်။ အကုန်လုံးပြန်လုပ်ပြီးပါပြီ၊ မူလက ရိုးရိုးသစ်သား တန်း သုံးလေးချောင်းနဲ့ ရှေးဟောင်းသုတေသနက လာပိတ်ထားတာပါ၊ ခရီးသွားတွေက သစ်သားတွေကို ကျော်ခွပြီး ဖြတ်ကျော်ဝင်ရောက်တဲ့အတွက် ထပ်မံပြီးသစ်သားနှစ်ခေါင်းသုံးချောင်းထပ်မံမြှင့်ပြီး သံဆူးကြိုးများဖြင့် ထပ်မံကာရံခဲ့ ကြောင်း၊ အနောက်ဘက်ခြမ်းအဝင်ပေါက်နဲ့ တံတားအလယ်မှာ တက်လို့ရတဲ့ လှေခါးရယ်၊ တံတားအနောက်ဘက်ခြမ်း ကျီးဖြူဇရပ်နားက တွယ်တက်လို့ရတဲ့ သစ်ပင်ကိုလည်း သံဆူးကြိုးများ ကာရံခဲ့ခြင်းဖြစ်ကြောင်း၊ တောင်မင်းကြီး ဂေါပကဉက္ကဌ ဦးသန်းမြင့် က ပြောပါတယ်။

ဦးပိန်တံတားနှင့်ပတ်ဝန်းကျင်ရှိ ဆိုင်ခန်းများကို ကိုဗစ်-၁၉ ကြောင့် ဇွန်လ ၁၅ ရက်အထိ ယာယီပိတ်ထားခဲ့ကြောင်း သိရပြီး အဆိုပါအချိန်ထိ တံတားပေါ်သို့ တက်ရောက်ဖြတ်သန်းမှုများ ထပ်မံမဖြစ်ပွားစေ ရန် သံဆူးကြိုးများဖြင့် ထပ်ပိုးကာရံခဲ့တာ ဖြစ်ပါတယ်။

သန်းဇော်မင်း
#TheMandalayNewsJournal


Spread the love
  •  
  •  
  •  
  •  
  •  
  •