ဧည့်သည်သွား၊ဧည့်သည်လာ အပြောအဆို၊အရေးအဖွဲ့များမှ ရုန်းထွက်ကြဦးစို့

Spread the love
  •  
  •  
  •  
  •  
  •  
  •  

ဧည့်သည်သွား၊ဧည့်သည်လာ၊ အပြောအဆို၊အရေးအဖွဲ့မူများမှ ရုန်းထွက်ကြ ဦးစို့ ၊

အရင်ဦးစွာ ဧည့်သည်သွား၊ဧည့်သည်လာ ဆိုသည့်စကားရပ်ကို ရှင်းပြပါရစေ၊
ဧည့်သည်တို့မည်သည် မိမိအိမ်၊မိမိရပ်ရွာတို့ထံအလည်လာရောက်ကြတဲ့သူများကိုဆိုလိုပါတယ်၊
သူတို့သည် မိမိ၏ အိမ်တွင်းရေးကို အတွင်းကျကျ မသိတာကတော့သေချာပါတယ်၊
စိတ်ဝင်တစား စေတနာပြည့်ဝမူသည်လည်း နည်းကောင်းနည်းနိုင်ပါတယ်၊
သို့ပေမယ်လို့သူတို့ကို အိမ်ရှင်မိသားစု၊ရပ်ရွာကတော့ အချင်းချင်းမပြေလည်ကြတာထား ကြပြီး၊ လိူက်လှဲပျူငှာစွာကြိုဆိုကြမယ်၊
ကိုယ့်ရပ်ရွာ၊ကို့ဒေသ၊ကိုယ့်အိမ်မှာရှိသော အကောင်းဆုံးအစားအသောက်များကိုတော့ ချကျွေးကြတာက မိမိတို့မြန်မာနိုင်ငံ၏
ချစ်စရာကောင်းသည့် ဓလေ့ဖြစ်ပါတယ်၊
လာရောက်သည့်ဧည့်သည်၏ အတိမ်အနက်ကိုကြည့်ပြီး၊ အိမ်ရှင်များက ပြောသင့်တာကိုတော့ပြောကြဆိုကြမည်ဖြစ်သော်လည်း အိပ်သွန်ဖာမှောက်အကုန်လုံးတော့ ပြောလိုမူများမရှိကြပါ၊
ဒါကိုဧည့်သည်သွားလုပ်တဲ့သူကလည်း အပြင်ကိုရောက်တဲ့အခါမှာ အားလုံးသိသယောင်၊စေတနာရှိသယောင် ပြောဆိုကောင်းပြောဆိုကြမှာကတော့ဓမ္မတာပင်ဖြစ်ပါတယ်၊
ရေရာ သေချာသည့် တန်ဘိုးထားမူလည်းနည်းပါးကောင်း နည်းပါးနိုင်ပါလိမ့်မယ်၊
ထိုသူများ၏ ပြောဆိုမူများအား ဆင်ချင်တုံ အသိ သတိများဖြင့် နားထောင် ကောက်ချက်ချ ဆုံးဖြတ်ကြရမှာက သက်ဆိုင်သူများနှင့် လုပ်ကိုင်နိုင်သူများအပါအဝင် ပြည်သူတစ်ဦး တစ်ယောက်ခြင်း၏
ကိုယ်ပိုင် စွမ်းပကားများပင်ဖြစ်ပါတယ်၊

နိုင်ငံတစ်နိုင်ငံ၏ လူမူပတ်ဝန်းကျင်ကို လေ့လာ ဆန်းစစ်တဲ့အခါမှာ လူမူနယ်ပယ်အားလုံးကို အချိုးကျလေ့လာစုံစမ်းဘို့လိုအပ်ပါတယ်၊
Covid ကာလမြန်မာနိုင်ငံရဲ့ဆင်းရဲ၊နွမ်းပါးမူနူန်းကမြင့်မားလာမူမှာ ထိတ်လန့်ဖွယ်အနေအထားရှိနေသည်ဟု IFPRI (International Food Policy Research Institute) မြန်မာရုံးခွဲက တာဝန်ခံကပြောကြောင်း VOA နှင့် ပြည်တွင်းသတင်းစာ Daily ELEVEN နေ့စဉ်သတင်းစာမှ (၂.၁၂.၂၀၂၀) ထုတ်သတင်းစာတွင်ထည့်သွင်းဖော်ပြထားတာကိုတွေ့ရပါတယ်၊
အမှန်တကယ် စစ်တမ်းကောက်ယူရမှာက လူထု လူတန်းစား အစုံကို အချိုးကျကောက်ယူရမှာသာဖြစ်ပါတယ်၊
ဤသို့မဟုတ်ပါဘဲ ဆင်းရဲတဲ့လူတန်းစားများကိုသာ စစ်တမ်းကောက်ယူပါက ဆင်းရဲနွမ်းပါးမူများကိုဘဲကြားရပြီး၊အဆင်ပြေချမ်းသာသည့်လူတမ်းစားများကိုသာစစ်တမ်းကောက်ယူပါက အဆင်ပြေလှပါကြောင်းသာကြားရမှာဖြစ်ပါတယ်၊
လူလတ်တမ်းစားများ၊အစိုးရဝန်ထမ်းများကြားတွင်ကောက်ယူပါက သူတို့၏ ကျင်လည်နေထိုင် ရှာဖွေစားသောက်မူများကိုသာကြားရမှာဖြစ်ပါတယ်၊
အသွားအလာကန့်သတ်ခြင်းများသည် ရောဂါကူးစက်ပြန့်ပွားမူကိုထိန်းချုပ်ရာတွင် ထိရောက်သည့်နည်းလမ်းတစ်ခုဖြစ်သော်လည်း၊
၎င်းကန်ဲသတ်မူများသည်အခြေခံလူတန်းစားများ၏ စားဝတ်နေရေး၊ရပ်တည်နေရမူများနှင့်ဝင်ငွေအပေါ်တွင် အလွန်ထိခိုက်မူများရှိကြောင်းကို စစ်တမ်းနှင့်တွက်ချက်မူများအရတွေ့ရှိရသည်၊
အကျပ်အတည်းကာလအတွင်း အိမ်မှာနေထိုင်ရေး ညွှန်ကြားချက်များနှင့်အနွမ်းပါးဆုံးအခြေခံလူတန်းစားများကို ငွေကြေးထောက်ပဲံ့မူများသည် ချိတ်ဆက်ဆောင်ရွက်ရန်လိုအပ်သည်ဟု IFPRI အဖွဲ့ကဆိုပါတယ်၊
ဒါကိုလည်း အစိုးရကလက်ရှိဆောင်ရွက်နေတာတွေ့နေရပါတယ်၊
သို့ပေမယ်လို့ VOA ကမိမိတို့မြန်မာနိုင်ငံနှင့် မြန်မာနိုင်ငံသားများရဲ့ ဆင်းရဲမွဲတေမူနူန်းက ရှစ်ဆယ်လောက်မြင့်တက်သွားပြီး၊
ဝင်ငွေအရ ဆင်းရဲမူက (၇)% ကနေ (၇၀)% လောက်အထိမြင့်တက်လာတယ်လို့ပြောဆိုလွှင့်သွားတာကိုတွေ့ရပါတယ်၊
VOA မြန်မာပိုင်းအစီအစဉ်တစ်ချို့၏ထုတ်လွှင့်မူက လူ့အခွင့်အရေးဆိုသည်ကို ထိကပါး၊ရိကပါးပုတ်ခတ် ချိတ်ဆက်ထုတ်လွှင့်မူများအပြင်၊
မိမိတို့ မြန်မာပြည်ကို ကမ္ဘာ့နိုင်ငံများမှ အထင်သေး၊အထင်မှားနိင်စရာတွေကိုလည်းတွေ့ရပါတယ်၊
Covid ကာလမှာ အလွန်ကိုချမ်းသာကြွယ်ဝတဲ့အမေရိကန်အပါအဝင် နိုင်ငံကြီးများသည်လည်း အတော်အတန် ရုန်းကန်ရင်ဆိုင်
နေကြရကာ၊ အဆင်ပြေပြေ ကျော်ဖြတ်နိုင်စေရန် နည်းလမ်းများ တစ်ခုပြီးတစ်ခု ရှာဖွေ
နေကြရဆဲဖြစ်ပါတယ်၊
အမေရိကန် ဆီလီဗဲလေးမှာ လူနှစ်သိန်းခွဲလောက်ကိုအစားအစာထောက်ပံ့ပေးရပြီး၊
ယခု ကိုဗစ်ကာလမှာထောက်ပံ့ပေးရမူက လူဦးရေ နှစ်ဆခန့်တက်သွားပါတယ်၊
တစ်နိုင်ငံလုံးမှာ ယမန်နှစ်ကလူဦးရေ(၃၅) သန်းကိုထောက်ပဲံ့ရာမှ၊ ယခုကိုဗစ်ကာလမှာ(၅၄) သန်းကိုထောက်ပံ့နေရပါတယ်၊
တစ်နိုင်ငံလုံး အစားအစာထောက်ပံ့တဲ့
Food bank က(200) ကျော်ရှိနေပြီး၊
အသင့်စားဘို့ စားဖိုဆောင်က (60000) ကျော်ရှိနေပါတယ်၊
နယူးယောက်မှာဆိုရင်အစားအစာအတွက် ရုန်းကန်နေရသူ တစ်သန်းခွဲလောက်ရှိနေပါတယ်၊
နယူးယောက် စားဖိုဆောင်တွေက လူ(၁၂) သန်းလောက်ကို ကျွေးနေရပါတယ်၊ ကိုဗစ်ကာလအတွင်း (36)% လောက်တိုးလာတာဖြစ်ပါတယ်၊ လို့ဆိုပါတယ်။
စာရေးသူမှ အထက်ပါအကြောင်းအချက်ကိုရေးသားတင်ပြရမူက ယခုလို Covid ကူးဆက်ကပ်ရောဂါဖြစ်ပေါ်နေတဲ့ ကမ္ဘာ့နိုင်ငံများအားလုံးက ဆင်းရဲတဲ့နိုင်ငံဘဲဖြစ်စေ၊
ချမ်းသာကြတဲ့နိုင်ငံဘဲဖြစ်စေ၊
အားလုံးသည် ကိုယ့်အတိုင်းအတာနဲ့ကိုယ် ရုန်းကန်ရင်ဆိုင်ကြရပြီး၊
ကိုယ့်နိုင်ငံနဲ့ကိုယ် လိုက်လျောညီထွေ အဆင်ပြေစေရန်အတွက် နည်းလမ်းပေါင်းစုံစဉ်းစား ကျော်ဖြတ်နေကြရပါတယ်ဆိုသည်ကို ညွန်းဆိုလိုရင်းဖြစ်ပါတယ်၊

ယခု (၂၀၂၀)၏ နှစ်အကုန် ဒီဇင်ဘာလမှာတော့ Covid ကာကွယ်ဆေးနဲ့ပတ်သက်သော အခြေအနေ ဖြစ်စဉ်တွေက နိုင်ငံအများမှာ ပြောဆိုနေကြသလို၊
ငွေကြေးချမ်းသာကြတဲ့နိုင်ငံများကလည်း၊
ကာကွယ်ဆေးအရင်ဦးစွာရရှိနိုင်ဘို့ ကြိုးစားနေကြတာကိုတွေ့နေရပါပြီ၊
ထို့အတူ ကိုဗစ်ကာကွယ်ဆေးအတုကိစ္စကိုလည်း အပြည်ြ့ပည်ဆိုင်ရာပူးပေါင်းရဲတပ်ဖွဲ့( Interpol ) ကသတိပေးလိုက်တာကိုလည်းတွေ့နေရပါတယ်၊
ဒုစရိုက်သမားတွေက ကိုဗစ်ကာကွယ်ဆေးအတုတွေထုတ်လုပ်ပြီး၊
အစိုးရတွေက ကာကွယ်ဆေးထိုးပေးချိန်မှာ ကာကွယ်ဆေးအတုတွေက စိမ့်ဝင်ထိုးဖောက်လာနိုင်ပါတယ်လို့သတိပေးလိုက်ပါတယ်၊
ဒီကိစ္စကို ကြိတင်ပြင်ဆင်ဖို့လိုအပ်တယ်လို့
Interpol အဖွဲ့ကြီးက online ကရော၊
အပြင်ကပါသတိပေးစာတွေပို့ပြီး သတိပေးနေတယ်ဆိုတာကိုလည်းတွေ့နေရပါတယ်၊
သတိထားမိကြမှာပါ၊ Covid ဖြစ်ကာစအချိန်မှာ ကမ္ဘာကြီးက ဗျာများနေချိန် အရည်အသွေးမမှီတဲ့ mask တွေနဲ့ ချမ်းသာသွားကြတဲ့နိုင်ငံ အချို့က ဝိသမသမားများအကြောင်းကို မိမိတို့လို ပြည့်စုံ ကြွယ်ဝမူ အားနည်းပြီး၊
အိမ်နီးခြင်းနိုင်ငံတစ်ချို့၏ အခြေအနေအရပ်ရပ်ရှိနေ၊ရင်ဆိုင်နေရတဲ့မိမိတို့က ထူးကဲစွာ သတိထားဘို့လိုအပ်ပါလိမ့်မယ်၊
ဝိသမလောဘသမားများကတော့ ကမ္ဘာ့နိုင်ငံအများအပြားမှာရှိနေကြမှာဖြစ်ပါတယ်၊
Covid ကာကွယ်ဆေးအချိန်မှာလည်း
အတုတွေနဲ့လုပ်စားကြမှာကို အထူးသတိထားကြရပါမယ်၊
ကာကွယ်ဆေးဟာ နိုင်ငံတိုင်းက အသည်းအသန်လိုချင်တဲ့ဆေးပစ္စည်းဖြစ်ပါတယ်၊
အကယ်၍ ကာကွယ်ဆေးအတုတွေက နိုင်ငံအနှံ့မှာ ပြန့်နေပါက အစိုးရ၏ ကာကွယ်ဆေးလုပ်ငန်းစဉ်ကြီးတစ်ခုလုံးကို ထိခိုက်စေပြီး၊
နိုင်ငံသားများစွာကိုလည်းထိခိုက်၊သေကြေ ပျက်စီးစေနိုင်ပါတယ်၊
ကာကွယ်ဆေးအတုတွေမဝင်လာနိုင်အောင် အစိုးရကဘယ်လောက်စွမ်းဆောင်နိုင်ဘို့လိုမလဲ ?
Website အတုတွေ၊
Online ကနေ အတုရောင်းသူတွေရဲ့ အန္တရာယ်ကို ဘယ်လိုကာကွယ်မလဲ ?
လွန်စွာအရေးကြီးပါတယ်၊
အထူးသဖြင့် မိမိတို့နိုင်ငံလို ငွေကြေး၊ဓနက မကြွယ်ဝတဲ့အပြင်၊
တပ်မတော်ကလည်း ရွေးချယ်ခံအစိုးရကို အတိ်ုက်အခံ၊ စင်ပြိုင်ကဲ့သို့ ပြုမူနေခြင်း၊
ရှည်ကြာလှသောအခြေအနေမှာက မိမိတို့နိုင်ငံအတွင်းကို အမယ်မယ်သော အတုပေါင်းစုံဝင်နေမူများဖြစ်လာနေမူများကို မိမိတို့အားလုံးမည်ကဲ့သို့သော နည်းလမ်းများဖြင့် တုံ့ပြန် ကာကွယ် တားဆီးကြမှာလဲ ?
မိမိတို့နိုင်ငံလို အရာရာတွင် ကိုတတ်ပ(ကိုတတ်ပ) များလှသော၊
အစိုးရလုပ်ကိုင်ဆောင်ရွက်မူမှန်သမျှကို ရေရာသည့် လေ့လာမှတ်သားမူများ မရှိကြပါဘဲ၊ လေ့လာမှတ်သားမူများ အားနည်းကာ
မကြေမချမ်း ပြောဆိုရေးသားနေကြမူများသော၊
တိုင်းပြည်အရေးအရာအတွက် ဆိုသည်ကို
စိတ်ထဲဝယ်မထားနိုင်ကြသော၊
ဖြေလျှော့မူ မပြုကြသေးသော၊
မိမိတို့နိုင်ငံငယ်လေးမှာ တွေးတောကြည့်ရုံနဲ့တင် စိတ်လက်မချမ်းသာစွာဖြင့် စိုးရိမ်စရာများပြားလှပါတယ်၊
ရေးသားတင်ပြရရင်များလှပါတယ်၊

မိမိတို့နိုင်ငံ၏ ယနေ့မြေပြင်အခြေအနေကို ရေးသားတင်ပြပါရစေ၊
မိမိတို့နိုင်ငံမှာ တခြားကာကွယ်ဆေးတွေ၊ထိုးဆေး၊သောက်ဆေးများကို တင်သွင်းမယ်ဆိုပါက ထုတ်တဲ့ကုမ္ပဏီ၏ ၎င်းဆေးရဲ့အာနိသင်က ဘယ်လောက်ရှိတယ်၊
ဘယ်လိုခံနိုင်ရည်ရှိတယ်စတဲ့ ကောင်းကျိုးနဲ့ ဘေးထွက်ဆိုးကျိုး၊
ဆိုလိုတာက ကောင်းမွေ၊ဆိုးမွေ အထောက်အထားတင်ပြရပါတယ်၊
ဒါတွေကိုလည်း ပြည်တွင်းမှာသုံးဖို့အတွက်
ဆေးအာနိသင်ကို ဓာတ်ခွဲခန်းမှာစစ်ရပါတယ်၊
အဲဒီလိုစစ်တဲ့အခါမှာ ခြောက်လကနေ တစ်နှစ်ထိကြာနိုင်ပါတယ်၊
ဒါက ကိုဗစ်ကာကွယ်ဆေးမဟုတ်တဲ့ကာကွယ်ဆေးများဖြစ်ပါတယ်၊
မြန်မာနိုင်ငံ၏ လက်ရှိအခြေအနေမှာ Covid ကာကွယ်ဆေး၏ အာနိသင်ကို စစ်ဆေးရန်အတွက် လိုအပ်သည့် ပိုးကောင်ရေ မွေးမြူထားမူမရှိခြင်း၊
ဓာတ်ခွဲစမ်းသပ်မည့် စက်ကရိယာများလို
အပ်ခြင်း၊
အချိန်ကြာမြင့်နိုင်ခြင်း၊
စသည့်အခြေအနေများကြောင့်
ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီး(WHO ) က ကာကွယ်ဆေးအဖြစ် အသိအမှတ်ပြုထုတ်ပြန်သော ဆေးတစ်မျိုးမျိုးကို တိုက်ရိုက်တင်သွင်းအသုံးပြုမည့် နည်းလမ်းအား တာဝန်ရှိသူများက စဉ်းစားလျက်ရှိကြောင်း
Covid -19 ကာကွယ်ဆေးလုပ်ငန်းပေါင်းစပ်ညှိနိူင်းစီမံခန်ဲခွဲမူကော်မတီအဖွဲဝင်၊အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန
ဒုတိယညွှန်ကြားရေးမှူးချုပ်
ဒေါက်တာအေးငြိမ်းက ဆိုပါတယ်၊
မိမိတို့မြန်မာနိုင်ငံ၏အသုံးပြုနေသော ဆေးသိုလှောင်ရေးအအေးသေတ္တာဘောက်စ်မှာ
အပူချိန် အနုတ်(၁၀) မှ (၁၅) ဒီကရီကြားသာ
ရှိပြီး၊ Pfizer ကုမ္ပဏီမှထုတ်သည့် Vaccine မှာ အပူချိန်အနုတ်(၇၀) ဒီကရီစင်တီဂရိတ်ကို မသိုလှောင်နိုင်သေးပေ၊

အကယ်၍ WHO မှအသိအမှတ်မပြုသေးသော Covid – 19 ကာကွယ်ဆေးများကိုအလျှင်စလို တင်သွင်းလိုက်ပါက မိမိတို့နိုင်ငံနှင့် နိုင်ငံသားများသည် အစမ်းအသပ်ခံများဖြစ်ကြကာ၊
မည်ကဲ့သို့သော အကျိုးများသက်ရောက်လာနိုင်မယ်ဆိုတာကို ခန့်မှန်းလို့
မရနိုင်ပါပေ၊

သို့ပါသောအကြောင်းအချက်များကို သတိထား၊ ဂရုမူကြရင်း မိမိတို့တိုင်းပြည်အတွက်
အရေးအရာများအား ဧည့်သည်သွား၊
ဧည့်သည် လာသကဲ့သို့ ၊
အလေးမမူပါဘဲ ပြောဆို ရေးသားနေမူများအား သတိထားရှောင်ကျဉ်ကြစေရန်အရေး ကြီးလိုအပ်လှပါတယ်၊

ယနေ့မိမိတို့နိုင်ငံအနေဖြင့်
ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စု၊နိုင်ရးစနစ်ကောင်းနှင့် တိုင်းသူပြည်သားအားလုံးအတွက် လူမူ စီးပွားရေးများ ဖွံ့ဖြိုး တိုးတက်မူဆိုင်ရာလုပ်ငန်းများ အသားကျစေရန် အချိန်တစ်ခုယူရပါဦးမည် ဆိုသော်လည်း၊
ယခုလို Globalization ခေတ်မှာ လူထုအရွေးအချယ်ခံ ခေါင်းဆောင်
ဒေါ်အောင်ဆန်းစုကြည် အမြဲပြောနေတဲ့စကားရပ်ဖြစ်သော ပြည်သူသာအဓိကဖြစ်၍၊
မိမိတို့အားလုံး စည်းလုံးညီညွတ်ကြပြီး၊
စုပေါင်းအားများဖြင့် မိမိတို့မြန်မာပြည်ထောင်စုကြီးကို ထူထောင် တည်ဆောက်ကြရမှာဖြစ်ပြီး၊
Covid – 19 ကာကွယ်ဆေးအတုများနိုင်ငံအတွင်းသို့စီးဝင်လာနိုင်မူနှင့်
Covid – 19 ကပ်ရောဂါကိုလည်း တွဲလက်ညီညီဖြင့် စုပေါင်းကာကွယ် တားဆီးကြရမှာ
မဟုတ်ကြပေဘူးလား၊

အလေးထားစွာဖြင့် . ကိုသိန်းဌေး ပဲခူး၊
……….(၅.၁၂.၂၀၂၀)……….


Spread the love
  •  
  •  
  •  
  •  
  •  
  •