ဧရာဝတီစင်တာကို ကုတင် (၉၂၀)အထိ တိုးချဲ့ဆောက်လုပ်လျက်ရှိ

Spread the love
  •  
  •  
  •  
  •  
  •  
  •  

Covid-19 ကပ်ရောဂါကို ထိန်းချုပ်နိုင်ဖို့ လိုအပ်ချက် ရှိနေသေးတဲ့အတွက် ဧရာဝတီစင်တာကို ကုတင် (၉၂၀)အထိ တိုးချဲ့ဆောက်လုပ်လျက်ရှိပါတယ်။ (၂၉)ရက်နေ့မှာ ကုတင် (၁၅၀)၊ (၃)ရက်နေ့မှာ ကုတင် (၂၇၀) ထပ်မံတိုးချဲ့ဖွင့်လှစ်နိုင်မှာ ဖြစ်ပါတယ်။

လက်ရှိအနေအထားအရ အရေးအကြီးဆုံး လိုအပ်ချက်ဖြစ်တဲ့ ICU/HDU (၇၅)ကုတင်ပါ Critical Care Unit ကိုလည်း ဆရာကြီးဒေါက်တာဇော်ဝေစိုး ဦးဆောင်ပြီး အမြန်ဆုံးဖွင့်လှစ်နိုင်ဖို့ ကြိုးပမ်းလျက်ရှိပါတယ်။ ထို့အတူ ဧရာဝတီစင်တာအတွက် လိုအပ်တဲ့ စေတနာ့ဝန်ထမ်းပေါင်း (၃၀၀)ကျော် နေထိုင်နိုင်ဖို့ နေရာထိုင်ခင်းတွေ ပြင်ဆင်ဆောင်ရွက်လျက်ရှိပါတယ်။

 

လက်ရှိ အခက်အခဲမှာ ကိုယ်ကျိုးစွန့် အနစ်နာခံ ကြိုးပမ်းဆောင်ရွက်နေကြတဲ့ ဆရာဝန်ဆရာမများ၊ စေတနာ့ဝန်ထမ်းများ၊ အလှူရှင်များ၊ ဝိုင်းဝန်းဆောက်လုပ်ပေးကြသူများ အားလုံးအားလုံးကို အထူးကျေးဇူးတင်ရှိပါတယ်။

 

Credit – U Zaw Zaw


Spread the love
  •  
  •  
  •  
  •  
  •  
  •