ဧရာဝတီစင်တာကို စုစုပေါင်း ကုတင် (၇၇၀) အထိ ထပ်မံ တိုးချဲ့မည်

Spread the love
  •  
  •  
  •  
  •  
  •  
  •  

ဧရာဝတီစင်တာကို စုစုပေါင်း ကုတင် (၇၇၀) အထိ ထပ်မံ တိုးချဲ့ဆောင်ရွက်သွားမည်

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ လိုအပ်ချက်နှင့် လမ်းညွှန်မှုအရ ရန်ကုန်တိုင်းဒေသကြီး COVID-19 ကာကွယ်ထိန်းချုပ်ကုသရေးအတွက် ပေါင်းစပ်ညှိနှိုင်းရေး ကော်မတီ (ဒုတိယဥက္ကဋ္ဌ) ပါမောက္ခ ဒေါက်တာဇော်ဝေစိုး၊ ကော်မတီ အတွင်းရေးမှူး ပါမောက္ခဒေါက်တာမြင့်မြင့်ငြိမ်းနှင့် ဦးဇော်ဇော်တို့ ဆွေးနွေးတိုင်ပင်မှုဖြင့် Covid-19 လူနာများကို လက်ခံကုသပေးလျက်ရှိသော ဧရာဝတီစင်တာကို စင်တာ (A)၊ (B)၊ (C) အဖြစ် တိုးချဲ့ ဆောက်လုပ်သွားမည် ဖြစ်ပြီး စုစုပေါင်း ကုတင် (၇၇၀) ဆံ့ ကုသရေးစင်တာ အဖြစ် ဧရာဝတီဖောင်ဒေးရှင်းက ဦးစီး ဆောင်ရွက်သွားမည် ဖြစ်သည်။

ကုသရေး လုပ်ငန်းများ စတင်ဆောင်ရွက်နေပြီ ဖြစ်သော ဧရာဝတီစင်တာ (A)တွင် (၄၂၅)ကုတင်၊ သုဝဏ္ဏ လူငယ်လေ့ကျင့်ရေးစခန်းရှိ လက်ရွေးစင် ကစားသမားအဆောင် ဧရာဝတီစင်တာ (B) တွင် ကုတင် (၂၇၀)၊ အရေးပေါ် လူနာများကို အနီးကပ် ကြပ်မတ် ကုသပေးနိုင်မည့် သုဝဏ္ဏအားကစားကွင်းရှိ ဧရာဝတီစင်တာ (C) (Covid-19 Critical Care Unit) တွင် (၇၅)ကုတင် ပါရှိမည်ဖြစ်ကာ စက်တင်ဘာလကုန်၌ စင်တာ(B) နှင့် (C) တို့တွင် လူနာများ လက်ခံနိုင်ရန် ကြိုးပမ်းဆောင်ရွက်လျက်ရှိပါသည်။

ဧရာဝတီစင်တာ (A)၊ (B)၊ (C) တစ်ခုချင်းစီအလိုက် ကျန်းမာရေးနှင့် စေတနာ့ဝန်ထမ်း စုစုပေါင်း (၃၅၀) အဆင်ပြေစွာ နေထိုင်နိုင်ရန် အဆောင်နေရာများကိုလည်း စီမံဆောင်ရွက်ပေးထားပြီး အဆိုပါ စင်တာ (၃)ခုစလုံးအတွက် လိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင်ရန် အတွက် စီမံခန့်ခွဲမှုရုံးကိုလည်း မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်ရုံးတွင် ဖွင့်လှစ် ထားရှိပါသည်။

 

Source – Ayarwady Foundation


Spread the love
  •  
  •  
  •  
  •  
  •  
  •