ဧရာဝတီစင်တာ(မန္တလေး) စတင်ဖွင့်လှစ်

Spread the love
  •  
  •  
  •  
  •  
  •  
  •  

ဧရာဝတီစင်တာ(မန္တလေး)သို့ တိုင်းဒေသကြီးဝန်ကြီးချုပ် လာရောက်ကြည့်ရှုအားပေးခဲ့ပြီး ယနေ့ ညနေပိုင်းတွင် စတင်ဖွင့်လှစ်ခဲ့

ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ ဦးဆောင်မှုဖြင့် တည်ဆောက်လျက်ရှိသော ကုတင်(၃၀၀) ဧရာဝတီစင်တာ (မန္တလေး)သို့ မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင် လာရောက်ကြည့်ရှုစစ်ဆေးခဲ့ပြီး တာဝန်ထမ်းဆောင်ကြမည့် ဆရာဝန်၊ သူနာပြုများ၊ စေတနာ့ဝန်ထမ်းများကို တွေ့ဆုံအားပေးခဲ့ပါသည်။

ဧရာဝတီစင်တာ (မန္တလေး)ကို ယနေ့ ညနေပိုင်းမှစတင်၍ Covid-19 ကူးစက်ခံရသူများ စတင်လက်ခံသွားမည်ဖြစ်ပြီး ICU/HDU ကုတင်(၁၀၀)နှင့် Test and Care စင်တာတို့ကို မကြာမီရက်ပိုင်းအတွင်း ထပ်မံဖွင့်လှစ်သွားမည်ဖြစ်သည်။


Spread the love
  •  
  •  
  •  
  •  
  •  
  •