ဧရာဝတီစင်တာ အထူးကြပ်မတ်ကုသဆောင် ICU/HDU ကုသမှုလုပ်ငန်းများ စတင်

Spread the love
  •  
  •  
  •  
  •  
  •  
  •  

 

ဧရာဝတီစင်တာ အထူးကြပ်မတ်ကုသဆောင် ICU/HDU ကုသမှုလုပ်ငန်းများ စတင်
—————-
ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန၏ လိုအပ်ချက်နှင့် လမ်းညွှန်မှုများအရ ဧရာဝတီစင်တာ အထူးကြပ်မတ်ကုသဆောင် Intensive Care Unit (ICU) နှင့် High Dependency Unit (HDU) ကို အပြီးသတ်တည်ဆောက်ခဲ့ပြီး ဖြစ်ရာ အောက်တိုဘာ (၉) ရက်နေ့က စတင်၍ အရေးပေါ်လူနာများကို စတင်လက်ခံ ကုသပေးနေပြီဖြစ်သည်။

ICU/HDU တွင် ပါမောက္ခ ဒေါက်တာဇော်ဝေစိုး၊ ပါမောက္ခ ဒေါက်တာ မြင့်မြင့်ငြိမ်း၊ ပါမောက္ခ ဒေါက်တာမြစိုးတို့ဦးဆောင်၍ ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာနမှ ဆရာဝန်များ၊ သူနာပြုများ၊ စေတနာ့ဝန်ထမ်းများ အင်အား (၁၅၀) ကျော်က တာဝန်ယူဆောင်ရွက်နေပြီး လက်ရှိလည်ပတ်နေသည့် (၇၅) ကုတင်မှ (၁၂၅) ကုတင်သို့ တိုးချဲ့ဖွင့်လှစ်သွားရန်လည်း စီစဉ်လျှက်ရှိသည်။

ICU/HDU အတွက် ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာနမှ တတ်စွမ်းသမျှ ပံ့ပိုးပေးလျက်ရှိပြီး ထပ်မံ လိုအပ်ချက်ရှိသော စက်ပစ္စည်း၊ ဆေးဝါးနှင့် ကာကွယ်ရေးပစ္စည်းများ၊ အောက်စီဂျင်စက်များကို ပြည်တွင်းပြည်ပမှ ဝယ်ယူ ဖြည့်တင်းလျက်ရှိရာ များပြားလှသော ကုန်ကျစရိတ်အတွက် ဧရာဝတီဖောင်ဒေးရှင်းသို့ ဧရာဝတီဘဏ်လီမိတက်မှ ကျပ်သိန်း(၁၀၀၀၀)၊ မက်စ်မြန်မာကုမ္ပဏီအုပ်စုမှ ကျပ်သိန်း(၅၀၀၀) ထပ်မံ၍ မတည်လှူဒါန်းခဲ့ပါသည်။


Spread the love
  •  
  •  
  •  
  •  
  •  
  •