ဧရာဝတီတိုင်းအတွင်းသို့ ခိုးဝင်လာသည့် ဘဂင်္ါလီ ၄၂ ဦးအနက် တစ်ဦးတွင် ကိုဗစ်ရောဂါပိုးတွေ့

Spread the love
  •  
  •  
  •  
  •  
  •  
  •  

ဧရာဝတီတိုင်းအတွင်းသို့ ခိုးဝင်လာသည့်

င်္ဘဂါလီ(၄၂)ဦးအနက်
တစ်ဦးတွင် ကိုဗစ်ရောဂါပိုးတွေ့ရှိ

 

စက်တင်ဘာ_၁၊၂၀၂၀

ဧရာ၀တီတိုင်းဒေသကြီးအတွင်းကိုခိုးဝင်လာတဲ့အတွက် ကြံခင်းမြို့နယ်မှာ ထိမ်းသိမ်းထားတဲ့ ဘင်္ဂါလီ (၄၂) ဦးကိုသလိပ်နမူနာစစ်ဆေးရာတစ်ဦးမှာ ကိုဗစ်_19 ပိုးတွေ့ခဲ့ရတယ်လို့ ကြံခင်းမြို့နယ်ကွာရန်တင်းတာ၀န်ခံ ဦးကျော်ကျော်ဆန်းကအတည်ပြုပြောဆိုလိုက်ပါတယ်။

ဒီအတွက်ပိုးတွေ့လူနာကို မနေကညက တွင်းချင်း တိုင်းကျန်းမာအစီအစဉ်နဲ့ ဝေဘာဂီဆေးရုံကိုပို့လိုက်ပြီလို့ ဆိုပါတယ်။

သူတို့တွေဟာရခိုင်ပြည်နယ်မြောက်ပိုင်း ဒုက္ခသည်စခန်းက ထွက်ပြေးလာတာဖြစ်ပြီး ဘိုကလေးမြစ်၀မှာ ဩဂုတ်လ(၂၇)ရက်နေ့က ဖမ်းဆီးရမိခဲ့တာပါ။

လက်ရှိမှာတော့သူတို့ကို တိုင်းဒေသကြီးအစိုးရအစီအစဉ်နဲ့ ကြံခင်းမြို့နယ် ၊ ဘက်ရဲဂိတ်အနီးက ရေနံချက်ဖိုဟောင်း၀န်းထဲမှာ ထားရှိထားပါတယ်။

သူတို့တွေကိုပိုးရှိမရှိစစ်ဆေးဖို့ သြဂုတ်လ(၃၀)ရက်နေ့က ဓါတ်ခွဲနမူနာရယူစစ်ဆေးခဲ့တာဖြစ်ပြီးဘ အသက် (၂၁) နှစ်အရွယ်အမျိုးသားမှာ COVID-19ရောဂါပိုးတွေ့ရှိခဲ့တာပါ။

လက်ရှိမှာတော့ ခိုးဝင်လာတဲ့သူတွေထံမှာပိုးတွေ့ရတာကြောင့်အဆိုပါစခန်းမှာလုံခြုံရေးရယူနေတဲ့ ရဲတပ်ဖွဲ့ဝင်တွေနဲ့ ကျန်းမာရေးဝန်ထမ်းတွေကို စခန်းမှာပဲ Quarantine (၂၁)ရက် ထားရှိပြီး သလိပ်နမူနာရယူစစ်ဆေးသွားမယ်လို့ စခန်းတာဝန်ခံက ပြောဆိုထားပါတယ်။

သတင်းထောက်_ ရဲသွေးနီ
အယ်ဒီတာ_အောင်ကျော်မိုး


Spread the love
  •  
  •  
  •  
  •  
  •  
  •