ဧရာဝတီတံတား(ရတနာပုံ)ပေါ်မှ အမျိုးသားတစ်ဦး ခုန်ချမှု ဖြစ်ပွား

Spread the love
  •  
  •  
  •  
  •  
  •  
  •  

ဧရာဝတီတံတား(ရတနာပုံ)ပေါ်မှ အမျိုးသားတစ်ဦး ခုန်ချမှု ဖြစ်ပွား

မန္တလေး၊ သြဂုတ် ၁၁

မန္တလေးမြို့နှင့် စစ်ကိုင်းမြို့ ဆက်သွယ်ထားသည့် ဧရာဝတီတံတား(ရတနာပုံ) ပေါ်မှ ဩဂုတ် ၁၁ ရက် မွန်းလွဲ၂ နာရီခန့်က အမျိုးသားတစ်ဦး ဧရာဝတီမြစ်အတွင်း ခုန်ချမှု ဖြစ်ပွားခဲ့ပြီး လက်ရှိတွင် ရှာဖွေ ကယ်ဆယ်ရေး လုပ်ငန်းများ လုပ်ဆောင်နေကြောင်း သတင်းရရှိသည်။

 

အဆိုပါ မြစ်အတွင်း ခုန်ချသွားသူမှာ စစ်ကိုင်းမြို့မှ ဖြစ်ပြီး လက်ရှိတွင် မီးသတ် တပ်ဖွဲ့ဝင်များနှင့် အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့ (စစ်ကိုင်း) မှ ရေပြင် ရှာဖွေရေး လုပ်ငန်းများကို လုပ်ဆောင်နေပြီ ဖြစ်ကြောင်း ရှာဖွေရေးလုပ်ငန်းတွင် ပါဝင်နေသူတစ်ဦးက ပြောသည်။

၂၀၂၀ ခုနှစ်တွင် ဧရာဝတီမြစ်အတွင်း အဆိုပါတံတားပေါ်မှ ခုန်ချမှု၂ကြိမ် ဖြစ်ပွားခဲ့ပြီး ဇန်နဝါရီလက အမျိုးသား တစ်ဦးနှင့် မေလအတွင်း အမျိုးသမီး နှစ်ဦး ခုန်ချမှု ဖြစ်ပွားခဲ့သည်။

#Peacock


Spread the love
  •  
  •  
  •  
  •  
  •  
  •