ဧရာဝတီမြစ်ရေတက်လာမှုကြောင့် ဗန်းမော်-မန္တလေး မဟာဗျူဟာ လမ်းမပေါ် မြစ်ရေကျော်

Spread the love
  •  
  •  
  •  
  •  
  •  
  •  

ဧရာဝတီမြစ်ရေတက်လာမှုကြောင့် ဗန်းမော်-မန္တလေး မဟာဗျူဟာ လမ်းမပေါ် မြစ်ရေကျော်
‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗

ဗန်းမော်၊ စက်တင်ဘာ (၂၉)

ကချင်ပြည်နယ်၊ ဗန်းမော်မြို့နယ်တွင် ဧရာဝတီမြစ်ရေတက်လာမှုကြောင့် ဗန်းမော်-မန္တလေး မဟာဗျူဟာ ကားလမ်းမပေါ်သို့ မြစ်ရေကျော်တက်ခဲ့ ကြောင်း သိရသည်။

အဆိုပါ မြစ်ရေတက်လာမှုကြောင့် ယနေ့ နံနက် (၇) နာရီခွဲမှ စတင်၍ ဗန်းမော်မြို့နယ် မြလယ်ကျေးရွာ၊ လုံကန်ဘုရားအနီး၊ မိုင်တိုင်အမှတ်(KM 260.5)နှင့် (KM 261.5) အကြား၌ ရေဝပ်အလျား(၈၀)ပေ မြစ်ရေ(၁)ပေခန့် လည်းကောင်း၊ မြလယ်ကျေးရွာနှင့် ကောင်းတုံကျေးရွာအကြား မိုင်တိုင်အမှတ်(KM 264.5)နှင့် (KM 265.5)အကြား၌ ရေဝပ်အလျား (၁၀၀)ပေ မြစ်ရေ(၁)ပေခွဲခန့် လည်းကောင်း၊ ကောင်းတုံ အောင်မြေဘုရားအနီး၌ ရေဝပ်အလျား (၁၅၀)ပေ မြစ်ရေ (၈)လက်မခန့် လည်းကောင်း ဗန်းမော်-မန္တလေးမဟာဗျူဟာ ကားလမ်းမပေါ် အသီးသီး ရေကျော်ခဲ့ရာ မော်တော်ကား ယာဉ်ငယ်နှင့် ဆိုင်ကယ်များ ဖြတ်သန်းနိုင်ခြင်း မရှိတော့ဘဲ ကားကြီးများသာ ဖြတ်သန်းသွားလာ လျက်ရှိပြီး ဌာနဆိုင်ရာများနှင့် ကျေးရွာအုပ်ချုပ်ရေး အဖွဲ့တို့က ယာဉ်များ သွားလာရေး အန္တရာယ်ကင်းရှင်းစေရေးနှင့် ပြည်သူများသွားလာရေး အဆင်ပြေစေရန် ဝိုင်းဝန်းကူညီ ဆောင်ရွက် ပေးလျက်ရှိကြောင်း သိရသည်။

မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ ယနေ့၊ မွန်းတည့်(၁၂) နာရီခွဲအချိန် တိုင်းတာချက်အရ ဧရာဝတီမြစ်ရေသည် ဗန်းမော်မြို့၌ (၁၁၀၅)စင်တီမီတာ ရောက်ရှိနေပြီး စိုးရိမ် ရေမှတ်မှာ (၁၁၅၀) စင်တီမီတာဖြစ်သည်။

ဧရာဝတီမြစ်ရေတက်လာသဖြင့် ဗန်းမော်မြို့၊ မြေနိမ့်ပိုင်းဖြစ်သည့် ခွန်သာရပ်ကွက်အတွင်း မြစ်ရေဝင်ရောက်လာခြင်းကြောင့် လေးထပ် ဘုန်းတော်ကြီးကျောင်း၌ အိမ်ထောင်စု(၄၆)စု၊ လူဦးရေ(၂၁၈)ဦး၊ မင်းစည်ဘုန်းတော်ကြီးကျောင်း၌ အိမ်ထောင်စု(၄၀)စု၊ လူဦးရေ (၁၉၂)ဦး လာရောက် ခိုလှုံလျက်ရှိကြောင်း သိရသည်။

Ref; ကိန်းဖြူ(ပြန်/ဆက်)


Spread the love
  •  
  •  
  •  
  •  
  •  
  •