ဧရာဝတီလင်းပိုင်(အမ) တစ်ကောင် သေဆုံးလျက် တွေ့ရှိရ

Spread the love
  •  
  •  
  •  
  •  
  •  
  •  

ဧရာဝတီလင်းပိုင်(အမ) တစ်ကောင် သေဆုံးလျက် တွေ့ရှိရ

မန္တလေးတိုင်းဒေသကြီး၊ မတ္တရာမြို့နယ်၊ သူဌေးကုန်းကျေးရွာ၏ မြောက်ဘက် ကိုင်းတောအနီးတွင် ၂၉-၁၀-၂၀၂၀ ရက်နေ့ နံနက်ပိုင်းက လင်းပိုင်ငယ်တစ်ကောင် သေဆုံးနေသည်ကို တွေ့ရှိရကြောင်းနှင့် ဆယ်ယူပြီး ကုန်းပေါ်သို့ သယ်ယူထားကြောင်းကို ရေလုပ်သား ဦးကျော်ဆန်းက အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနသို့ သတင်းပေးပို့ခဲ့သည်။

အဆိုပါသတင်းပေးပို့မှုအရ မတ္တရာမြို့နယ် ငါးလုပ်ငန်းဦးစီးဌာနအဖွဲ့ ၊ နေပြည်တော်ငါးလုပ်ငန်းဦးစီးဌာနမှ ဒုဦးစီးမှူး ဦးဇော်မန်း ဦးဆောင်သော အဖွဲ့နှင့်အတူ အမှတ်(၁) ရေကြောင်းရဲ ကွပ်ကဲမှုအဖွဲ့ခွဲ၊ ဒေသခံ ဧရာဝတီလင်းပိုင်ထိန်းသိမ်းရေးအဖွဲ့တို့ မှ စစ်ဆေး မှတ်တမ်းရယူခဲ့ရာ သေဆုံးလင်းပိုင်မှာ အမဖြစ်ပြီး ခန္ဓာကိုယ်အလျား ၄ ပေ ၅ လက်မ၊ ခန္ဓာကိုယ်လုံးပတ်၂ ပေ ၁၀ လက်မ၊ အမြီးရွက်နှစ်ခု အစွန်းအကြား ၁ ပေ ၂ လက်မ၊ ရှေ့ရေယက်အလျား ၃ပေ ၆ လက်မ၊ ခန့်မှန်းအသက် ၁နှစ်ကျော်ခန့်၊ သွားမပေါက်သေးကြောင်း သိရသည်။

နေပြည်တော် ငါးလုပ်ငန်းဦစီးဌာနမှ ဒုဦးစီးမှူး ဦးဇော်မန်းနှင့် ဒေသခံ ရေလုပ်သားဦးကျော်ဆန်း ပြောပြချက်အရ ဧရာဝတီလင်းပိုင်များသည် ဧရာဝတီမြစ်အတွင်း ငါးများရှိရာ ချောင်းရိုး၊ လိုက်လံအစာရှာဖွေ စားသောက်သည့် အလေ့အထရှိခြင်းကြောင့် တရားမဝင် ဘက္ထရီရှော့တိုက် ငါးဖမ်းဆီးမှုနှင့် ရင်ဆိုင်တွေ့၍ ဧရာဝတီလင်းပိုင်ငယ် သေဆုံးခြင်းကြောင်း သိရသည်။

Photo-WCS Myanmar
#TheMandalayNewsJournal


Spread the love
  •  
  •  
  •  
  •  
  •  
  •