“ဧရာ၀တီမြစ်ဆုံစီမံကိန်း ဆက်လုပ်မည်ဟု ဒေါက်တာဇော်မြင့်မောင် ပြောဆို” ဆိုသောKhit Thit Media တွင် ဖော်ပြထားသော သတင်းသည် သတင်းအမှားသာဖြစ်ကြောင်းဒေါက်တာဇော်မြင့်မောင် ပြော
Khin Thit Media တွင် ဖော်ပြထားသော “ဧရာ၀တီမြစ်ဆုံစီမံကိန်း ဆက်လုပ်မည်ဟု ဒေါက်တာဇော်မြင့်မောင် ပြောဆို” ဆိုသော သတင်းသည် သတင်းအမှားသာဖြစ်ကြောင်း၊ ပြောဆိုခဲ့ခြင်းမရှိကြောင်း ယနေ့(ဩဂုတ် ၂၅) ညပိုင်းတွင် ဒေါက်တာဇော်မြင့်မောင်က မန္တလေးသတင်းဂျာနယ်သို့ အတည်ပြုပြောကြားသည်။
“ဧရာ၀တီမြစ်ဆုံစီမံကိန်း ဆက်လုပ်မယ်ဆိုပြီး မဖြေခဲ့ဘူး။ ရွေးကောက်ပွဲနီးတော့ နိုင်ငံရေးအောက်လုံးထိုးတာပေါ့ဗျာ။ မီဒီယာကျင့်ဝတ်နဲ့လည်း မညီပါဘူး။ ဒီလို နိုင်ငံရေးအောက်လုံးထိုး တိုက်ခိုက်တာတွေကတော့ အတော်ကို စိတ်ပျက်စရာကောင်းပါတယ်။”ဟု ဒေါက်တာဇော်မြင့်မောင်က ပြောကြားခဲ့သည်။
#TheMandalayNewsJournal