ဩစတေးလျမှာ_Covid_ပြန်ခေါင်းထောင်လာ

Spread the love
  •  
  •  
  •  
  •  
  •  
  •  

🇦🇺 #ဩစတေးလျမှာ_Covid_ပြန်ခေါင်းထောင်လာတဲ့ကိစ္စ။

▪️June လ 6 ရက်နေ့မှာ Covid လူနာအသစ်မတွေ့ဘူးလို့ ဗစ်တိုးရီယားပြည်နယ်နဲ့ နယူးဆောက်ဝေးလ်ပြည်နယ်တွေက ကြေညာတယ်။

▪️ဩစတေးလျအခြေအနေတည်ငြိမ်လာတော့ နယူဇီလန်နဲ့ပေါင်းပြီး travel bubble ခရီးသွားပူဖောင်းဖွဲ့ကြတယ်။

▪️လွန်ခဲ့တဲ့ နှစ်လတုန်းက ဩစတေးလျဝန်ကြီးချုပ်က တနိုင်ငံလုံးတင်းကျပ်ထားမှုတွေကို July လအကုန်မှာ #ပယ်ဖျက်ရေးအတွက် အဆင့် 3 ဆင့်နဲ့ အစီအစဉ်ချပါတယ်။

▪️အခုတော့ Lockdown တွေပြန်စပြီး အဲ့ဒီ July လအကုန် အားလုံးပြန်ဖွင့်မယ့် အစီအစဉ်က သဲထဲရေသွန်ဖြစ်သွားပါပြီ။

▪️ June လ 20 ရက်နေ့မှာ ဗစ်တိုးရီယားပြည်နယ်မှာ #ပြန်လည်တင်းကျပ်မှုတွေလုပ်ရမယ်လို့ ကြေညာတယ်။ Community လူထုကြားမှာ ကူးစက်မှုတွေပြန်တွေ့မှုများလာလို့ ဖြစ်တယ်။

▪️အင်္ဂါနေ့ အထိ ဩစတေးလျရဲ့ နေ့စဉ်တွေ့ရှိမှုက 191 ယောက်အထိဖြစ်လာတယ်။

▪️Lockdown ပြန်ဖြစ်လာတဲ့အတွက် panic buying လို့ခေါ်တဲ့ ကုန်ပစ္စည်းတွေ အလုအယက်ဝယ်မှုတွေ ပြန်ဖြစ်ကုန်တယ်။

#ဘာဖြစ်လို့အဲ့လိုကမောက်ကမတွေဖြစ်ကုန်တာလဲ⁉️

🔥 အဓိကက #စည်းကမ်းဖောက်ဖျက်မှုကြောင့် အခုလိုရောဂါကူးစက်ကုန်တာဖြစ်တယ်။

​🔥 COVID-19 ကို မနိုင်မနင်းဖြစ်စေတာက အပြင်မီးဖြစ်တဲ့ #ရောဂါရှိတဲ့ပြည်ပနိုင်ငံကအဝင်ကနေကူးစက်ပြန့်ပွားမှုဖြစ်တာ။

🔥 #ပြည်တွင်းမှာလူတွေကစည်းကမ်းမလိုက်နာပဲလျော့ရိလျော့ရဲနေကြတာ။

အခုဟာက နှစ်ချက်စလုံးနဲ့ငြိပါတယ်။

📰 Herald Sun သတင်းစာရဲ့အဆိုအရ…

👉 quarantine ဝင်နေတဲ့ #ရောဂါရှိနိုင်တဲ့သူတွေနဲ့ quarantine center ကို #စောင့်တဲ့အစောင့်တွေက #အခုတွေ့အခုအတူအိပ်ကြတဲ့အထိ ဖြစ်ကုန်ကြတာရှိတယ်။

👉 အဲဒီ quarantine ဝင်နေတဲ့ ရောဂါရှိနိုင်တဲ့သူတွေနဲ့ #အတူအိပ်ထားတဲ့အစောင့်တွေနဲ့ ကျန်အစောင့်တွေက #ကားကိုအတူရှယ်သုံးကြတယ်။ #ဆေးလိပ်မီးခြစ်အတူသုံးကြတယ်။ အဲ့ဒီကနေ အစောင့်တွေကြားမှာ ကူးစက်မှုပြန့်ပွားသွားတယ်။

👉 အဲ့ဒီကနေ အစောင့်မိသားစုဝင်တွေအကြား ကူးစက်ပြန့်ပွားသွားတယ်။

👉 မိသားစုတွေ တစ်ခန်းနဲ့တစ်ခန်း ကူးလူးသွားလာကြတယ်လို့ရေးထားတယ်။ quarantine center မှာ အခန်းကူးကြတာကို ပြောပုံရတယ်။

👉 တကယ်က quarantine ဝင်စဉ်မှာ အခန်းကူးတာ မလုပ်သင့်ဘူး။ ခြင်းအတူခပ်တာမလုပ်သင့်ဘူး။ ရောဂါရှိသူကနေ တစ်ဖွဲ့လုံးကို ကူးသွားနိုင်တယ်။

👉 အစောင့်တွေရဲ့မိသားစုတွေက ငွေကြေးမချမ်းသာကြတဲ့အသိုင်းအဝိုင်းတွေဖြစ်ပြီး အဲ့ဒီလူတွေကြားမှာ social distancing လို့ခေါ်တဲ့ #ခပ်ခွာခွာနေမူကိုမလိုက်နာပဲ တစ်အိမ်နဲ့တစ်အိမ် #အိမ်လည်ကြ။ မိသားစုပွဲတွေကျင်းပကြရာက ကူးစက်ပြန့်ပွားသွားစေပါတယ်။

👉 PPE 🥼🥽🧤 တွေကို စနစ်တကျမသုံးတာတွေလည်းရှိတော့ ရောဂါကူးတာရှိတယ်။

👉 လူမှုအဖွဲ့အစည်းတွေကတော့ အစိုးရဟာ လူထုကျန်းမာရေးသတိပေးမှုကို #မတူညီတဲ့လူမျိုးဘာသာစကားနဲ့ မဖြန့်ဝေပေးခဲ့တဲ့ကိစ္စကို ထောက်ပြတယ်။

ကျန်းမာရေးအသိပညာပေးတာ မထိရောက်ရင် ဘယ်သူမှစည်းကမ်းသေချာလိုက်နာမှာ မဟုတ်ဘူးတဲ့။

ဗစ်တိုးရီးယားပြည်နယ်ကို နယူးဆောက်ဝေးလ်ပြည်နယ်က နှစ် 100 အတွင်း စပိန်တုပ်ကွေးကပ်တုန်းကလိုပဲ နယ်စပ်ပိတ်ချထားတယ်။

ဘာပဲဖြစ်ဖြစ် ဩစတေးလျမှာ Covid #ပြန်လည်ခေါင်းထောင်လာတဲ့ကိစ္စကိုသင်ခန်းစာယူတတ်ဖို့လိုပါတယ်။

အခုတော့ ဗစ်တိုးရီးယားပြည်နယ်မှာ Lockdown ခြောက်ပတ်ပြန်ဝင်နေရပြီ။ ဘယ်လောက်ထပ်တိုးမယ် မသိရသေးဘူး။ #စီးပွားရေးပြန်ထိခိုက်တော့မယ်။

အိမ်ယာတစ်ခုက လူ 3000 ကို အိမ်ယာကနေ အပြင်ကို အစားအစာကိစ္စနဲ့တောင် ပေးမထွက်ဘူး။ ဝူဟန်မှာ တင်းတင်းကျပ်ကျပ်ကိုင်သလို ကိုင်နေတယ်လို့ ဆိုပါကြောင်း။

https://www.facebook.com/Richard-Myo-Thant-109119807474881/

https://www.facebook.com/richard.myothant

Richard Myo Thant
8-July-2020

 


Spread the love
  •  
  •  
  •  
  •  
  •  
  •