၁၂ နှစ်ကြာမှမိတဲ့ စင်္ကာပူက မုဒိန်းမှု

Spread the love
  •  
  •  
  •  
  •  
  •  
  •  

 

Rape_Examination DNA Kit
—————————-
၂၀၀၂ ခုနှစ်က စင်ကာပူမှာ ၁၂ နှစ်အရွယ် ကျောင်းသူလေး မနက်စောစော ကျောင်းအသွားမှာ မုဒိမ်းကျင့်ခံရပါတယ်။

အဲ့အချိန်က ကျနော်က ကျောင်းကနေ National Police Cadet Corps ထဲ ဝင်ဖို့လုပ်နေတာမို့ ရဲနဲ့ပတ်သက်တာတွေ စိတ်ဝင်တစား လေ့လာနေတဲ့အချိန်ပါ။

အဲဒီအမှုက တရားခံကိုလုံးဝခြေရာခံလို့ မရခဲ့ပါဘူး။ တော်တော့ကိုခံပြင်းစရာကောင်းတာပါ။ ၂၀၁၄ မှာ အဲ့ဒီတရားခံမိပြီဆိုတဲ့ သတင်းဖတ်လိုက်ရပါတယ်။

DNA 🧬 Swab Test လုပ်ထားတဲ့ ကျေးဇူးပါ။ အဲ့ဒီ case အကြောင်းပြောရရင် ကလေးမလေးက မနက် 7 နာရီလောက်မှာ ကျောင်းသွားပါတယ်။

အသစ်ဆောက်ပြီးကာစ HDB တိုက်အောက်အရောက်မှာ ကောင်မလေးကို အသက် 20 ကျော် လူတစ်ယောက်က လူပြတ်တဲ့ တိုက်ထဲအတင်းခေါ်သွင်းကာ စက္ကူပုံးဖြတ်တဲ့ဓားပြပြီး မုဒိန်းကျင့်ခဲ့တာပါ။

ကျနော်တို့လည်း အဲ့ဒီအမှုကို အတော့်ကိုစိတ်ဝင်စားပါတယ်။ စင်ကာပူရဲက ဘယ်လိုမှ လိုက်လို့မရခဲ့ပါ။ ဘာ CCTV မှမရှိတဲ့တိုက်အသစ်မှာဖြစ်တဲ့အမှုပါ။

အရေးအကြီးဆုံးက #ရဲကသက်သေအဖြစ် DNA swab ကို #ကလေးမလေးဆီကယူထားနိုင်ခဲ့ပါတယ်။

ကောင်မလေးခမျာမှာ #ဘဝအညွန့်ကျိုးပြီးစိတ်ထိခိုက်မှုအကြီးအကျယ်ဖြစ်ကာ ကျောင်းပါမသွားရဲတော့ပဲ ကျောင်းထွက်သွားပါတယ်။

အင်မတန်ကို သနားစရာကောင်းတဲ့အဖြစ်အပျက်မို့ ကျနော်အမြဲအမှတ်ရနေမိပါတယ်။

မုဒိန်းကောင်ကို ရဲကလိုက်လို့မရခဲ့တာက အဲ့ဒီလူကမလေးရှားက တရုတ်လူမျိုးဖြစ်ပြီး မလေးရှားဘက်ကို ပြန်ပြေးသွားလို့ပါ။

မလေးရှားမှာ သူကအိမ်ထောင်ကျပြီး ကလေးနှစ်ယောက်ရပါတယ်။ ၂၀၁၄ ခုနှစ်မှာ စင်ကာပူမှာ လက်သမားလာလုပ်ရင်း ခိုးမှုနဲ့ ရဲကခေါ်စစ်ပါတယ်။

အဲ့ဒီမှာ ရဲက သူ့ DNA ကိုယူပြီး အရင်ရာဇဝတ်မှုရှိမရှိစစ်ဆေးတဲ့အခါမှာ လွန်ခဲ့တဲ့ ၁၂ နှစ်ကျော်က မုဒိန်းမှုနဲ့ အလိုရှိနေတဲ့ DNA profile ဖြစ်နေပါတယ်။

အဲ့ဒီမှာ #ရာဇဝတ်ဘေးပြေးမလွတ်တော့ပဲ မုဒိန်းမှုတရားခံကို အပြစ်ဒဏ်ကြီးကြီးပေးနိုင်ခဲ့ပါတယ်။

အခု DNA Test အကြောင်း ပြောပါမယ်။

👉 ပုံမှာကြည့်ပါ။ DNA 🧬 profile သည် တစ်ဘီလီယံမှာ အတူတူ တိုက်ဆိုင်ဖို့ မလွယ်ပါ။ ထို့ကြောင့် DNA profile တူနေလျှင် လူတူအမွှာမဟုတ်လျှင် လက်ပူးလက်ကျပ်မိနိုင်ပါသည်။

၁။ အရေးအကြီးဆုံးက victim ခံရသူ၊ သက်သေနဲ့ ဖော်မည့်သူ whistleblower တို့ရဲ့ လုံခြုံရေးပါ။ နူတ်ပိတ်မခံရရေး သဲလွန်စ အဖျောက်အဖျက်မခံရရေး အရေးအကြီးဆုံးပါ။

၂။ Sexually Transmitted Infections (STI) လိင်မှရောဂါအကူးမခံရရေး အရေးကြီးပါသည်။

၃။ သိသိခြင်း Police report ရဲကိုအကြောင်းကြားပါ။ အမှုဖြစ်ခဲ့တဲ့နေရာကို တခြားလူမဝင်အောင် တားပါ။ နေရာမှ ပစ္စည်းများမရွှေ့ရပါ။ အခင်းဖြစ်နေရာကို ဓါတ်ပုံရိုက်ပါ။

၄။ victim ခံရသူကို ရေချိုးပေးခြင်း မလုပ်ပါနှင့်။ အိမ်သာအသုံးပြုခြင်း မပြုလုပ်ပဲ DNA test လုပ်နိုင်လျှင် ပိုကောင်းပါသည်။

၅။ ခံရသူကို အဝတ်မလဲပေးပါနှင့်။ လဲပေးခဲ့ပြီးလျှင် ကျွတ်ကျွတ်အိတ် “အသစ်”ရှာ၍ အဝတ်များကို ထုပ်ပိုးပါ။ document envelopes လို့ စက္ကူအိတ်ကြီးအသစ်ရလျှင် စက္ကူအိတ်အသစ်ကို သုံးပါ။ ဆံပင်ဖီးပေးခြင်း၊ အဝတ်ကိုခါခြင်း မပြုလုပ်ရပါ။

၆။ နိုင်ငံခြားတွင် victim ခံရသူကို စက္ကူစအကြီးကြီးပေါ်တွင် ပတ်တပ်ရပ်ခိုင်းကာ အဝတ်လဲခြင်း၊ ဆံပင်ဖီးခြင်းပြုလုပ်လေ့ရှိသည်။

၇။ DNA 🧬 Swab kit ဆိုတာ ဘာတွေပါလဲ?
– အဝတ်နဲ့ တခြားသက်သေတွေသိမ်းဖို့ စက္ကူအိတ်ပါမယ်။
– အသုံးပြုနည်းစာရွက်ပါပါမယ်။
– လက်အိတ်နဲ့ ပလတ်စတစ် အပိတ်အိတ်တွေပါပါမယ်။
– အဝတ်လဲဖို့နဲ့ သက်သေပစ္စည်းကောက်ဖို့ စက္ကူစကြီးကြီးပါပါမယ်။
– သွေးနဲ့ ဆီး နမူနာယူဖို့ tubes 🧪 နဲ့ ဘူးတွေပါပါမယ်။
– Dental floss နဲ့ သစ်သားချောင်းလေးများက လက်သဲစနမူနာယူဖို့ပါပါမယ်။
– မှန်ပြားလေးတွေ ပါပါမယ်။
– မှတ်တမ်းယူစာရွက်နဲ့ label 🏷 တွေပါပါမယ်။
– ပိုးသတ်ထားတဲ့ရေဘူးပါပါမယ်။
– နားကြပ်တဲ့ cotton pads တွေပါပါမယ်။

👉 အရေးအကြီးဆုံးက နမူနာယူမည့်ပစ္စည်းများသန့်ဖို့ပါ။

👉 အမှုဖြစ်တဲ့နေရာနဲ့ victim ခံရသူဆီမှ ဖြစ်ဖြစ်ခြင်း ၇၂ နာရီအတွင်း DNA 🧬 နမူနာရဖို့ကြိုးစားပါ။

👉 Rape Kit/ Forensic medical exam သည် Police Report ရဲကိုအကြောင်းပြီးမှ လုပ်ရပါမည်။

👉 CCTV နှင့်အခြား သက်သေများသည် ရဲနှင့်သာဆိုင်ပါသည်။

အထက်ပါအရာများကို သိထားသင့်ပါကြောင်း။

https://www.facebook.com/Richard-Myo-Thant-109119807474881/

https://www.facebook.com/richard.myothant

Richard Myo Thant
23-June-2019


Spread the love
  •  
  •  
  •  
  •  
  •  
  •