၁၃.၁၀.၂၀၂၀ ရက်နေ့နံနက် ၀၆၀၀ အချိန်မှ စတင်၍ ရန်ကုန်တိုင်းအတွင်းမှအမြန်လမ်းမကြီးပေါ်သို့ တက်ရောက်လာသည့်ယာဉ်များအားလုံးမှ ယာဉ်ပေါ်ပါသူအားလုံးကို COVID-19 ရောဂါပိုးမရှိကြောင်း ထောက်ခံစာ ပါရှိခြင်း ရှိ/မရှိစစ်ဆေးသွားမည်

Spread the love
  •  

ခရီးသွားပြည်သူများသို့ပန်ကြားချက်

13 – 10 – 2020 ရက်နေ့နံနက် ၀၆၀၀ အချိန်မှ စတင်၍

အမြန်လမ်းမကြီး မိုင်တိုင် (၀/၅) နှင့် (၀/၆)အကြား
ရန်ကုန် – မန္တလေးသွားလမ်း၌ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၏အစီအမံဖြင့်

ရန်ကုန်တိုင်းဒေသကြီးနယ်မြေအတွင်းမှအမြန်လမ်းမကြီးပေါ်သို့ တက်ရောက်လာသည့်ကုန်တင်ယာဉ်၊
ခရီးသည်တင်ယာဉ်နှင့်အိမ်စီးကိုယ်ပိုင်ယာဉ်များအားလုံးမှယာဉ်မောင်း၊ ယာဉ်နောက်လိုက်နှင့်ယာဉ်ပေါ်ပါသူအားလုံးCOVID-19 ရောဂါပိုးမရှိကြောင်း ထောက်ခံစာ
ပါရှိခြင်း ရှိ/မရှိစစ်ဆေးသွားမည်ဖြစ်ပြီးထောက်ခံစာပါရှိသူများကိုဆက်လက်သွားလာစေမည်ဖြစ်ကာ

ထောက်ခံစာမပါရှိသည့်ယာဉ်မောင်း၊ ယာဉ်နောက်လိုက်နှင့်ယာဉ်ပေါ်ပါရှိသူများအားကျန်းမာရေးဝန်ထမ်းများ၏
စစ်ဆေးမှု ခံယူပြီးCOVID – 19 ရောဂါပိုး မရှိကြောင်း
စစ်ဆေးတွေ့ရှိမှသာထောက်ခံချက်ပေးပြီး
ဆက်လက်သွားလာစေမည်ဖြစ်ပါကြောင်း

သိရှိနိုင်စေရန်နှင့်လိုအပ်သည်များကိုကြိုတင်ပြင်ဆင်ဆောင်ရွက်နိုင်စေရန်အသိပေးဖော်ပြအပ်ပါသည်။

Source – အမြန်လမ်းကြီး ရဲတပ်ဖွဲ့မှူး ရုံး

Spread the love
  •  
  •  
  •  
  •  
  •  
  •