၁၄-၉-၂၀၂၀ ရက်နေ့၊ မွန်းလွဲ၃နာရီခွဲအထိ အသက် ၇၀ရှိ Case-2504နှင့် အသက် ၇၂နှစ်ရှိ Case-1987တို့ ထမ်မံသေဆုံး၊ သေဆုံးသူ ၂၆ဦးရှိ
COVID-19 ရောဂါစောင့်ကြပ်ကြည့်ရှုမှုနှင့်ပတ်သက်၍ သတင်းထုတ်ပြန်ခြင်း
၁။ ယမန်နေ့ (၁၃-၉-၂၀၂၀) ရက်နေ့ COVID-19 ရောဂါ ဓာတ်ခွဲစစ်ဆေးရာတွင် တွေ့ရှိခဲ့ရသည့် COVID-19 လူနာများတွေ့ရှိမှုအခြေအနေများကို ဖော်ပြအပ်ပါသည်။
၂။ မြောက်ဥက္ကလာပဆေးရုံကြီး တွင် တက်ရောက်ကုသမှုခံယူလျက်ရှိသော အသက် (၇၀) နှစ်အရွယ် သွေးတိုးရောဂါအခံရှိသူ အမျိုးသား (Case-2504) သည် ပြင်းထန်အဆုတ်ရောင်ရောဂါ ကြောင့် ရုတ်တရက်အသက်ရှူ လမ်းကြောင်း ပျက်စီးခြင်းရောဂါဖြင့် (၁၃-၉-၂၀၂၀) ရက်နေ့၊ ညနေ (၄:၀၀) နာရီအချိန်တွင် သေဆုံးသွားခဲ့ပါသည်။
၃။ ဝေဘာဂီအထူးကုဆေးရုံကြီးတွင် တက်ရောက်ကုသမှုခံယူလျက်ရှိသော အသက် (၇၂) နှစ် အရွယ် ဆီးချိုရောဂါ၊ သွေးတိုး နှင့် နှလုံးသွေးကြောကျဉ်းရောဂါအခံရှိသူ အမျိုးသား (Case-1987) သည် ပြင်းထန်အဆုတ်ရောင်ရောဂါ ကြောင့် ရုတ်တရက်အသက်ရှူ လမ်းကြောင်း ပျက်စီးခြင်း၊ ကျောက်ကပ်ပျက်စီးခြင်း ရောဂါဖြင့် (၁၄-၉-၂၀၂၀) ရက်နေ့၊ နံနက် (၆:၃၆) နာရီ အချိန်တွင် သေဆုံး သွားခဲ့ပါသည်။
၄။ သို့ဖြစ်ပါ၍ COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြုလူနာများအနက် သေဆုံးသူစုစုပေါင်း (၂၆)ဦး ရှိပြီဖြစ်ပါသည်။
#Ministry_of_Health_and_Sports, #MoHS, #COVID19LabResults, #ကိုရိုနာဗိုင်းရပ်စ်, #ဓာတ်ခွဲအဖြေ
https://www.mohs.gov.mm/