၁၉၉၁ က ဆိုဗီယက်ပြည်​ထောင်စုရဲ့ မအောင်မြင်တဲ့အာဏာသိမ်းမှု

Spread the love
  •  
  •  
  •  
  •  
  •  
  •  

၁၉၉၁ #မအောင်မြင်တဲ့အာဏာသိမ်းမှု
=========================
၁၉၉၁ ဩဂတ်စ်လမှာ ကွန်မြူနစ်ခေါင်းဆောင်တွေက ဆိုဗီယက်ပြည်ထောင်စုကြီးရဲ့ခေါင်းဆောင် မီခိုင်းဂိုဘာချောဗ့်ဆီက အာဏာသိမ်းဖို့ကြိုးစားခဲ့ပါတယ်။

အာဏာသိမ်းတဲ့အဖွဲ့က the State Committee on the State of Emergency (GKChP) နိုင်ငံတော်အရေးပေါ်ကောင်စီကို ဖွဲ့စည်းခဲ့ပါတယ်။

မြန်မာကအခုစစ်ကောင်စီဖွဲ့စည်းပုံနဲ့ဆင်ပါတယ်။

▪️Yanayev ယနာယက်က ဒုသမ္မတ

▪️Pavlov ပက်လော့က ဝန်ကြီးချုပ်

▪️Dmitry Yazov ယာဇော့ဗ်က ကာချုပ်

▪️Pugo ပူဂိုက ပြည်ထဲရေးဝန်ကြီး

▪️Kryuchkov ကာယူချကောဗ့်က KGB ခေါင်းဆောင်

(အသံထွက်တွေက ရုရှားအသံထွက်အမှန်တွေမဟုတ်ပါ။ အရင်ကသတင်းစာဆရာတွေရေးခဲ့ဖူးတဲ့အသံအတိုင်းဖော်ပြတာပါ။)

အာဏာသိမ်းကောင်စီ GKChP ဟာ ပြင်ဆင်မှုတွေလုပ်ပါတယ်။

▪️ဆိုဗီယက်ပြည်ထောင်စုကြီးရဲ့ခေါင်းဆောင် မီခိုင်းဂိုဘာချောဗ့်ကို ခရိုင်းမီးယားမှာထိန်းသိမ်းထားပါတယ်။

▪️နိုင်ငံတော်ကို အရေးပေါ်အခြေအနေကိုကြေညာပါတယ်။

▪️Pskov စက်ရုံကနေ လက်ထိပ်ပေါင်း ၂ သိန်းခွဲကိုမော်စကိုမြို့တော်ကိုပို့ပေးဖို့ မှာယူပါတယ်။

▪️လူပေါင်း ၃ သိန်းစာကိုဖမ်းဖို့ ဖမ်းဝရမ်းစာရွက်တွေပြင်ဆင်ပါတယ်။

▪️Lefortovo အကျဉ်းထောင်ကို ထောင်သားတွေလုံးဝမရှိပဲ ဖမ်းဆီးမယ့်သူတွေထည့်ဖို့ ပြောင်တလင်းခါအောင်ရှင်းထားပါတယ်။

▪️ကေဂျီဘီဝန်ထမ်းတွေကို လစာ ၂ ဆတိုးပေးလိုက်ပြပြီး အာဏာသိမ်းမှုအောင်မြင်အောင်စီမံပါတယ်။ အဲ့ဒီအချိန်မှာ KGB ကဆိုဗီယက်မှာ အားလုံးကအကြောက်ရဆုံးထောက်လှမ်းရေးတပ်ဖွဲ့ပါ။

▪️သူတို့သတင်းစာကလွဲလို့မော်စကိုရှိ သတင်းစာအားလုံးကို ပိတ်ပင်လိုက်ပါတယ်။

ရုရှား ရေဒီယို Rossii နဲ့ TV Rossii တို့ကိုအသံလွှင့်တာဖြတ်တောက်လိုက်ပါတယ်။

▪️ယနာယက်ကသူ့ကိုယ်သူ ဆိုဗီယက်ရဲ့သမ္မတအဖြစ်ယာယီတာဝန်ယူကြောင်း ကြေညာလိုက်ပါတယ်။

အခြေအနေက ဆိုဗီယက်ပြည်ထောင်စုကြီးဟာ အာဏာသိမ်းကောင်စီ GKChP ရဲ့ဥက္ကဋ္ဌယနာယက်ရဲ့ ထိန်းချုပ်မှုအောက်ကိုရောက်သွားပြီလို့ယူဆရပါတယ်။

အာဏာသိမ်းကောင်စီ GKChP ထိန်းချုပ်လို့မရတာက ရုရှားလူထုပါ။

ရုရှားလူထုကပြုပြင်ပြောင်းလဲရေးလုပ်နေတဲ့ ဂိုဘာချော့ဗ်ကို #ဖမ်းဆီးထိန်းသိမ်းထားတာကိုမကျေနပ်ကြပါဘူး။ တိုင်းပြည်အတွင်း #စီးပွားရေးကျပ်တည်းနေချိန်မှာအာဏာသိမ်းတာကိုလည်း မကျေနပ်ကြပါဘူး။

အာဏာသိမ်းကောင်စီ GKChP က ရုရှာဖက်ဒရေးရှင်းရဲ့သမ္မတ ဘောရစ်ယဲ့စင်ကို မဖမ်းဆီးလိုက်နိုင်ပါဘူး။ အဲ့ဒါကအဓိကပျော့ချက်ပါ။

အရေးပေါ်အချိန်မှာခေါင်းဆောင်မှုပေးမယ့် ယဲ့စင်နဲ့ အာဏာသိမ်းတာကိုလက်မခံတဲ့ လူထုတို့ချိတ်ဆက်မိသွားပါတော့တယ်။

ယဲ့စင်က ဂိုဘာချောဗ့်ကို ပြန်လွှတ်ပေးဖို့နဲ့ လူထုကိုအထွေထွေသပိတ်မှောက်ကြဖို့ ဆော်ဩခဲ့ပါတယ်။

ရုရှားဖက်ဒရေးရှင်းရဲ့သမ္မတယဲ့စင်၊ ဝန်ကြီးချုပ် အိုင်ဗန်ဆီလာယက် နဲ့ လွှတ်တော်ဥက္ကဋ္ဌ ချက်စ်ဘူလာတော့ဗ် တို့က လူထုကို လိုအပ်တဲ့ခေါင်းဆောင်မှုကို ပေးနိုင်ခဲ့ပါတယ်။

အဲ့ဒီမှာ သူရဲကောင်းက ဗိုလ်မှူး အက်ဒိုကီမော့ဗ်ပါ။ သူကရုရှားတင့်ကားတပ်ရင်းTamanskaya Division ရဲ့ခေါင်းဆောင်ပါ။

သူက အိမ်ဖြူတော်ကို ထိန်းသိမ်းထားတဲ့တပ်ရင်းခေါင်းဆောင်ပါ။ သူက ရုရှားဖက်ဒရေးရှင်းကို သစ္စာခံကြောင်းထုတ်ပြန်ကြေညာလိုက်ပါတယ်။

အဲ့ဒီမှာ ယဲ့စင်က တင့်ကားတစ်စီးပေါ်တက်ပြီး လူထုကိုမိန့်ခွန်းပြောပါတယ်။မထင်မှတ်ပဲနဲ့ အဲ့ဒီဖြစ်ရပ်တွေဟာ အာဏာသိမ်းမီဒီယာရဲ့ ညနေသတင်းမှာပါသွားပါတယ်။

ဩဂတ်စ်လ ၂၀ ရက်နေ့

​မော်စကိုမြို့တော်ကလူထုဟာ လမ်းပေါ်ကိုထွက်လာကြပြီး အိမ်ဖြူတော်ကို လူထုအားနဲ့ဝိုင်းရံပေးကြပါတယ်။

လမ်းကိုလျှပ်စစ်ကားတွဲထရော်လီတွေ၊ သံပန်းတံခါးတွေ၊ တာယာတွေ၊ ရရာပစ္စည်းတွေနဲ့ စစ်ကားတွေတက်မလာနိုင်အောင် လမ်းပေါ်မှာအတားအဆီးတွေလုပ်ကြပါတယ်။

အာဏာသိမ်းကောင်စီ GKChP က မော်စကိုက ရုရှားပါလီမန်အဆောက်အဦးဖြစ်တဲ့ အိမ်ဖြူတော်ကိုတက်သိမ်းဖို့ ပြင်ဆင်ပါတယ်။

အဲ့လိုတက်သိမ်းဖို့အတွက် ယာနာယက်က မော်စကိုရဲ့ စစ်ကောင်စီဥက္ကဋ္ဌဗိုလ်ချုပ် ကာလီနင်ကိုအမိန့်ပေးပါတယ်။

အဲ့လိုဝင်သိမ်းမယ့်စစ်ဆင်ရေးကို Operation Grom မိုးကြိုးစစ်ဆင်ရေးလို့အမည်ပေးပါတယ်။

လေထီးဆင်းပြီးသိမ်းမယ့်တပ်ဖွဲ့တွေ၊
Alpha Group နဲ့ Vympel elite အထူးတပ်ဖွဲ့တွေ၊
OMON, ODON တပ်ဖွဲ့တွေ၊
တင့်ကားတပ်ဖွဲ့ကြီးသုံးဖွဲ့၊
စစ်ရဟတ်ယာဉ်တပ်ဖွဲ့ တစ်ဖွဲ့ပါပေါင်းပြီး အပြီချေမှုန်းဖို့ အိမ်ဖြူတော်ကိုအမှုန့်ချေမလို့ ပြင်ဆင်ပါတယ်။

တင်ကားနဲ့သံချပ်ကာယာဉ်တန်းကြီးဟာ အိမ်ဖြူတော်ဆီချီတက်လာပါတယ်။

မော်စကိုမြို့တော်ကို ကာဖျူး ည ၁၁ နာရီကနေ မနက် ၅ နာရီအထိထုတ်ပြန်လိုက်ပါတယ်။

သဘောက ရုရှားပါလီမန်အိမ်ဖြူတော်ကို ဝိုင်းရံထားပေးတဲ့ ရုရှားလူထုကြီးကို ပစ်ခတ်သတ်ဖြတ်နိုင်ဖို့ ကာဖျူးလုပ်ပေးလိုက်တာပါ။

ဩဂတ်စ်လ ၂၁ ရက်နေ့

မနက်အစောကြီး ၁ နာရီမှာ Taman Guards တွေရဲ့ သံချပ်ကာကားတပ်ရင်းက လမ်းပေါ်ကအတားအဆီးကိုဝင်ရှင်းပါတယ်။

အဲ့ဒီမှာ အာဏာရှင်ကိုတွန်းလှန်တဲ့ပြည်သူလူထုဘက်က (၃) ယောက်ကျဆုံးခဲ့ပါတယ်။

Dmitry Komar ဟာ အသက် ၂၂ နှစ်ပဲရှိသေးတဲ့ အာဖကန်နစ္စတန်ကပြန်လာတဲ့စစ်ပြန်တစ်ယောက်ပါ။ သူက သွားနေတဲ့သံချပ်ကာကားအဖုံးကို ရဲရဲတင်းတင်းတက်ဖွင့်ဖို့ ကြိုးစားရင် ပစ်သတ်ခံရပြီး ကားနဲ့အကြိတ်ခံရပါတယ်။

Komar ကိုကူညီရင်း Usov ဆိုတဲ့ အသက် ၃၇ နှစ်ရှိ စီးပွားရေးပညာရှင်တစ်ယောက်က ကျည်ဆန်မှန်ပြီးကျဆုံးပါတယ်။

အသက် ၂၇ နှစ်ရှိ ဗိသုကာပညာရှင် Krichevsky ဟာ ထွက်ပြေးတဲ့တပ်ကနေပစ်သွားလို့ သေဆုံးပါတယ်။

ဒါပေမယ့် အဲ့ဒီလိုလူတွေသွေးမြေကျအပြီးမှာ ဆိုဗီယက်စစ်တပ်ကအိမ်ဖြူတော်ကို တိုက်ခိုက်တာကိုရပ်လိုက်သလို ပြည်သူလူထုဘက်ကလည်းရပ်လိုက်ပါတယ်။

ရှေ့တန်းမှာနာဇီဂျာမနီကို လက်သံပြောင်ပြောင်နဲ့တိုက်လာတဲ့ ဆိုဗီယက်စစ်တပ်ကြီးဟာ ကိုယ့်ပြည်သူပြည်သားတွေသွေးမြေကျတဲ့အခါမှာ ရက်ရက်စက်စက်လူမဆန်အောင် ပစ်ခတ်သတ်ဖြတ်ခြင်းမပြုလုပ်တော့ပါဘူး။

“#လူစိတ်ရှိတဲ့လူလားရှုးတိုက်တိုင်းကိုက်တဲ့ခွေးလားဆိုတာအဲ့မှာကွဲပြားသွားပါတယ်။”

စစ်တပ်ကြီးဟာ မော်စကိုမြို့တော်ကနေ မနက် ၈ နာရီမှာပြန်ဆုတ်ခွာသွားပါတယ်။

အောက်ခြေစစ်တပ်လူမှန်လို့လူစိတ်ရှိရင် အပေါ်ကအမိန့်ပေးတဲ့ ခေါင်းဆောင်တွေကဘာမှလုပ်မရတော့ပါဘူး။

အာဏာသိမ်းကောင်စီ GKChP ဝင်တွေဟာ ကာကွယ်ရေးဝန်ကြီးဌာနမှာဆုံတွေ့ကြပြီးတော့ ဘာဆက်လုပ်ရမှန်းမသိတော့ပါဘူး။ #သူတို့ရှုံးနိမ့်သွားပါပြီ။

အာဏာသိမ်းကောင်စီ GKChP က သူတို့ထိန်းသိမ်းထားတဲ့ ဂိုဘာချောဗ့်နဲ့သွားတွေ့ဖို့ ကာယူချကောဗ့်၊ ယာဇော့ဗ်နဲ့ ဘာကလန်နောဗ့်တို့ပါတဲ့ (၆) ယောက်အဖွဲ့ကို စေလွှတ်လိုက်ပါတယ်။

ဂိုဘာချော့ဗ်က ခပ်တင်းတင်းပဲ လုံးဝအတွေ့မခံပါ။

ဂိုဘာချော့ဗ်က အာဏာသိမ်းကောင်စီ GKChP ကိုဖျက်သိမ်းကြောင်းနဲ့ အာဏာသိမ်းတဲ့ကိစ္စကို စုံစမ်းအရေးယူဖို့အမိန့်ပေးလိုက်ပါတယ်။

ဩဂတ်စ်လ ၂၂ ရက်နေ့

ဂိုဘာချော့ဗ်ကြီးမော်စကိုမြို့တော်ကိုပြန်ရောက်လာပါတယ်။

အာဏာသိမ်းကောင်စီ GKChP အဖွဲ့ဝင်ခေါင်းဆောင်တွေအဖမ်းဆီးခံရပါတယ်။

ပြည်ထဲရေးဝန်ကြီးပူဂိုက သူ့မိန်းမနဲ့အတူ မအောင်မြင်တဲ့အာဏာသိမ်းမှုကြောင့် ကိုယ့်ဟာကိုယ်သတ်သေသွားပါတယ်။

အာဏာသိမ်းဝန်ကြီးချုပ်ပက်လော့ဗ်က သွေးဆောင့်တက်ပြီးတိုးလို့ဆေးရုံတင်ရပါတယ်။

ကျန်တဲ့သူတွေက ၄၈ နာရီအတွင်းဖမ်းဆီးထိန်းသိမ်းခံရပါတယ်။

အာဏာသိမ်းကာလမှာ အိမ်ဖြူတော်ကိုခုခံကာကွယ်ရင်းကျဆုံးခဲ့တဲ့ သူရဲကောင်းသုံးယောက်ကို လူထုကြီးပါဝင်တဲ့ဈာပနအခမ်းအနားကျင်းပခဲ့သလို အာဇာနည်သူရဲခေါင်း (၃) ယောက်ပုံနဲ့ တံဆိပ်ခေါင်းထုတ်ပြီး ဂုဏ်ပြုခဲ့ပါတယ်။

#စစ်အာဏာသိမ်းမှုမအောင်မြင်အောင်ဘာလို့လုပ်နိုင်ခဲ့တာလဲ❓

(၁) ရုရှားပြည်သူလူထုရဲ့အာဏာသိမ်းမှုကိုလုံးဝလက်မခံခြင်း။ ပြည်သူလူထုကမကြုံစဖူး KGB ကိုမကြောက်ပဲလမ်းပေါ်ထွက်ပြီးရုရှားအစိုးရရုံးအိမ်ဖြူတော်ကို ဝိုင်းဝန်းကာကွယ်ကြတာ။

တင့်ကားတွေ၊ သံချပ်ကာကားတွေတက်လာတာကိုသိသိကြီးနဲ့ လက်နက်မပါပဲကာကွယ်ကြတာ။

(၂) ရုရှားစစ်တပ်က လူစိတ်ရှိတာ။ ကိုယ့်ပြည်သူ (၃) ယောက်သွေးမြေကျသွားတာနဲ့ မတရားမှုကိုအထက်ကဘယ်လောက်အမိန့်ပေးပေးမလုပ်ပဲ ရပ်တန့်ပစ်လိုက်တာ။

သူတို့အထက်အမိန့်ကိုဖီဆန်ရင်သေဒဏ်အထိကျနိုင်တာသိတာပဲ။ ဒါပေမယ့်တစ်ယောက်ကစပြီးလူစိတ်ရှိပြတော့ အားလုံးလူစိတ်ပြန်ဝင်လာတာ။

(၃) ခေါင်းဆောင်ဖြစ်သူယဲ့စင်ဟာ အာဏာသိမ်းအဖွဲ့ကိုဖီဆန်ရင် ဆိုက်ဗေးရီးယားမှာ သေလောက်အာင်နှိပ်စက်ခံရနိုင်တာကို သိသိနဲ့ ရဲရဲဝံ့ဝံ့ဆန့်ကျင်တော်လှန်တာ။

အဲ့ဒီတော့ ပြည်သူလူထုဘက်ကအောင်မြင်ဖို့ …

ပြည်သူလူထုကအကြောက်တရားကင်းဖို့၊ မတရားတာမှန်သမျှကို အားလုံးညီညွတ်စွာတွန်းလှန်ဖို့ လိုပါတယ်။

ပုံထဲမှာကြည့်ပါ။ တင့်ကားထဲကစစ်သားကိုဆွဲထုတ်နေသူနဲ့ လက်နက်နဲ့စစ်သားကို မင်းတို့လက်နက်အားကိုးမလုပ်ဖို့ပြောနေသူနဲ့။

စစ်တပ်ဘက်မှာလည်းလူစိတ်ရှိသူတွေနဲ့ချိတ်မိဖို့လိုပါတယ်။ စစ်တပ်ကိုလည်းအပါဆွဲခေါ်နိုင်ဖို့စဉ်းစားရပါမယ်။

စစ်တပ်ကိုဆွဲခေါ်လို့မရရင်သွေးမြေကျပိုများပါမယ်။ လက်နက်ကိုင်တော်လှန်ရေးအထိရောက်သွားနိုင်ပါတယ်။

အဲ့ဒီလိုဆိုရင်ပြည်သူလူထုကပိုပြီးတောင့်ခံဖို့လိုသလို မိမိတို့အင်အားကိုပိုစုစည်းဖို့ပါတယ်။

ခေါင်းဆောင်တွေဘက်ကပြည်သူလူထုကို စုစည်းခေါင်းဆောင်နိုင်မယ့်လူကိုရွေးထုတ်ရပါမယ်။

တိုက်ပွဲမှာပြည်သူလူထုဘက်ကစိတ်ဓာတ်သာပါတယ်။

လက်နက်အားကိုးတဲ့ကောင်တွေက ပြိုကွဲဖို့လွယ်ပါတယ်။

ရန်သူအားလျော့ပြီးပြိုကွဲသွားအောင်နည်းမျိုးစုံနဲ့လုပ်နိုင်ရင်နိုင်ပါပြီ။

ရန်သူရပ်တည်နေရတဲ့ရိက္ခာနဲ့ငွေဟာ ပြည်သူလူထုဆီကလာတယ်ဆိုတာမမေ့ကြပါနဲ့။

#အာဏာသိမ်းတိုင်းအောင်မြင်တယ်မထင်ပါနဲ့။

ပြည်သူလူထုညီရင်အာဏာသိမ်းတဲ့သူတွေခွေးဖြစ်ပြီးဇာတ်သိမ်းမကောင်းပါ။


Spread the love
  •  
  •  
  •  
  •  
  •  
  •