၁၉ ကြိမ်မြောက်ထီဖွင့်ပွဲတွင် ဆုငွေ သိန်း ၁၅,၀၀၀ ခန့် လျော့နည်းမယ်

Spread the love
  •  
  •  
  •  
  •  
  •  
  •  

ထီလက်မှတ်များ ဖြန့်ချီရာ၌ ထီအက္ခရာသုံးလုံးလျှော့ပြီး အက္ခရာ ၃၇ လုံး လျှော့ချရောင်းချခြင်းကြောင့် (၁၉)ကြိမ်မြောက်ထီဖွင့်ပွဲတွင် ဆုငွေ ယခင်လထက် သိန်း ၁၅,၀၀၀ ခန့် လျော့နည်းမှာ ဖြစ်ပါတယ်။

အောင်ဘာလေသိန်းဆုဌာန သည် ပြီးခဲ့သည့် (၁၈)ကြိမ်မြောက်ထီဖွင့်ပွဲ၌ ဆုငွေကျပ် ၁၉,၆၃၆ သန်းခွဲဝေချီးမြှင့်ခဲ့ပြီး စက်တင်ဘာ ၁ ရက် တွင်ပြုလုပ်မည့် (၁၉)ကြိမ် မြောက်ထီဖွင့်ပွဲတွင် ကျပ် ၁၈,၁၆၃ သန်း ချီးမြှင့်မည်ဖြစ်၍ ယခင်လ ထက် ဆုငွေကျပ်သန်း ၁,၅၀၀ ခန့်လျှော့နည်းခဲ့ပါတယ်။

 

စက်တင်ဘာ ၁ ရက်ထီဖွင့်ပွဲ၌ ဆုကြီးများထဲမှ ကျပ်သိန်း ၂,၀၀၀ နှစ်ဆု၊ ကျပ်သိန်း ၁,၀၀၀ တစ်ဆု လျှော့ချထားသည်။ ထို့ အပြင် ဆုတစ်ဆု ချင်းစနစ်တွင် လည်း ကျပ်သိန်း ၅၀၀ ငါးဆု၊ ကျပ်သိန်း ၂၀၀ လေးဆု၊ ကျပ် သိန်း ၁၀၀ တစ်ဆု၊ ကျပ်သိန်း ၅၀ နှစ်ဆု၊ ကျပ်သိန်း ၂၀ ခြောက် ဆုနှင့် ကျပ် ၁၀ သိန်းဆု ၁၃ ဆု လျှော့ချခဲ့တာပါ။

ဝေဝေဆာဆာပဒေသာဆုမဲ စနစ်တွင် ကျပ်တစ်သိန်းဆု ၁,၀၀၀ ဆု၊ ကျပ်ငါးသောင်းဆု ၁၀,၀၀၀ ကို လည်းလျှော့ချမည်ဟု ကြေညာချက်တွင် ဖော်ပြထားပါတယ်။

 

 


Spread the love
  •  
  •  
  •  
  •  
  •  
  •