ဟင်္သာတက ကျပ်သိန်းတစ်သောင်းငါးထောင်ဆုရှင် ဆက်သွယ်လို့မရသေး

Spread the love
  •  
  •  
  •  
  •  
  •  
  •  

(၂၀)ကြိမ်မြောက် ကျပ်သိန်းတစ်သောင်းငါးထောင်ဆုရှ ဧရာ၀တီတိုင်းဒေသကြီး ဟင်္သာတမြို့ မှဆွတ်ခူး

 

နေပြည်တော်၊ အောက်တိုဘာ(၁)

(၂၀)ကြိမ်မြောက် အောင်ဘာလေသိန်းဆုဖွင့်ပွဲမှ ကျပ်သိန်းတစ်သောင်းငါးထောင်ဆုရှင် ဧရာ၀တီတိုင်းဒေသကြီးဟင်္သာတမြို့မှ ထွက်ပေါ်ခဲ့ပါသည်။
အဆိုပါ ကျပ်သိန်းတစ်သောင်းငါးထောင်ဆုကြီးကို လ ၉၁၄၂၃၇ ဟူသောပေါက်ဂဏန်းဖြင့် ဟင်္သာတမြို့တွင် နေထိုင်သူ ဦးတင်မောင်ညွန့်က ကံထူးသွားခြင်းဖြစ်ပါသည်။

 

လက်ရှိ ဦးတင်မောင်ညွန့်ကို ဆက်သွယ်လျက်ရှိပြီး ပေးခဲ့သည့်ဖုန်းနံပါတ်မှာ ဆက်သွယ်မရဖြစ်နေသည်ဟု သိရပါသည်။ ဦးတင်မောင်ညွန့်သည် ရွှေမြန်မာထီဆိုင်မှ တစ်ဆင့် ကိုယ်စားလှယ်ယူရောင်းသည့် ဟင်္သာတမြို့ရှိ မင်္ဂလာစွယ်တော်ထီဆိုင်မှ စက်တင်ဘာလ (၂၈) ရက်နေ့က (၉)မျိုး(၉)ဆောင်ထဲကမှ နှစ်ဆောင်ရွေးထိုးသွားရာမှ ထီပေါက်ခြင်းဖြစ်တယ်လို့ မင်္ဂလာစွယ်တော်ထီဆိုင်ပိုင်ရှင် ဒေါ်၀င်းမာအေးထံမှသိရပါသည်။

ထီပေါက်တဲ့ ကံထူးရှင်
ဖုန်းနံပတ် ၀၉ .၇၈၆၄၁၃၁၁၁ ကိုင်ဆောင်
ဦးတင်မောင်ညွှန့် သည်ဖုန်းမကိုင်ကြောင်းနှင့်
နှစ်စောင်တွဲမှပေါက်သွားခြင်းဖြစ်ကြောင်း
အဆိုပါ ဖုန်းနံပတ်သည် သုံးစွဲမှုမပြုသော
ဖုန်းနံပတ်ဖြစ်ကြောင်း
ကနဦးသတင်းရရှိပါတယ်။

Myint Soe (1.10.2020)


Spread the love
  •  
  •  
  •  
  •  
  •  
  •