၂၀၁၅ ခုနှစ်က ဇေကမ္ဘာဝင်းအတွင်း၌ ကွန်တိန်နာကားနှင့်အတူ စိတ်ကြွရူးသွပ်ဆေးပြား ၂၆.၇ သန်း ဖမ်းဆီးရမိမှုတွင် အဓိကထုတ်လုပ်သူ/ရောင်းဝယ်စီမံသူ တရားခံပြေး ဝမ်တာချိန်(၂၉)နှစ် နှင့် အဖွဲ့ကို ကွတ်ခိုင်မြို့နယ်တွင်  ဖမ်းဆီးရမိ

Spread the love
  •  
  •  
  •  
  •  
  •  
  •  

၂၀၁၅ ခုနှစ်က ဇေကမ္ဘာဝင်းအတွင်း၌ ကွန်တိန်နာကားနှင့်အတူ စိတ်ကြွရူးသွပ်ဆေးပြား ၂၆.၇ သန်း ဖမ်းဆီးရမိမှုတွင် အဓိကထုတ်လုပ်သူ/ရောင်းဝယ်စီမံသူ တရားခံပြေး ဝမ်တာချိန်(၂၉)နှစ် နှင့် အဖွဲ့ကို ကွတ်ခိုင်မြို့နယ်၊ လွယ်ခန်ဒေသတွင်  ဖမ်းဆီးရမိ

 

မူးယစ်ဆေးဝါး အမှုများမှ ကွင်းဆက်တရားခံပြေးများ ဖော်ထုတ်ဖမ်းဆီးလျက်ရှိ

နေပြည်တော်။  အောက်တိုဘာ ၃၁

ရှမ်းပြည်နယ်(မြောက်ပိုင်း)တွင် အထူးစစ်ဆင်ရေးများပြုလုပ်ပြီး မူးယစ်ဆေးဝါး တားဆီး နှိမ်နင်းရေး လုပ်ခဲ့ပါသည်၊ မူးယစ်ဆေးဝါး ဖမ်းဆီးမှုတိုင်းတွင် လတ်တလော တရားခံ မမိသေးသည့် ဖြစ်စဉ်များ တခါတရံ ရှိနိုင်ပါသည်၊ သို့သော် ရဲတပ်ဖွဲ့၏ တရားခံပြေးစာရင်းတွင် မည်သည့်အခါမျှ ပျောက်ပျက်မသွားဘဲ တချိန်ချိန်တွင် ဆက်စပ်ဖော်ထုတ် ဖမ်းဆီးရမိသည့် အခြေအနေများ ရှိပါသည်။

ယမန်နေ့က မင်္ဂလာဒုံမြို့နယ်၊ အမှတ်(၃)လမ်းမကြီးပေါ်တွင် စိတ်ကြွရူးသွပ်ဆေးပြား ၈၉ သိန်းနှင့်အတူ ဖမ်းဆီးရမိသည့်ယာဉ်ကို ရှမ်းပြည်နယ်မြောက်ပိုင်း နယ်မြေအတွင်း ကတည်းက ခြေရာခံမိခဲ့ပါသည်၊ အဓိကတရားခံနှင့် လွှဲပြောင်းလက်ခံလုပ်မည့် ကွင်းဆက်ရရှိရန် ရန်ကုန်အဝင်မှ ဖမ်းဆီးခြင်းဖြစ်ပါသည်၊ ၎င်းဆေးပြားများသည် ရန်ကုန်တွင် ခရီးမဆုံးနိုင်သေးပါ၊ ရန်ကုန်တွင် ထိန်းသိမ်းသိုလှောင် ပြင်ဆင်ထုပ်ပိုး၍ တစ်ဆင့်ဆက်ပို့မည့်အခြေအနေများ ရှိသဖြင့် အခြားနေရာများရှိ  ကွင်းဆက်တရားခံများကို ဖော်ထုတ်ရန် ရှိနေပါသည်၊ သို့ဖြစ်၍ အချို့တရားခံ အမည်/နေရပ်များ မဖော်ပြခြင်းသာ ဖြစ်ပါသည်။

၂၀၁၅ ခုနှစ်၊ ဇူလိုင်လအတွင်း ရန်ကုန်မြို့၊ ဇေကမ္ဘာဝင်းအတွင်း၌ ကွန်တိန်နာကားနှင့်အတူ စိတ်ကြွရူးသွပ်ဆေးပြား ၂၆.၇ သန်း ဖမ်းဆီးရမိမှုတွင် ၎င်းအချိန်ကတည်းက သယ်ဆောင်သူနှင့် ဆက်စပ်သူ ၈ ဦးကို  ဖမ်းဆီးရမိပြီး ဥပဒေနှင့်အညီ အရေးယူခဲ့ပါသည်၊ ၎င်းမူးယစ်ဆေးဝါးများ၏ အဓိကထုတ်လုပ်သူ/ရောင်းဝယ်စီမံသူ တရားခံပြေး ဝမ်တာချိန်(၂၉)နှစ် နှင့် အဖွဲ့ကို ကွတ်ခိုင်မြို့နယ်၊ လွယ်ခန်ဒေသ၊ အထူးစစ်ဆင်ရေးတွင် ၂၀၂၀ ပြည့်နှစ် ဩဂုတ်လ ၁၅ ရက်က ဖမ်းဆီးရမိခဲ့ပြီးဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Source – CCDAC Myanmar


Spread the love
  •  
  •  
  •  
  •  
  •  
  •