၂၀၁၉ခုနှစ် ကြားဖြတ်လူဉီးရေသန်းခေါင်စာရင်း ရှေ့ပြေးရလဒ်အရ လူဦးရေ ၅၄သန်း ၇သိန်း ​​ ​ေကျာ်ရှိ အမျိုးသမီး ၁၀၀ ဦးမှာ ၊ အမျိုးသား ၈၈ ဦးနှုန်းအထိကျဆင်း

Spread the love
  •  
  •  
  •  
  •  
  •  
  •  

 

၂၀၁၉ခုနှစ် ကြားဖြတ်လူဉီးရေသန်းခေါင်စာရင်းရှေ့ပြေးရလဒ်ထုတ်ပြန်၊လူဦးရေအချိုး အမျိုးသမီး ၁၀၀ ဦးမှာ ၊ အမျိုးသား ၈၈ ဦးနှုန်းအထိ ကျဆင်း

၂၀၁၉ခုနှစ် ကြားဖြတ်လူဉီးရေသန်းခေါင်စာရင်းရှေ့ပြေးရလဒ်ထုတ်ပြန်ခြင်း အခမ်းအနားကို အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ၂၀၂၀ ပြည့်နှစ် သြဂုတ်လ ၃၁ ရက်နေ့တွင် ကျင်းပပြုလုပ်ခဲ့ပါသည်။

 

အခမ်းအနားတွင် အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဉီးမြင့်ကြိုင်မှ အဖွင့်အမှာစကားပြောကြားခဲ့ပါသည်။

ဆက်လက်၍ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂလူဉီးရေရန်ပုံငွေအဖွဲ့ (UNFPA)  ကိုယ်စားလှယ်က အမှာစကားပြောကြားခဲ့ပါသည်။ ထို့နောက် ပြည်သူ့အင်အားဉီးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဉီးဝင်းဇော်အောင်မှ “၂၀၁၉ ခုနှစ် ကြားဖြတ်လူဉီးရေသန်းခေါင်စာရင်းလုပ်ငန်းစဉ်” အား ရှင်းလင်းတင်ပြပြီး ညွန်ကြားရေးမှူး ဒေါက်တာခိုင်ခိုင်စိုးမှ “၂၀၁၉ ခုနှစ် ကြားဖြတ်လူဉီးရေသန်းခေါင်စာရင်းရလဒ်” အား ရှင်းတင်ပြ၍ အခမ်းအနားကို ရုပ်သိမ်းခဲ့ပါသည်။

 

 

မြန်မာနိုင်ငံမှာ ၁၉၈၃ ခုနှစ်က ကောက်ယူခဲ့တဲ့ လူဦးရေသန်းခေါင်းစာရင်းအရ အမျိုးသမီး ၁၀၀ ဦးမှာ အမျိုးသား ၉၈ ဦးနှုန်းရှိပြီး ပြီးခဲ့တဲ့ ၂၀၁၄ ခုနှစ်လူ ဦးရေသန်းခေါင်းစာရင်း အရတော့ အမျိုးသမီး ၁၀၀ ဦးမှာ အမျိုးသား ၉၃ ဦးနှုန်းနဲ့ ကျဆင်းသွားခဲ့ပါတယ်။

အခု ၂၀၁၉ ကြားဖြတ်သန်းခေါင်းစာရင်းမှာတော့ အမျိုးသမီး ၁၀၀ ဦးမှာ ၊ အမျိုးသား ၈၈ ဦးနှုန်းအထိဆက်လက် ကျဆင်းခဲ့ တာဖြစ်ပါတယ်။

 

 

 

“၂၀၁၉ ခုနှစ် ကြားဖြတ်လူဉီးရေသန်းခေါင်စာရင်းလုပ်ငန်းစဉ်” နှင့်  “၂၀၁၉ ခုနှစ် ကြားဖြတ်လူဉီးရေသန်းခေါင်စာရင်းရလဒ်” pdf file များကို အောက်ဖော်ပြပါ link များတွင် ဝင်ရောက်ကြည့်ရှုနိုင်ပါသည်-


Spread the love
  •  
  •  
  •  
  •  
  •  
  •