၂၀၁၉ ခုနှစ်အတွက် စာပေဗိမာန်စာမူဆုများ ထုတ်ပြန်ကြေညာ

Spread the love
  •  
  •  
  •  
  •  
  •  
  •  

၂၀၁၉ ခုနှစ်အတွက် စာပေဗိမာန်စာမူဆုများ ထုတ်ပြန်ကြေညာ

ပြန်ကြားရေးဝန်ကြီးဌာန ပုံနှိပ်ရေးနှင့်ထုတ်ဝေရေးဦးစီးဌာန စာပေဗိမာန်က ကြီးမှူးကျင်းပသည့် ၂၀၁၉ ခုနှစ်အတွက် စာပေဗိမာန်စာမူဆုပြိုင်ပွဲတွင် ဆုရရှိသော စာမူများနှင့် စာရေးဆရာများ၏ အမည်စာရင်းကို စာပေဗိမာန် စာမူဆု စိစစ်ရွေးချယ်ရေးအဖွဲ့က ဒီဇင်ဘာ ၄ ရက်တွင် ထုတ်ပြန်ကြေညာသည်။

🔺ဝတ္ထုရှည်ဆု
ပထမဆု – နွေကံ့ကော်(မြို့လှ)၏ “မော်စကိုမှာဝေတဲ့ နှင်း”
ဒုတိယဆု – မောင်အင်း(ဥက္ကံ)၏ “သဲရေစစ်”
တတိယဆု – သဉ္ဇာလှိုင်(လားရှိုး)၏ “နေထိပန်းနွမ်းသော်လည်း”

🔺ဝတ္ထုတိုပေါင်းချုပ်ဆု
ပထမဆု – နန္ဒာခင် (သက္ကလမြေ)၏ “အဖေ့ခြံနှင့် အခြားရသ ဝတ္ထုတိုပေါင်းချုပ်”
ဒုတိယဆု – သက်သက်နွယ်၏ “လမင်းစန္ဒာလင်းပါစေနှင့် အခြားဝတ္ထုတိုများ”
တတိယဆု – သောင်းမြင့်ဦး(ကွမ်းခြံကုန်း)၏ “နားဝင် ပီယံခလောက်သံနှင့် အခြားဝတ္ထုတိုများ”

🔺ကဗျာပေါင်းချုပ်ဆု
ပထမဆု – ယဉ်ယဉ်(မင်းကန်)၏ “မနွမ်းပန်းခင်း ကဗျာများ”
ဒုတိယဆု – ချစ်စုအောင်၏ “မုဒိတာရင်ခွင်ကဗျာ

🔺သုတပဒေသာ (ဝိဇ္ဇာ)ဆု
ပထမဆု – ရဲမင်းထက် (မြန်မာစာ)၏ “ဇာတက နောက်ခံ ရခိုင်သားခြင်းများ၏ အပြောက်အမွမ်း”
ဒုတိယဆု – လှိုင်းနန္ဒာ (တမာမြေ)၏ “မိုင်းပွန်အာဇာနည် စစ်တမ်းရှာပုံတော်”

🔺သုတပဒေသာ (ရိုးရိုးသိပ္ပံနှင့် အသုံးချသိပ္ပံ) ဆု
ပထမဆု – ‌ဒေါက်တာ ဆုမွန်လွင်၏ “ကြောင်ချစ်သူများ သိမှတ်ဖွယ်ရာ ဗဟုသုတ အဖြာဖြာ”
ဒုတိယဆု – မောင်အောင်၏ “နို့နှင့်နို့ထွက်ပစ္စည်း လက်တွေ့ထုတ်လုပ်နည်းများ”

🔺စာပဒေသာဆု
ပထမဆု – ဦးရဲ‌ဒွေး၏ “ရုပ်သေးသဘင်သုံး ဇာတ်စာ ဇာတ်စကားများ”
ဒုတိယဆု – ကိုညိုကြီး၏ “မြောက်ကျောင်းသားကြီး ခရီးဝင်္ကပါ”
တတိယဆု – တင့်ထွန်း (ချောက်)၏ “အကြီးတော်

🔺မြန်မာ့ယဉ်ကျေးမှုနှင့် အနုပညာဆိုင်ရာစာပေဆု
ပထမဆု – လွင်မြန်မာ (မန်းတက္ကသိုလ်)၏ “မြန်မာ့ရွှေချည်ထိုး”
ဒုတိယဆု – မိုးမြင့်ဝင်း(မဟာဝိဇ္ဇာ)၏ “မဟာဂီတတွင် ဖွဲ့ဆိုခဲ့သော မင်းခမ်းတော်များ”
တတိယဆု – မင်းဗေဒါ (ပွင့်ဖြူ)၏ “စာရွက်ပေါ်မှာ ရုပ်ရှင်ရိုက်ခြင်း(ရုပ်ရှင် ဇာတ်ညွှန်းအနုပညာလေ့လာချက်)”

🔺ကလေးစာပေဆု
ပထမဆု – ကန့်ဘလူခင်မောင်ဆွေ၏ “စက္ကူကျားနှင့်ရွှံ့ရုပ်နွားကလေး ကဗျာများ”
ဒုတိယဆု – ကိုထွန်းရင်(အဏ္ဏဝါ)၏ “စက္ကူလှေကလေးလွှတ်ကြမယ် ကလေးကဗျာများ”
တတိယဆု – ထက်ဝေအောင် (စစ်ကိုင်း)၏ “ပန်းတိုင်း ပွင့်ခွင့်ရှိပါသည်နှင့် အခြားကလေးဝတ္ထုတိုများ”

🔺လူငယ်စာပေဆု
ပထမဆု – ရန်ကုန်ဌေးဇော်၏ “အသက်ရှည်ပါ ရေ”
ဒုတိယဆု – အေပရယ်ယုနိုင် (ရွှေတောင်)၏ “မမဆိုသော သမီးကြီး”
တတိယဆု – ကိုရွှေရင်အေး၏ “ရွာကြီးတစ်ရွာသို့ အလည်တစ်ခေါက်”

🔺နိုင်ငံရေးစာပေဆု
ဒုတိယဆု – ဇွဲသန်းသျှင်း (သုံးဆယ်)၏ “ကချင်ပြည်နယ်တိုင်းရင်းသားများ၏ မြန်မာ့လွတ်လပ်ရေးကြိုးပမ်းမှုသမိုင်း”

🔺ပြဇာတ်စာပေဆု
ဒုတိယဆု – မောင်မြေနီ (တမာတော)၏ “တစ်နေ့နေ့ထဲက တစ်နေ့”
တတိယဆု – ရွှေရင်းမာ၏ “ပျူသွေးစာမူများ”

🔺ဘာသာပြန်စာပေ (သုတ) ဆု
ပထမဆု – ဒီပံလင်း ၏ “နောက်ဆုံးကျန်သော ရေတစ်စက် – ရေနိုင်ငံရေး”

🔺ဘာသာပြန်စာပေ (ရသ) ဆု
ပထမဆု – ဇော်ဦးငြိမ်း၏ “ဗွီအက်(စ်)နိုင်ပေါလ်၊ စိတ်ကူးရောင်စုံဝတ္ထုတိုများ စုစည်းမှု”

စာပေဗိမာန်စာမူဆုများကို ပထမဆုငွေကျပ် (၁၀)သိန်း၊ ဒုတိယဆု ငွေကျပ် ခုနစ်သိန်း၊ တတိယဆုငွေကျပ် ငါးသိန်း ချီးမြှင့်သွားမည်ဖြစ်ကြောင်း သိရသည်။

စာပေဗိမာန်စာမူဆု စိစစ်ရွေးချယ်ရေးအဖွဲ့ကို စာပေပညာရှင်၊ အသိပညာရှင်၊ အတတ်ပညာရှင်များနှင့် ပုံနှိပ်ရေးနှင့် စာအုပ်ထုတ်ဝေရေးလောကမှ အတွေ့အကြုံရှိသူများ ပါဝင်သော ပုဂ္ဂိုလ် ၂၇ ဦးဖြင့် ဖွဲ့စည်းထားပြီး ၂၀၁၉ ခုနှစ်အတွက် ပြိုင်ပွဲသို့ တင်သွင်းလာသော စာမူ ၂၈၇ စောင်ကို သက်ဆိုင်ရာ ဘာသာရပ်အလိုက်ခွဲခြားပြီး ပဏာမအဆင့်၊ ဆန်ခါတင်အဆင့်၊ အတည်ပြု အဆင့်ဟူသော အဆင့် သုံးဆင့်ဖြင့် စနစ်တကျစိစစ်ရွေးချယ်ခဲ့ကြသည်။

ဆုရရှိသူများသည် ရန်ကုန်မြို့ အမှတ် ၅၂၉- ၅၃၁၊ ကုန်သည်လမ်း စာပေဗိမာန်ရှိ စာပေဆုများ အုပ်ချုပ်ထောက်ပံ့မှုကော်မတီ ဖုန်း ၀၁- ၃၈၁၄၄၉ သို့ အမြန်ဆုံးဆက်သွယ်ကြရန်နှင့် (၅ x ၈) လက်မ ရောင်စုံဓာတ်ပုံနှစ်ပုံနှင့် ပတ်စပို့အရွယ် ရောင်စုံဓာတ်ပုံနှစ်ပုံစီကို ကိုယ်ရေးရာဇဝင် အကျဉ်းချုပ်နှင့်အတူ (ကြေညာသည့်ရက်မှ တစ်ပတ်အတွင်း) ပေးပို့ရန် နှိုး‌ဆော်ထားကြောင်း သိရ သည်။

ကိုဗစ်-၁၉ ရောဂါထိန်းချုပ်သည့်ကာလ ဖြစ်သဖြင့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ညွှန်ကြားချက်များနှင့်အညီ ၂၀၁၉ ခုနှစ်အတွက် စာပေဗိမာန်စာမူဆု ချီးမြှင့်ပွဲအခမ်းအနားကို ရန်ကုန်မြို့တွင်ါကျင်းပမည် ဖြစ်ပြီး အခမ်းအနားကျင်းပမည့် ရက်နှင့်နေရာကို ထပ်မံအသိပေးကြေညာမည်သည်။

MOI
#TheMandalayNewsJournal


Spread the love
  •  
  •  
  •  
  •  
  •  
  •